YBS 75 ယာဉ်လိုင်းကို လမ်းကြောင်း တိုးချဲ့ပြေးဆွဲနေ

 705

မေဥဩ (NP-News) - ဇွန် - ၂၁

ခရီးသည် စီးနင်းမှု များပြားသော YBS 75 ယာဉ်လိုင်း ကို ဇွန်လ ၂၀ ရက်က စတင်ကာ လမ်းကြောင်း တိုးချဲ့ပြေးဆွဲနေကြောင်း ခေတ်သစ်ဘုရင့်နောင်အများပိုင်ကုမ္ပဏီလီမိတက် မှ သိရသည်။
အဆိုပါ ယာဉ်လိုင်းအနေဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားကြီးဂိတ်မှတ်တိုင်မှ ဂိတ်စအဖြစ် ပြေးဆွဲရာမှ ဇွန်လ ၂ဝ ရက်က စတင်ကာ ပင်လုံအိမ်ယာ မှ ဂိတ်စ အဖြစ် စတင် ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြောက်ဒဂုံ(ပင်လုံအိမ်ရာ) - ဘုရင့်နောင်လမ်း - ပင်လုံစီးတီးမော်လ် - ဆရာစံလမ်း - ပင်လုံဆေးရုံ - တံတားထိပ်(ပြည်ထောင်စုလမ်း) - တောင်/ မြောက်လမ်းဆုံ - ငမိုးရိပ်(ကားကြီးဂိတ်) - သွားဆေးတက္ကသိုလ် - သုဝဏ္ဏလမ်းဆုံ - ကြက်ဘဲဈေး - အာသောက - တာမွေအ၀ိုင်း - ရွှေဂုံတိုင် - မြေနီကုန်း - ဗားကရာလမ်း - ကြည့်မြင်တိုင်ဘူတာ - ကြည့်မြင်တိုင်(ညစျေး)အထိ တိုးချဲ့ပြေးဆွဲပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နေ့စဉ်သွားလာရေးအတွက် YBS ယာဉ်များကို အဓိကအားကိုးနေကြရကာ နေ့စဉ် ခရီးသည် (၁)သန်းခွဲနီးပါးကို ယာဉ်အစီးရေ (၃,၀၀၀)ကျော်ဖြင့် နေ့စဉ် ပို့ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မေဥဩ (NP-News) - ဇွန် - ၂၁
ထို့ကြောင့် မြောက်ဒဂုံ(ပင်လုံအိမ်ရာ) - ဘုရင့်နောင်လမ်း - ပင်လုံစီးတီးမော်လ် - ဆရာစံလမ်း - ပင်လုံဆေးရုံ - တံတားထိပ်(ပြည်ထောင်စုလမ်း) - တောင်/ မြောက်လမ်းဆုံ - ငမိုးရိပ်(ကားကြီးဂိတ်) - သွားဆေးတက္ကသိုလ် - သုဝဏ္ဏလမ်းဆုံ - ကြက်ဘဲဈေး - အာသောက - တာမွေအ၀ိုင်း - ရွှေဂုံတိုင် - မြေနီကုန်း - ဗားကရာလမ်း - ကြည့်မြင်တိုင်ဘူတာ - ကြည့်မြင်တိုင်(ညဈေး)အထိ တိုးချဲ့ပြေးဆွဲပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Related news

© 2021. All rights reserved.