စစ်ကိုင်းတွင် PDF များကို တပ်မတော်က စစ်ကြောင်း(၃)ခုဖြင့် တစ်ပြိုင်နက်တည်း နယ်မြေရှင်းလင်းနေ

5063

သန့်ဇင် (NP News) - ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ PDF များကို တပ်မတော်က စစ်ကြောင်း (၃) ကြောင်းသုံးပြီး နယ်မြေရှင်းလင်းနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံ NP News ဂျာနယ် က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
စစ်ကိုင်းဒေသတွင် အကြမ်းဖက်သတ်ဖြတ်မှုများနှင့် တပ်မတော်စစ်ကြောင်းများကို ချုံခို တိုက် ခိုက်မှုများ မကြာခဏလုပ်ဆောင်ခဲ့သော PDF အဖွဲ့ကို တပ်မတော်က ပြီးခဲ့သည့် မေလ၊ လဆန်း ပိုင်းမှ စတင်ကာ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ပထမစစ်ကြောင်းကို စစ်ကိုင်းမြို့၏ မြောက်ဘက်ရှိ ပဒူကျေးရွာတစ်ဝိုက်ရှိ PDF များ ကို စတင်ရှင်းလင်းခဲ့ပြီးလက်ရှိတွင် မင်းကွန်းမြို့ မှတစ်ဆင့် အထက်ပိုင်းသို့ဆက်လက် နယ်မြေရှင်းလင်း နေကြောင်း သိရသည်။
“မင်းကွန်းရဲ့မြောက်ဘက်က ချောင်းမကြီး ကျေးရွာကို တပ်မတော်စစ်ကြောင်းထိုးနေတယ်။ (၅) ရက်ရှိပြီ။ အပြန်အလှန်ပစ်ခတ်မှုတွေ နေ့တိုင်းရှိနေတယ်။ စစ်ရေးအနေအထားကတော့ မတိမ်းမယိမ်း ပါပဲ။ ပထမစစ်ကြောင်းက ပဒူဘက်ကို စစ်ကြောင်းအရင် ထိုးတယ်။ အဲဒီကနေပြီးတော့မှ မင်းကွန်း ဘက်ကိုကူးတယ်။ မင်းကွန်းကိုကူးပြီး တော့မှ မင်းကွန်းကနေ ချောင်းမကြီး၊ ကင်းရွာ၊ စဉ့်ကိုင် ဘက်ကို သွားနေတယ်။ တောင်ရွင်းဘက်တွေ ရှင်းပြီးတော့ မင်းကွန်းဘက်ကိုထိုးလာပြီး ဆက်ထိုးတာပေါ့။ မင်းကွန်းကနေမှ အထက်ကိုဆန်တက် မှာပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဒုတိယစစ်ကြောင်းအနေဖြင့် စစ်ကိုင်းမြို့နယ်၏အနောက်ဘက်နှင့် တတိယ စစ်ကြောင်း မှာ စစ်ကိုင်းမြို့နှင့် အုန်းတောကျေးရွာအကြားသို့ ဆက်လက်နယ်မြေရှင်းလင်းနေကြောင်း သိရသည်။
“ကျွန်တော်တို့သိရသလောက်ဆိုရင်တော့ စစ်ကိုင်းမြို့နယ်ရဲ့အနောက်ဘက် ကျောင်းတော်ကြီးတို့၊ နောင်ကုန်းတို့ ဘက်ပေါ့နော်။ အနောက် တာ ခေါ်တာပေါ့။ အနောက်တာတစ်ကြောကိုလည်း စစ် ကြောင်းတစ်ကြောင်းထိုးထားတာလည်း ရက်(၂၀)လောက်ရှိသွားပြီ။ စစ်ကိုင်းမြို့ရဲ့အနောက်ဘက် ခြမ်းကိုလည်း စစ်ကြောင်းတစ်ကြောင်းထိုးနေတယ်။ နောက်ပြီး လွန်ခဲ့တဲ့ (၄)ရက်လောက်ကပဲ စစ်ကိုင်းနဲ့ အုန်းတောဘက်ကို စစ်ကြောင်းတစ်ကြောင်း ထပ်ထိုးတယ်”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ PDF များကို နယ်မြေရှင်းလင်းရန် (၄)နှစ်ကျော် ကာလ အတွင်း ပထမဆုံးအကြမ်အဖြစ် စစ်ကိုင်းမြို့ နယ်အတွင်းသို့ တပ်မတော်က စစ်ကြောင်း (၃)ကြောင်း ထိုးကာ အင်တိုက်အားတိုက် နယ်မြေရှင်းလင်းနေကြောင်း သိရသည်။ “စစ်ကိုင်းမှာတော့ လက်ရှိအနေ အထားအရ စစ်ကြောင်း (၃)ကြောင်း ထိုးနေတယ်ပေါ့။ နယ်မြေရှင်းလင်းမှုတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။ (၄)နှစ်ကျော် ကာလအတွင်း အရင်က အဲဒီလိုအင်တိုက်အားတိုက် လုပ်တာမရှိ သေးပါဘူး။ အခုမှ အားချင်းအင်တိုက် အားတိုက်လုပ်တာပေါ့။ ငလျင်ပြီး တစ်လခွဲကြမှ တပ်မတော် စစ်ကြောင်းပြန်စလာတာပါ။ ငလျင်ပြီး (၂)လနီးပါးကြာမှ PDF တွေက တပ်မတော် မိသားစုဝင်တွေကို သတ်တာတွေ အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်တာတွေများလာတာပေါ့”ဟု ၎င်းက ပြောသည်။
တပ်မတော်အနေဖြင့် စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေလျက်ရှိရာ ဒေသခံပြည်သူများအနေဖြင့် မစိုးရိမ်ကြရန်နှင့် တပ်မတော်စစ်ကြောင်းနှင့် ပူး ပေါင်းဆောင်ရွက်ကြရန် အထက်ပါသတင်းရင်းမြစ်က NP News မှ တစ်ဆင့် တိုက်တွန်းပြောကြား သည်။

Zawgyi Version:
စစ္ကိုင္းတြင္ PDF မ်ားကို တပ္မေတာ္က စစ္ေၾကာင္း (၃)ခုျဖင့္ တစ္ၿပိဳင္နက္တည္း နယ္ေျမရွင္းလင္းေန
သန႔္ဇင္ (NP News) - ဇြန္ ၂၃
စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းၿမိဳ႕နယ္အတြင္းရွိ PDF မ်ားကို တပ္မေတာ္က စစ္ေၾကာင္း (၃) ေၾကာင္းသုံးၿပီး နယ္ေျမရွင္းလင္းေနၿပီျဖစ္ေၾကာင္း စစ္ေရးသတင္းရင္းျမစ္တစ္ဦးထံ NP News ဂ်ာနယ္ က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
စစ္ကိုင္းေဒသတြင္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားႏွင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားကို ခ်ဳံခို တိုက္ ခိုက္မႈမ်ား မၾကာခဏလုပ္ေဆာင္ခဲ့ေသာ PDF အဖြဲ႕ကို တပ္မေတာ္က ၿပီးခဲ့သည့္ ေမလ၊ လဆန္း ပိုင္းမွ စတင္ကာ နယ္ေျမရွင္းလင္းရန္ စစ္ေၾကာင္းထိုးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ပထမစစ္ေၾကာင္းကို စစ္ကိုင္းၿမိဳ႕၏ ေျမာက္ဘက္ရွိ ပဒူေက်း႐ြာတစ္ဝိုက္ရွိ PDF မ်ား ကို စတင္ရွင္းလင္းခဲ့ၿပီးလက္ရွိတြင္ မင္းကြန္းၿမိဳ႕ မွတစ္ဆင့္ အထက္ပိုင္းသို႔ဆက္လက္ နယ္ေျမရွင္းလင္း ေနေၾကာင္း သိရသည္။
“မင္းကြန္းရဲ႕ေျမာက္ဘက္က ေခ်ာင္းမႀကီး ေက်း႐ြာကို တပ္မေတာ္စစ္ေၾကာင္းထိုးေနတယ္။ (၅) ရက္ရွိၿပီ။ အျပန္အလွန္ပစ္ခတ္မႈေတြ ေန႔တိုင္းရွိေနတယ္။ စစ္ေရးအေနအထားကေတာ့ မတိမ္းမယိမ္း ပါပဲ။ ပထမစစ္ေၾကာင္းက ပဒူဘက္ကို စစ္ေၾကာင္းအရင္ ထိုးတယ္။ အဲဒီကေနၿပီးေတာ့မွ မင္းကြန္း ဘက္ကိုကူးတယ္။ မင္းကြန္းကိုကူးၿပီး ေတာ့မွ မင္းကြန္းကေန ေခ်ာင္းမႀကီး၊ ကင္း႐ြာ၊ စဥ့္ကိုင္ ဘက္ကို သြားေနတယ္။ ေတာင္႐ြင္းဘက္ေတြ ရွင္းၿပီးေတာ့ မင္းကြန္းဘက္ကိုထိုးလာၿပီး ဆက္ထိုးတာေပါ့။ မင္းကြန္းကေနမွ အထက္ကိုဆန္တက္ မွာေပါ့” ဟု စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။
ထို႔ျပင္ ဒုတိယစစ္ေၾကာင္းအေနျဖင့္ စစ္ကိုင္းၿမိဳ႕နယ္၏အေနာက္ဘက္ႏွင့္ တတိယ စစ္ေၾကာင္း မွာ စစ္ကိုင္းၿမိဳ႕ႏွင့္ အုန္းေတာေက်း႐ြာအၾကားသို႔ ဆက္လက္နယ္ေျမရွင္းလင္းေနေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔သိရသေလာက္ဆိုရင္ေတာ့ စစ္ကိုင္းၿမိဳ႕နယ္ရဲ႕အေနာက္ဘက္ ေက်ာင္းေတာ္ႀကီးတို႔၊ ေနာင္ကုန္းတို႔ ဘက္ေပါ့ေနာ္။ အေနာက္ တာ ေခၚတာေပါ့။ အေနာက္တာတစ္ေၾကာကိုလည္း စစ္ ေၾကာင္းတစ္ေၾကာင္းထိုးထားတာလည္း ရက္(၂၀)ေလာက္ရွိသြားၿပီ။ စစ္ကိုင္းၿမိဳ႕ရဲ႕အေနာက္ဘက္ ျခမ္းကိုလည္း စစ္ေၾကာင္းတစ္ေၾကာင္းထိုးေနတယ္။ ေနာက္ၿပီး လြန္ခဲ့တဲ့ (၄)ရက္ေလာက္ကပဲ စစ္ကိုင္းနဲ႔ အုန္းေတာဘက္ကို စစ္ေၾကာင္းတစ္ေၾကာင္း ထပ္ထိုးတယ္”ဟု ၎က ေျပာသည္။
ထို႔ေၾကာင့္ စစ္ကိုင္းၿမိဳ႕နယ္အတြင္းရွိ PDF မ်ားကို နယ္ေျမရွင္းလင္းရန္ (၄)ႏွစ္ေက်ာ္ ကာလ အတြင္း ပထမဆုံးအၾကမ္အျဖစ္ စစ္ကိုင္းၿမိဳ႕ နယ္အတြင္းသို႔ တပ္မေတာ္က စစ္ေၾကာင္း (၃)ေၾကာင္း ထိုးကာ အင္တိုက္အားတိုက္ နယ္ေျမရွင္းလင္းေနေၾကာင္း သိရသည္။ “စစ္ကိုင္းမွာေတာ့ လက္ရွိအေန အထားအရ စစ္ေၾကာင္း (၃)ေၾကာင္း ထိုးေနတယ္ေပါ့။ နယ္ေျမရွင္းလင္းမႈေတြ အင္တိုက္အားတိုက္ လုပ္ေဆာင္ေနပါတယ္။ (၄)ႏွစ္ေက်ာ္ ကာလအတြင္း အရင္က အဲဒီလိုအင္တိုက္အားတိုက္ လုပ္တာမရွိ ေသးပါဘူး။ အခုမွ အားခ်င္းအင္တိုက္ အားတိုက္လုပ္တာေပါ့။ ငလ်င္ၿပီး တစ္လခြဲၾကမွ တပ္မေတာ္ စစ္ေၾကာင္းျပန္စလာတာပါ။ ငလ်င္ၿပီး (၂)လနီးပါးၾကာမွ PDF ေတြက တပ္မေတာ္ မိသားစုဝင္ေတြကို သတ္တာေတြ အၾကမ္းဖက္မႈေတြ ဆက္တိုက္လုပ္တာေတြမ်ားလာတာေပါ့”ဟု ၎က ေျပာသည္။
တပ္မေတာ္အေနျဖင့္ စစ္ကိုင္းၿမိဳ႕နယ္အတြင္း နယ္ေျမရွင္းလင္းျခင္းလုပ္ငန္းမ်ားကို ဆက္လက္ လုပ္ေဆာင္ေနလ်က္ရွိရာ ေဒသခံျပည္သူမ်ားအေနျဖင့္ မစိုးရိမ္ၾကရန္ႏွင့္ တပ္မေတာ္စစ္ေၾကာင္းႏွင့္ ပူး ေပါင္းေဆာင္႐ြက္ၾကရန္ အထက္ပါသတင္းရင္းျမစ္က NP News မွ တစ္ဆင့္ တိုက္တြန္းေျပာၾကား သည္။