အင်ဒိုနီးရှား Long Beach မှာ အသက်ကယ်အကျီ ချွတ်ပြီး ရေကူးခဲ့တဲ့ တရုတ်အမျိုးသမီး ရေနစ်သေဆုံး

52

ရောင်နီ (NP News) - ဇွန် ၂၂
အင်ဒိုနီးရှား၊ အနောက်မန်ဂါရိုင်၊ Long Beach မှာ အသက်ကယ် အင်္ကျီဝတ်ဖို့ လုံခြုံရေးရဲ့အကြံပေးချက်ကို လျစ်လျူရှုပြီး ရေကူးခဲ့တဲ့ တရုတ်ခရီးသွားအမျိုးသမီး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန်လ ၁၈ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကွယ်လွန်သူဟာ အသက် ၃၀ နှစ်အရွယ် မစ္စကျူရန်လို့ အမည်ရတဲ့အမျိုးသမီးဖြစ်တယ်လို့ ပြည်တွင်းမီဒီယာ တွေက ဆိုပါတယ်။ အနောက်တန်ဂေါင်ရာ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ မစ္စကျူဟာ သူမကို လမ်းပြက အသက်ကယ်အင်္ကျီ ဝတ်ဆင်ဖို့ သတိပေးခဲ့ပေမယ့် သူမက ငြင်းဆန်ပြီး ပင်လယ်ထဲ ဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၀ မိနစ် မှာတော့ သူမဟာ ရေနစ်နေခဲ့ပြီး အချိန်မီကယ်ဆယ်ခဲ့ပေမယ့် သတိလစ်ကာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှား Long Beach ကမ်းခြေဟာ နူဆတန်ဂိုင်ရာပြည်နယ်၊ Komodo National သဘာဝဥယျာဉ်မှာ တည်ရှိပြီး ကြမ်းတမ်းတဲ့ သဘာဝအလှနဲ့ နာမည်ကြီး ရေငုပ်နေရာအဖြစ် နာမည်ကျော်တာကြောင့် ခရီးသွား အလည်အပတ် လာရောက်သူများပါတယ်။ Long Beach မှာရှိတဲ့ ဖိုရာမီနီဖာရာ အမည်ရှိ အနီရောင် အဏ္ဏဝါ အဏုကြည့်သက်ရှိကြောင့်ဖြစ်တဲ့ ပန်းရောင်သဲဟာလည်း နာမည်ကျော်ကြားပါတယ်။

Zawgyi Version:
အင္ဒိုနီးရွား Long Beach မွာ အသက္ကယ္အက်ီ ခြၽတ္ၿပီး ေရကူးခဲ့တဲ့ တ႐ုတ္အမ်ိဳးသမီး ေရနစ္ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂၂
အင္ဒိုနီးရွား၊ အေနာက္မန္ဂါ႐ိုင္၊ Long Beach မွာ အသက္ကယ္ အက်ႌဝတ္ဖို႔ လုံၿခဳံေရးရဲ႕အႀကံေပးခ်က္ကို လ်စ္လ်ဴရႈၿပီး ေရကူးခဲ့တဲ့ တ႐ုတ္ခရီးသြားအမ်ိဳးသမီး ေရနစ္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ဇြန္လ ၁၈ ရက္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
ကြယ္လြန္သူဟာ အသက္ ၃၀ ႏွစ္အ႐ြယ္ မစၥက်ဴရန္လို႔ အမည္ရတဲ့အမ်ိဳးသမီးျဖစ္တယ္လို႔ ျပည္တြင္းမီဒီယာ ေတြက ဆိုပါတယ္။ အေနာက္တန္ေဂါင္ရာ ရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္အရ မစၥက်ဴဟာ သူမကို လမ္းျပက အသက္ကယ္အက်ႌ ဝတ္ဆင္ဖို႔ သတိေပးခဲ့ေပမယ့္ သူမက ျငင္းဆန္ၿပီး ပင္လယ္ထဲ ဆင္းခဲ့တယ္လို႔ ဆိုပါတယ္။ ေဒသစံေတာ္ခ်ိန္ နံနက္ ၉ နာရီ ၃၀ မိနစ္ မွာေတာ့ သူမဟာ ေရနစ္ေနခဲ့ၿပီး အခ်ိန္မီကယ္ဆယ္ခဲ့ေပမယ့္ သတိလစ္ကာ ကြယ္လြန္ခဲ့တယ္လို႔ သိရပါတယ္။
အင္ဒိုနီးရွား Long Beach ကမ္းေျခဟာ ႏူဆတန္ဂိုင္ရာျပည္နယ္၊ Komodo National သဘာဝဥယ်ာဥ္မွာ တည္ရွိၿပီး ၾကမ္းတမ္းတဲ့ သဘာဝအလွနဲ႔ နာမည္ႀကီး ေရငုပ္ေနရာအျဖစ္ နာမည္ေက်ာ္တာေၾကာင့္ ခရီးသြား အလည္အပတ္ လာေရာက္သူမ်ားပါတယ္။ Long Beach မွာရွိတဲ့ ဖိုရာမီနီဖာရာ အမည္ရွိ အနီေရာင္ အဏၰဝါ အဏုၾကည့္သက္ရွိေၾကာင့္ျဖစ္တဲ့ ပန္းေရာင္သဲဟာလည္း နာမည္ေက်ာ္ၾကားပါတယ္။