အလောင်းများပေါ်လာသည့် ဖားကန့်သင်္ချိုင်းကိစ္စ KIA ၏ လက်ချက်ဖြစ်ကြောင်း ဒေသခံများပြော

 727

သက်ပိုင် (NP News) - ဇွန်လ ၂၁

ဖားကန့်မြို့နယ် လုံးခင်းဒေသတွင် အ လောင်းများပေါ်သည့်အထိ မြေတူးသောကိစ္စမှာ KIA တပ်မဟာ (၉)၏ စနက်ဖြစ်ကြောင်း ဒေသခံများထံ NP News ဂျာနယ်က မေးမြန်းစုံ စမ်းထားသော အချက်အလက်များအရ သိရသည်။
လုံးခင်းကျေးရွာနှင့် မှော်စီစာ ကျေးရွာနှစ်ရွာ အကြားရှိ လုံးခင်းသင်္ချိုင်းမြေကို (၂၀၂၅)ခုနှစ် ဇန်နဝါရီလမှစတင်ကာ တူးဖော်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်စစ်ကြောင်းများဝင်ရောက်လာသည့် ဇွန်လ(၁)ရက်ရောက်မှသာ တူးဖော်မှုကို ရပ်တန့်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယင်းဒေသတွင် မိုးရွာသော ကြောင့် မြေသားများပဲ့ကျကာ အလောင်းများ ပေါ်နေ သည့် ဓာတ်ပုံမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပြီးခဲ့သော ရက်ပိုင်းက ပျံ့နှံ့ခဲ့သည်။
" KIA တပ်မဟာ(၉) အတွက် ရန်ပုံငွေဆိုပြီးတူးကြတာ။ အဲဒီကထွက်လာတဲ့ မြေတွေကို ကားတွေနဲ့သယ်ပြီးတော့ လုံးခင်းနဲ့ ချောင်းဆုံကြား မှာရှိတဲ့ ကောင်းပြည့်ဆီဆိုင်နားမှာ မျှောစင်တွေ ထောင်ပြီး ရွှေနဲ့ကျောက်တွေကို မျှောချတယ်။ တပ်မတော်က လုံးခင်းကိုရောက်တဲ့ အချိန်မှ သူတို့ကရပ် ထားတာ " ဟု အမည်မဖော်လို သူ ဖားကန့်ဒေသခံတစ်ဦးကဆိုသည်။ သင်္ချိုင်း မြေကို တူးဖော်ခြင်းဖြစ်သည့်အတွက် ယခုအခါ အနီးအနားတွင် အပုပ်နံ့ရခြင်းများလည်း ဖြစ်နေ ကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
" သူတို့က ရပ်မိရပ်ဖဆိုတဲ့လူတွေနဲ့ ပေါင်းပြီး လုပ်စားကြတာ။သူတို့ တူးချင်သလိုတူးပြီး ထားခဲ့တော့ မိုးရွာလို့မိုးများတာနဲ့ အလောင်းတွေ အကုန်ပေါ်ကုန်တယ်။ လမ်းဘေးကြီးဖြစ်နေတော့ အမြင် မတင့်တယ်ဘူးပေါ့ဗျာ။ နောက်ပြီး အဲဒီအ နားကအိမ်တွေဆိုရင် တစ်ချက်တစ်ချက် အပုပ်နံ့ တွေရတယ်လို့ သိရတယ်" ဟု ၎င်းကပြောသည်။
KIA အဖွဲ့အနေဖြင့် ထိုသို့တူးဖော်မှု များ ပြုလုပ်သည်သာမကပဲ သင်္ချိုင်းမြေနှင့် ဆက်စပ်နေသော လုံးခင်းဆေးရုံပိုင်မြေများကို လည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံသို့ ရောင်းချကာ ယင်းနေရာတွင် စင်တင်စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့ပါ ဖွင့်လှစ်ထား ကြောင်းကိုလည်း ဒေသခံများထံမှ သိရသည်။
KIA၊ KIO ထိပ်ပိုင်းခေါင်းဆောင်များ နှင့် နီးစပ်သူများက ဖားကန့်တွင် ၎င်းတို့၏အကျိုးအတွက် လက်ဝါးကြီးအုပ် ခြယ်လှယ်သည် သာမက ဒေသ တွင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များကို လည်း ၎င်းတို့နှင့် ပနံသင့်သောသူများကိုသာ ရွေးချယ်ခန့်ထားခြင်းများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိကျောင်းသား၊ ကျောင်းသူ (၆၀ဝ)ကျော်ပညာ သင်ယူနေသော မဇွပ်ယန်စာသင်ကျောင်းနေရာတွင် ကျောက်စိမ်း တူးရန် KIO နှင့် ကုမ္ပဏီ(၂)ခုပူးပေါင်းကာ ဆောင် ရွက်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
အလားတူ ပြီးခဲ့သည့်ကာလကလည်း KIO နှင့် အကျိုးတူကုမ္ပဏီတို့ပူးပေါင်းကာ ကျောက်စိမ်းတူးဖော်မှုများ လုပ်ဆောင်ခဲ့သည့်အ တွက် ဖားကန့်မြို့နယ်အတွင်းရှိ စဗျိခူးကျေးရွာနှင့် ကုဋေကျေးရွာအပါအဝင် တာမခန်ကျေးရွာစာသင် ကျောင်း အစရှာမရသည်အထိ ပျောက်သွားခဲ့ရ သည့် သာဓကများရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
အေလာင္းမ်ားေပၚလာသည့္ ဖားကန႔္သခ်ႋဳင္းကိစၥ KIA ၏ လက္ခ်က္ျဖစ္ေၾကာင္း ေဒသခံမ်ားေျပာ
သက္ပိုင္ (NP News) - ဇြန္လ ၂၁

ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေဒသတြင္ အ ေလာင္းမ်ားေပၚသည့္အထိ ေျမတူးေသာကိစၥမွာ KIA တပ္မဟာ (၉)၏ စနက္ျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News ဂ်ာနယ္က ေမးျမန္းစုံ စမ္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
လုံးခင္းေက်း႐ြာႏွင့္ ေမွာ္စီစာ ေက်း႐ြာႏွစ္႐ြာ အၾကားရွိ လုံးခင္းသခ်ႋဳင္းေျမကို (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလမွစတင္ကာ တူးေဖာ္ခဲ့ျခင္းျဖစ္ၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားဝင္ေရာက္လာသည့္ ဇြန္လ(၁)ရက္ေရာက္မွသာ တူးေဖာ္မႈကို ရပ္တန႔္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ယင္းေဒသတြင္ မိုး႐ြာေသာ ေၾကာင့္ ေျမသားမ်ားပဲ့က်ကာ အေလာင္းမ်ား ေပၚေန သည့္ ဓာတ္ပုံမွာ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ၿပီးခဲ့ေသာ ရက္ပိုင္းက ပ်ံ႕ႏွံ႔ခဲ့သည္။
" KIA တပ္မဟာ(၉) အတြက္ ရန္ပုံေငြဆိုၿပီးတူးၾကတာ။ အဲဒီကထြက္လာတဲ့ ေျမေတြကို ကားေတြနဲ႔သယ္ၿပီးေတာ့ လုံးခင္းနဲ႔ ေခ်ာင္းဆုံၾကား မွာရွိတဲ့ ေကာင္းျပည့္ဆီဆိုင္နားမွာ ေမွ်ာစင္ေတြ ေထာင္ၿပီး ေ႐ႊနဲ႔ေက်ာက္ေတြကို ေမွ်ာခ်တယ္။ တပ္မေတာ္က လုံးခင္းကိုေရာက္တဲ့ အခ်ိန္မွ သူတို႔ကရပ္ ထားတာ " ဟု အမည္မေဖာ္လို သူ ဖားကန႔္ေဒသခံတစ္ဦးကဆိုသည္။ သခ်ႋဳင္း ေျမကို တူးေဖာ္ျခင္းျဖစ္သည့္အတြက္ ယခုအခါ အနီးအနားတြင္ အပုပ္နံ႔ရျခင္းမ်ားလည္း ျဖစ္ေန ေၾကာင္း အျခားေဒသခံတစ္ဦးက ဆိုသည္။
" သူတို႔က ရပ္မိရပ္ဖဆိုတဲ့လူေတြနဲ႔ ေပါင္းၿပီး လုပ္စားၾကတာ။သူတို႔ တူးခ်င္သလိုတူးၿပီး ထားခဲ့ေတာ့ မိုး႐ြာလို႔မိုးမ်ားတာနဲ႔ အေလာင္းေတြ အကုန္ေပၚကုန္တယ္။ လမ္းေဘးႀကီးျဖစ္ေနေတာ့ အျမင္ မတင့္တယ္ဘူးေပါ့ဗ်ာ။ ေနာက္ၿပီး အဲဒီအ နားကအိမ္ေတြဆိုရင္ တစ္ခ်က္တစ္ခ်က္ အပုပ္နံ႔ ေတြရတယ္လို႔ သိရတယ္" ဟု ၎ကေျပာသည္။
KIA အဖြဲ႕အေနျဖင့္ ထိုသို႔တူးေဖာ္မႈ မ်ား ျပဳလုပ္သည္သာမကပဲ သခ်ႋဳင္းေျမႏွင့္ ဆက္စပ္ေနေသာ လုံးခင္းေဆး႐ုံပိုင္ေျမမ်ားကို လည္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးထံသို႔ ေရာင္းခ်ကာ ယင္းေနရာတြင္ စင္တင္စားေသာက္ ဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္တို႔ပါ ဖြင့္လွစ္ထား ေၾကာင္းကိုလည္း ေဒသခံမ်ားထံမွ သိရသည္။
KIA၊ KIO ထိပ္ပိုင္းေခါင္းေဆာင္မ်ား ႏွင့္ နီးစပ္သူမ်ားက ဖားကန႔္တြင္ ၎တို႔၏အက်ိဳးအတြက္ လက္ဝါးႀကီးအုပ္ ျခယ္လွယ္သည္ သာမက ေဒသ တြင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားကို လည္း ၎တို႔ႏွင့္ ပနံသင့္ေသာသူမ်ားကိုသာ ေ႐ြးခ်ယ္ခန႔္ထားျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္းကလည္း ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ရွိေက်ာင္းသား၊ ေက်ာင္းသူ (၆၀ဝ)ေက်ာ္ပညာ သင္ယူေနေသာ မဇြပ္ယန္စာသင္ေက်ာင္းေနရာတြင္ ေက်ာက္စိမ္း တူးရန္ KIO ႏွင့္ ကုမၸဏီ(၂)ခုပူးေပါင္းကာ ေဆာင္ ႐ြက္မႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
အလားတူ ၿပီးခဲ့သည့္ကာလကလည္း KIO ႏွင့္ အက်ိဳးတူကုမၸဏီတို႔ပူးေပါင္းကာ ေက်ာက္စိမ္းတူးေဖာ္မႈမ်ား လုပ္ေဆာင္ခဲ့သည့္အ တြက္ ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ စဗ်ိခူးေက်း႐ြာႏွင့္ ကုေဋေက်း႐ြာအပါအဝင္ တာမခန္ေက်း႐ြာစာသင္ ေက်ာင္း အစရွာမရသည္အထိ ေပ်ာက္သြားခဲ့ရ သည့္ သာဓကမ်ားရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.