အမှတ်(၁)အထည် စက်ရုံ (ရွှေတောင်) ၏ မြေ(၂၅၈) တွင် Agro-based Textile industrial Complex တည်ဆောက်မည်

702

အမရာဟန် (NP News) - ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) ၏ မြေ(၂၅၈) တွင် Agro-based Textile industrial Complex တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံက သိရသည်။
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) ၏ မြေ(၂၅၈)၌ Agro-based Textile industrial Complex စီမံကိန်းတည်ဆောက်ရန်အတွက် မိမိအစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံ တည်ဆောက်လိုသူ (Developer) အဖြစ် အဆိုပြုလွှာတင်သွင်းရန် ဝန်ကြီးဌာနက တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
တင်ဒါအဆိုပြုလွှာတင်သွင်းမည့် မိမိအစီအစဉ် ရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်းတည်ဆောက် အကောင်အထည်ဖော်လိုသူအနေဖြင့် ယင်းမြေဖော်တွင် စီမံကိန်းကို အဆင့် ၃ ဆင့်ဖြင့် အကောင် အထည်ဖော်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် အဆင့်တစ် အဖြစ် အထည်အလိပ်ဆိုင်ရာသင်တန်းကျောင်းများ၊ စက်မှုဇုန်အစည်းအဝေးခန်းမ၊ ထုတ်ကုန်ပစ္စည်းပြခန်း ဓါတ်ခွဲခန်းများ၊ အဆင့် နှစ် အဖြစ် အဖြူချွတ်၊ ဆေးဆိုး၊ ပန်းရိုက် စက်ရုံများ နှင့် အဆင့် သုံး အဖြစ် ချည်မျှင်စက်ရုံများ ရက်ကန်းစက်ရုံများ၊ သိုလှောင်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေးဌာန၊ စက်မှုဇုန်စီမံခန့်ခွဲရေး απιδωτής Fire Fighting System αμματ Industrial Solid Waste Management: Recreation Center ၊ သင်တန်းသား/ ဝန်ထမ်းအဆောင်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါအဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသည့် တင်ပြစား ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ စိမ်းဌာန၊ ရုံးအမှတ်(၃၇) သို့ သွားရောက်ဝယ်ယူတင်သွင်းနိုင်ကြောင်း သိရသည်။

Zawgyi Version:
အမွတ္(၁)အထည္ စက္႐ုံ (ေ႐ႊေတာင္) ၏ ေျမ(၂၅၈) တြင္ Agro-based Textile industrial Complex တည္ေဆာက္မည္
အမရာဟန္ (NP News) - ဇြန္ ၂၁
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္၊ ေ႐ႊေတာင္ၿမိဳ႕ရွိ အမွတ္(၁)အထည္စက္႐ုံ (ေ႐ႊေတာင္) ၏ ေျမ(၂၅၈) တြင္ Agro-based Textile industrial Complex တည္ေဆာက္မည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးဌာနထံက သိရသည္။
အမွတ္(၃)အႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္(၁)အထည္စက္႐ုံ(ေ႐ႊေတာင္) ၏ ေျမ(၂၅၈)၌ Agro-based Textile industrial Complex စီမံကိန္းတည္ေဆာက္ရန္အတြက္ မိမိအစီအစဥ္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံ တည္ေဆာက္လိုသူ (Developer) အျဖစ္ အဆိုျပဳလႊာတင္သြင္းရန္ ဝန္ႀကီးဌာနက တင္ဒါ ေခၚယူသြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။
တင္ဒါအဆိုျပဳလႊာတင္သြင္းမည့္ မိမိအစီအစဥ္ ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ စီမံကိန္းတည္ေဆာက္ အေကာင္အထည္ေဖာ္လိုသူအေနျဖင့္ ယင္းေျမေဖာ္တြင္ စီမံကိန္းကို အဆင့္ ၃ ဆင့္ျဖင့္ အေကာင္ အထည္ေဖာ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းသို႔ ေဆာင္႐ြက္ရာတြင္ အဆင့္တစ္ အျဖစ္ အထည္အလိပ္ဆိုင္ရာသင္တန္းေက်ာင္းမ်ား၊ စက္မႈဇုန္အစည္းအေဝးခန္းမ၊ ထုတ္ကုန္ပစၥည္းျပခန္း ဓါတ္ခြဲခန္းမ်ား၊ အဆင့္ ႏွစ္ အျဖစ္ အျဖဴခြၽတ္၊ ေဆးဆိုး၊ ပန္း႐ိုက္ စက္႐ုံမ်ား ႏွင့္ အဆင့္ သုံး အျဖစ္ ခ်ည္မွ်င္စက္႐ုံမ်ား ရက္ကန္းစက္႐ုံမ်ား၊ သိုေလွာင္႐ုံမ်ား၊ ေထာက္ပံ့ပို႔ေဆာင္ေရးဌာန၊ စက္မႈဇုန္စီမံခန႔္ခြဲေရး απιδωτής Fire Fighting System αμματ Industrial Solid Waste Management: Recreation Center ၊ သင္တန္းသား/ ဝန္ထမ္းအေဆာင္မ်ားကို အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
တင္ဒါအဆိုျပဳလႊာပုံစံႏွင့္ အျခားသက္ဆိုင္ရာစာ႐ြက္စာတမ္းမ်ားကို လုပ္ငန္းေဆာင္႐ြက္ရန္ စိတ္ဝင္စားေၾကာင္း ေဖာ္ျပသည့္ တင္ျပစား ကုမၸဏီဆိုင္ရာအေထာက္အထားမ်ားႏွင့္ သက္တမ္းရွိ ကုမၸဏီမွတ္ပုံတင္ တင္ျပ၍ စက္မႈဝန္ႀကီးဌာန၊ အမွတ္(၃) အႀကီးစားစက္မႈလုပ္ငန္း၊ စိမ္းဌာန၊ ႐ုံးအမွတ္(၃၇) သို႔ သြားေရာက္ဝယ္ယူတင္သြင္းႏိုင္ေၾကာင္း သိရသည္။