NUG နှင့် CRPH တို့ကို ဒေါ်အောင်ဆန်းစုကြည်က မသိသည့်အပြင် ၎င်းတို့၏ လုပ်ရပ်များကိုလည်း သဘောကျလိမ့်မည်မဟုတ်

 381

သုတကျော် (NP News) - ဇွန်လ ၂၂

NUG နှင့် CRPH တို့ကို ဒေါ်အောင် ဆန်းစုကြည်က မသိသည့်အပြင် ၎င်းတို့၏ လုပ်ရပ် များကိုလည်း လက်ခံလိမ့်မည်မဟုတ်ကြောင်း အွန် လိုင်းထက်တွင်ထွက်ပေါ်လာသော ဒေါ်အောင်ဆန်း စုကြည်၏ထွက်ဆိုချက်နှင့်ပတ်သက်၍ NP News က NLD ပါတီဝင်အချို့နှင့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်အချို့ထံဆက်သွယ် မေးမြန်းထားသော အချက်အလက်များအရ သိရ သည်။
ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် အောက်တို ဘာလ (၂၆)ရက်က ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထွက်ဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ထွက်ဆို ချက်မှာ ဇွန်လ(၁၉)ရက်က လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ် စာမျက်နှာထက်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ် သည်။
ယင်း ထွက်ပေါ်လာသောထွက်ချက်မှာ အစစ်အမှန်ဖြစ်ကြောင်းနှင့် တရားရုံးကိစ္စများ ပြီး စီးသည့် အချိန်တွင် စာရွက်စာတမ်းများကို ရှေ့နေ များက တရားဝင်ထုတ်ခွင့်ရသောကြောင့် မူလကပင် သိရှိခဲ့ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထိန်း သိမ်းခံရပြီးနောက် တွေ့ဆုံခွင့် ရခဲ့သူလည်း ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။
" ဒီစာရွက်နဲ့ပတ်သက်ပြီး တရားရုံး ထွက်ချက်၊ တရားရုံး အမှန်စာရွက်ပဲဆိုတာ ကျွန်မ ပြောနိုင်တယ်" ဟု ၎င်းက အတည်ပြုသည်။
အဆိုပါ ထွက်ဆိုချက်အတွင်း ဒေါ်အောင် ဆန်းစုကြည်က ဃျွဏံ ယခင်ကပင် ဖွဲ့စည်းရန် ကြိုတင်ပြင် ဆင်ထားခဲ့ခြင်း လုံးဝမဟုတ်ကြောင်း နှင့် မသိကြောင်း ထွက်ဆိုသည့် အပြင် PDF အဖွဲ့တို့၏ လုပ်ဆောင်ချက်များကိုလည်း ပြင်ပနှင့် ဆက်သွယ် ရေးလမ်းကြောင်း ဖြတ်တောက်ထားသဖြင့် အခြေအနေများ ကြားနိုင်သိနိုင်သည့် အခြေအနေမရှိသော ကြောင့် မသိကြောင်း ထွက်ဆိုခဲ့သည်။
" (၂-၄-၂၀၂၁)ရက်နေ့ ရုံးချိန်းတွင် ဗီဒီယိုကွန်ဖရန့်စင်းဖြင့် လုပ်ပြီးသည့်အခါမှ ရောက်ရှိ နေသော ရဲအရာရှိတစ်ဦးက NUG က ဦးဝင်းမြင့်ကို လျာထား နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ကျွန်မကို လျာထားအတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်း ကောင်း ထုတ်ပြန်ထားသည်ကို မည်သို့သဘောရပါသ လဲဟုမေးပါသည်။ ကျွန်မက NUG ဆိုတာ ဘာလဲဟုပြန်မေးပါသည်။ CRPH က ခန့်ထားတဲ့ အဖွဲ့ဟု ပြန်ပြောပါသည်။ CRPH ဆိုတာ ဘာလဲဟုမေးသောအခါ လွှတ်တော်ကိုယ်စားလှယ် များဖွဲ့ထားသော အဖွဲ့ဟု ပြောပါသည်။ မည်သူတွေလဲ ဟုမေးသောအခါ အမည်(၄/၅)ခုကို ရွတ်ပြပါသည်။ ထို့ထက်ပို၍ ဘာမှ မပြောပါ။ ရေရရာရာဘာ မှမသိရသဖြင့် သဘောထား ဘာမှပေးရန်မရှိဟုပြောခဲ့ ပါသည်။ ယခုလည်း ကျွန်မအဖြေ - အထက်ပါ အတိုင်းဖြစ်ပါသည်" ဟု ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏သဘောထားအဖြစ် ၎င်းတို့၏ ရှေ့နေများကတစ်ဆင့် NLD နာမည်အသုံးပြုခြင်း၊ CEC နာမည် အသုံးပြုခြင်းများသည် လုံးဝတရား မဝင်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD-CEC အဖွဲ့က တာဝန် မခံသကဲ့သို့တာဝန်လည်း မယူကြောင်း၊ NLD-CWC အမည်ခံ ဖွဲ့ခြင်းသည် တရားမဝင်ဟု ပြောကြားထားခဲ့ဖူးသည်။
ယင်းမှာ လက်ရှိတွင် NLD ၏ လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုအသုံးပြုကာ ထုတ်ပြန်ချက်များထုတ်နေရာ ယင်းထုတ်ပြန်ချက်များ နောက်ကွယ်မှ NLD-CWC ဟု ဖွဲ့စည်းထားသော ဦးအောင်ကြည်ညွန့်ဦးဆောင်သော အုပ်စုတွင် တရားဝင် လုပ်ပိုင်ခွင့်မရှိကြောင်းပေါ်ပေါက်နေခြင်း လည်း ဖြစ်သည်။
" ဒီလိုမျိုး CRPH တို့ NLD တို့ကို မသိပါဘူးဆိုတာက ဟိုအရှေ့မှာကတည်းက ရှေ့နေ တွေက တစ်ဆင့် အန်တီစုက ထွက်ဆိုခဲ့တယ်ဆိုတာ ကြားခဲ့ဖူးတာပဲလေ။ ဖြစ်ဖို့လည်း ဟုတ်လည်း ဟုတ် ပါတယ်။ သူ အဖမ်းခံရပြီးနောက်ပိုင်းမှ ဒီဟာတွေက ပေါ်လာတာကိုး။ သူ့အနေနဲ့ကတော့ တစ်သက်လုံး ကလည်း ဒီအကြမ်းဖက်တဲ့ နည်းကိုမကိုင်စွဲဘူး ဆိုတာ အမြဲတမ်း ပြောခဲ့တယ်။ ဘယ်တော့ မဆိုပေါ့။ ဟိုအရင်တည်းကိုက ဒါတွေကို ပြောခဲ့တာဖြစ်လို့ ဒီ အကြမ်းဖက်မှုတွေကို သဘောကျမှာမဟုတ်ဘူး" ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော် က ဆိုသည်။
ယခုကဲ့သို့ ထွက်ဆိုချက် ထွက်ပေါ်လာခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် မကြိုက်သော အလုပ်များကို NUG နှင့် PDF တို့က လုပ်နေကြောင်း အသိတရား ကပ်စေရန် ထုတ်ခြင်းဖြစ်လေသလားဟု ၎င်းက သုံးသပ်သည်။
" အန်တီစုသည် အကြမ်းဖက်တဲ့ လမ်းကြောင်းကို ဘယ်တော့မှမကြိုက်ခဲ့ဘူး။ ဒီအကြမ်းဖက် လုပ်နေတဲ့သူတွေကလည်း ဒေါ် အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်ကိုခေါင်းတပ် လုပ် နေကြတာဖြစ်လို့ မင်းတို့လုပ်နေတာက မင်းတို့ ပြော နေတဲ့ မင်းတို့ခေါင်းဆောင်ရဲ့မူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီးတော့မှ အကြီးကြီးသွေဖည်နေတယ်၊ လွှဲနေတယ်ဆိုတာကို အသိဝင်စေချင်တယ်" ဟု ဦးထက်အောင်ကျော်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အမှန်တရားမှာ တစ်နေ့မဟုတ်တစ်နေ့ ထွက်ပေါ် လာမည်ပင်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။
" နဂိုတုန်းကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့သဘောထားကို အမှန်အတိုင်း မသိ သေးတဲ့အချိန်မှာတော့ ဟုတ်ပြီ လူထုကို အသုံးချ တယ်ဆိုတဲ့ ကိစ္စတွေ ရှိခဲ့တယ်။ အမှန်တရားက အခု မပေါ်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်မှာပဲလေ။ ထွက်ပေါ်လာမှာပဲ။ ပေါ်လာတဲ့အချိန်မှာ သိပြီဆို ရင်တော့ ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို ထောက်ခံပါသလား၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ခိုင်းပါသလား သိပြီဆိုရင် ရပ်တန်းကရပ်ဖို့ ကောင်းပါပြီ လို့ ကျွန်မပြောချင်တယ်" ဟု ၎င်းက ဆိုသည်။
NUG နှင့် PDF တို့က ဥသျှောင်အဖြစ် တင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်က အကြမ်း ဖက်မှုကို မနှစ်မြို့သော်လည်း NUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ကမူ စကားအလိမ္မာများသုံးကာ ဒေါ်အောင်ဆန်း စုကြည်က လူထုသဘောထားနှင့်သွေဖည်သောလုပ် ရပ်များမလုပ်ဘဲ နွေဦးတော်လှန်ရေးနှင့်ထပ်တူ ထပ်မျှ ရပ်တည်နေသည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့ကြသော်လည်း ၎င်းတို့ အားပေးပြီး အသုံး ချနေသော အကြမ်းဖက်တိုက်ခိုက်ခြင်းကို ဒေါ် အောင်ဆန်းစုကြည် ထောက်ခံသည်ဟု တိုက် ရိုက်မပြောရဲကြောင်း တွေ့မြင်ရသည်။
ထို့ပြင် ထူးခြားချက်အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ CRPH နှင့် NUG ကို မကြိုက် ကြောင်းထွက်ဆိုချက်အကြောင်း သတင်းကို ပြည်ပရောက် မီဒီယာများတွင် ဖော်ပြရေးသားခြင်းမျိုး မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ သတင်း ကိုသာ ထပ်ဖန်တလဲလဲဖော်ပြခဲ့ကြသည်။

Zawgyi Version:
NUG ႏွင့္ CRPH တို႔ ကို ေဒၚေအာင္ဆန္းစုၾကည္ က မသိသည့္အျပင္ ၎တို႔၏ လုပ္ရပ္မ်ားကိုလည္း သေဘာက် လိမ့္မည္မဟုတ္
သုတေက်ာ္ (NP News) - ဇြန္လ ၂၂

NUG ႏွင့္ CRPH တို႔ကို ေဒၚေအာင္ ဆန္းစုၾကည္က မသိသည့္အျပင္ ၎တို႔၏ လုပ္ရပ္ မ်ားကိုလည္း လက္ခံလိမ့္မည္မဟုတ္ေၾကာင္း အြန္ လိုင္းထက္တြင္ထြက္ေပၚလာေသာ ေဒၚေအာင္ဆန္း စုၾကည္၏ထြက္ဆိုခ်က္ႏွင့္ပတ္သက္၍ NP News က NLD ပါတီဝင္အခ်ိဳ႕ႏွင့္ ႏိုင္ငံေရးနယ္ပယ္မွ ပုဂၢိဳလ္အခ်ိဳ႕ထံဆက္သြယ္ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရ သည္။
ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္ ေအာက္တို ဘာလ (၂၆)ရက္က ဇမၺဴသီရိၿမိဳ႕နယ္တရား႐ုံးတြင္ ထြက္ဆိုခဲ့ေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ထြက္ဆို ခ်က္မွာ ဇြန္လ(၁၉)ရက္က လူမႈကြန္ရက္ေဖ့စ္ ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ထြက္ေပၚလာခဲ့ျခင္း ျဖစ္ သည္။
ယင္း ထြက္ေပၚလာေသာထြက္ခ်က္မွာ အစစ္အမွန္ျဖစ္ေၾကာင္းႏွင့္ တရား႐ုံးကိစၥမ်ား ၿပီး စီးသည့္ အခ်ိန္တြင္ စာ႐ြက္စာတမ္းမ်ားကို ေရွ႕ေန မ်ားက တရားဝင္ထုတ္ခြင့္ရေသာေၾကာင့္ မူလကပင္ သိရွိခဲ့ၿပီး ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ထိန္း သိမ္းခံရၿပီးေနာက္ ေတြ႕ဆုံခြင့္ ရခဲ့သူလည္း ျဖစ္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚစႏၵာမင္းက ဆိုသည္။
" ဒီစာ႐ြက္နဲ႔ပတ္သက္ၿပီး တရား႐ုံး ထြက္ခ်က္၊ တရား႐ုံး အမွန္စာ႐ြက္ပဲဆိုတာ ကြၽန္မ ေျပာႏိုင္တယ္" ဟု ၎က အတည္ျပဳသည္။
အဆိုပါ ထြက္ဆိုခ်က္အတြင္း ေဒၚေအာင္ ဆန္းစုၾကည္က ဃြၽဏံ ယခင္ကပင္ ဖြဲ႕စည္းရန္ ႀကိဳတင္ျပင္ ဆင္ထားခဲ့ျခင္း လုံးဝမဟုတ္ေၾကာင္း ႏွင့္ မသိေၾကာင္း ထြက္ဆိုသည့္ အျပင္ PDF အဖြဲ႕တို႔၏ လုပ္ေဆာင္ခ်က္မ်ားကိုလည္း ျပင္ပႏွင့္ ဆက္သြယ္ ေရးလမ္းေၾကာင္း ျဖတ္ေတာက္ထားသျဖင့္ အေျခအေနမ်ား ၾကားႏိုင္သိႏိုင္သည့္ အေျခအေနမရွိေသာ ေၾကာင့္ မသိေၾကာင္း ထြက္ဆိုခဲ့သည္။
" (၂-၄-၂၀၂၁)ရက္ေန႔ ႐ုံးခ်ိန္းတြင္ ဗီဒီယိုကြန္ဖရန႔္စင္းျဖင့္ လုပ္ၿပီးသည့္အခါမွ ေရာက္ရွိ ေနေသာ ရဲအရာရွိတစ္ဦးက NUG က ဦးဝင္းျမင့္ကို လ်ာထား ႏိုင္ငံေတာ္သမၼတအျဖစ္လည္းေကာင္း၊ ကြၽန္မကို လ်ာထားအတိုင္ပင္ခံပုဂၢိဳလ္အျဖစ္လည္း ေကာင္း ထုတ္ျပန္ထားသည္ကို မည္သို႔သေဘာရပါသ လဲဟုေမးပါသည္။ ကြၽန္မက NUG ဆိုတာ ဘာလဲဟုျပန္ေမးပါသည္။ CRPH က ခန႔္ထားတဲ့ အဖြဲ႕ဟု ျပန္ေျပာပါသည္။ CRPH ဆိုတာ ဘာလဲဟုေမးေသာအခါ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားဖြဲ႕ထားေသာ အဖြဲ႕ဟု ေျပာပါသည္။ မည္သူေတြလဲ ဟုေမးေသာအခါ အမည္(၄/၅)ခုကို ႐ြတ္ျပပါသည္။ ထို႔ထက္ပို၍ ဘာမွ မေျပာပါ။ ေရရရာရာဘာ မွမသိရသျဖင့္ သေဘာထား ဘာမွေပးရန္မရွိဟုေျပာခဲ့ ပါသည္။ ယခုလည္း ကြၽန္မအေျဖ - အထက္ပါ အတိုင္းျဖစ္ပါသည္" ဟု ေဒၚေအာင္ဆန္းစုၾကည္က ထြက္ဆိုခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔၏သေဘာထားအျဖစ္ ၎တို႔၏ ေရွ႕ေနမ်ားကတစ္ဆင့္ NLD နာမည္အသုံးျပဳျခင္း၊ CEC နာမည္ အသုံးျပဳျခင္းမ်ားသည္ လုံးဝတရား မဝင္ေၾကာင္းႏွင့္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD-CEC အဖြဲ႕က တာဝန္ မခံသကဲ့သို႔တာဝန္လည္း မယူေၾကာင္း၊ NLD-CWC အမည္ခံ ဖြဲ႕ျခင္းသည္ တရားမဝင္ဟု ေျပာၾကားထားခဲ့ဖူးသည္။
ယင္းမွာ လက္ရွိတြင္ NLD ၏ လူမႈ ကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကိုအသုံးျပဳကာ ထုတ္ျပန္ခ်က္မ်ားထုတ္ေနရာ ယင္းထုတ္ျပန္ခ်က္မ်ား ေနာက္ကြယ္မွ NLD-CWC ဟု ဖြဲ႕စည္းထားေသာ ဦးေအာင္ၾကည္ၫြန႔္ဦးေဆာင္ေသာ အုပ္စုတြင္ တရားဝင္ လုပ္ပိုင္ခြင့္မရွိေၾကာင္းေပၚေပါက္ေနျခင္း လည္း ျဖစ္သည္။
" ဒီလိုမ်ိဳး CRPH တို႔ NLD တို႔ကို မသိပါဘူးဆိုတာက ဟိုအေရွ႕မွာကတည္းက ေရွ႕ေန ေတြက တစ္ဆင့္ အန္တီစုက ထြက္ဆိုခဲ့တယ္ဆိုတာ ၾကားခဲ့ဖူးတာပဲေလ။ ျဖစ္ဖို႔လည္း ဟုတ္လည္း ဟုတ္ ပါတယ္။ သူ အဖမ္းခံရၿပီးေနာက္ပိုင္းမွ ဒီဟာေတြက ေပၚလာတာကိုး။ သူ႔အေနနဲ႔ကေတာ့ တစ္သက္လုံး ကလည္း ဒီအၾကမ္းဖက္တဲ့ နည္းကိုမကိုင္စြဲဘူး ဆိုတာ အၿမဲတမ္း ေျပာခဲ့တယ္။ ဘယ္ေတာ့ မဆိုေပါ့။ ဟိုအရင္တည္းကိုက ဒါေတြကို ေျပာခဲ့တာျဖစ္လို႔ ဒီ အၾကမ္းဖက္မႈေတြကို သေဘာက်မွာမဟုတ္ဘူး" ဟု အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ (NDF) မွ ဒုတိယ ဥကၠ႒ ဦးထက္ေအာင္ေက်ာ္ က ဆိုသည္။
ယခုကဲ့သို႔ ထြက္ဆိုခ်က္ ထြက္ေပၚလာျခင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ မႀကိဳက္ေသာ အလုပ္မ်ားကို NUG ႏွင့္ PDF တို႔က လုပ္ေနေၾကာင္း အသိတရား ကပ္ေစရန္ ထုတ္ျခင္းျဖစ္ေလသလားဟု ၎က သုံးသပ္သည္။
" အန္တီစုသည္ အၾကမ္းဖက္တဲ့ လမ္းေၾကာင္းကို ဘယ္ေတာ့မွမႀကိဳက္ခဲ့ဘူး။ ဒီအၾကမ္းဖက္ လုပ္ေနတဲ့သူေတြကလည္း ေဒၚ ေအာင္ဆန္းစုၾကည္ဆိုတဲ့ နာမည္ကိုေခါင္းတပ္ လုပ္ ေနၾကတာျဖစ္လို႔ မင္းတို႔လုပ္ေနတာက မင္းတို႔ ေျပာ ေနတဲ့ မင္းတို႔ေခါင္းေဆာင္ရဲ႕မူဝါဒနဲ႔ ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ၿပီးေတာ့မွ အႀကီးႀကီးေသြဖည္ေနတယ္၊ လႊဲေနတယ္ဆိုတာကို အသိဝင္ေစခ်င္တယ္" ဟု ဦးထက္ေအာင္ေက်ာ္က ဆိုသည္။
ေဒၚေအာင္ဆန္းစုၾကည္၏ သေဘာထား အမွန္တရားမွာ တစ္ေန႔မဟုတ္တစ္ေန႔ ထြက္ေပၚ လာမည္ပင္ျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ေဟာင္း ေဒၚစႏၵာမင္းက ဆိုသည္။
" နဂိုတုန္းကေတာ့ ေဒၚေအာင္ဆန္း စုၾကည္ရဲ႕သေဘာထားကို အမွန္အတိုင္း မသိ ေသးတဲ့အခ်ိန္မွာေတာ့ ဟုတ္ၿပီ လူထုကို အသုံးခ် တယ္ဆိုတဲ့ ကိစၥေတြ ရွိခဲ့တယ္။ အမွန္တရားက အခု မေပၚလည္း တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ ေပၚမွာပဲေလ။ ထြက္ေပၚလာမွာပဲ။ ေပၚလာတဲ့အခ်ိန္မွာ သိၿပီဆို ရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ဒါေတြကို ေထာက္ခံပါသလား၊ ေဒၚေအာင္ဆန္းစုၾကည္က လုပ္ခိုင္းပါသလား သိၿပီဆိုရင္ ရပ္တန္းကရပ္ဖို႔ ေကာင္းပါၿပီ လို႔ ကြၽန္မေျပာခ်င္တယ္" ဟု ၎က ဆိုသည္။
NUG ႏွင့္ PDF တို႔က ဥေသွ်ာင္အျဖစ္ တင္ထားသည့္ ေဒၚေအာင္ဆန္းစုၾကည္က အၾကမ္း ဖက္မႈကို မႏွစ္ၿမိဳ႕ေသာ္လည္း NUG ၏ ယာယီ သမၼတ ဒူဝါလရွီးလႏွင့္ ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း တို႔ကမူ စကားအလိမၼာမ်ားသုံးကာ ေဒၚေအာင္ဆန္း စုၾကည္က လူထုသေဘာထားႏွင့္ေသြဖည္ေသာလုပ္ ရပ္မ်ားမလုပ္ဘဲ ေႏြဦးေတာ္လွန္ေရးႏွင့္ထပ္တူ ထပ္မွ် ရပ္တည္ေနသည္ဟုယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ၾကေသာ္လည္း ၎တို႔ အားေပးၿပီး အသုံး ခ်ေနေသာ အၾကမ္းဖက္တိုက္ခိုက္ျခင္းကို ေဒၚ ေအာင္ဆန္းစုၾကည္ ေထာက္ခံသည္ဟု တိုက္ ႐ိုက္မေျပာရဲေၾကာင္း ေတြ႕ျမင္ရသည္။
ထို႔ျပင္ ထူးျခားခ်က္အေနျဖင့္ ေဒၚေအာင္ ဆန္းစုၾကည္၏ CRPH ႏွင့္ NUG ကို မႀကိဳက္ ေၾကာင္းထြက္ဆိုခ်က္အေၾကာင္း သတင္းကို ျပည္ပေရာက္ မီဒီယာမ်ားတြင္ ေဖာ္ျပေရးသားျခင္းမ်ိဳး မရွိဘဲ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔ပြဲ သတင္း ကိုသာ ထပ္ဖန္တလဲလဲေဖာ္ျပခဲ့ၾကသည္။

Related news

© 2021. All rights reserved.