AA ကြောင့် ရေကြည်နှင့် လေးမျက်နှာမြို့နယ်အစွန်မှ ရွာခံအများအပြား နေရပ်စွန့်ခွာနေ

3067

သက်ပိုင် (NP News) - ဇွန် ၂၃
AA အဖွဲ့၏တိုက်ခိုက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်အစွန်ပိုင်းရှိ ဒေသခံအများအပြား နေရပ်စွန့်ခွာတိုက်ပွဲရှောင်နေကြရကြောင်း ဒေသခံများ NP News ဂျာနယ်သို့ ပြောသည်။
ရေကြည်မြို့နယ်အစွန်ပိုင်းရှိ သီတာကုန်းပြင်အနီးတစ်ဝိုက်မှ ဒေသခံများအပါအဝင် လေးမျက် နှာမြို့နယ်ရှိ သဲနုကုန်း၊ လှော်ကထား စသော ကျေးရွာအနီးတစ်ဝိုက်မှ ဒေသခံအများအပြားမှာ AA ၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲရှောင်နေကြရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“အခုဆိုရင်ရွာမှာ လူက သုံးပုံတစ်ပုံ လောက်ပဲကျန်တော့တယ်။ တော်တော်များများက ငါးသိုင်း ချောင်းဘက်ကို စစ်ရှောင်သွားကြတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ ရန်ကုန်ကိုသွားပြီ။ သွားဖို့ အတွက် ငွေမရှိတဲ့လူတွေလောက်ပဲ ရွာမှာ ကျန်ခဲ့တာ။ လှော်ကထား ရွာဘက်မှာဆိုရင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောင်းတွေတောင် ပိတ်လိုက်ရတယ်လို့ကြားတယ်။ စောပြာရွာတို့၊ သဲနုကုန်းတို့ ဘက်မှာ လည်း ဖြစ်နေတယ်ကြားတယ်” ဟု ကုန်းပြင်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် AA အဖွဲ့က ရေကြည်မြို့ နယ်ရှိ ကုန်းပြင်ကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာ အထိ ထိန်းချုပ်ထားပြီး လေးမျက်နှာမြို့နယ်တွင် သဲနုကုန်းကျေးရွာအထိ ထိန်းချုပ်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
AA ထိန်းချုပ်ရာဒေသများအတွင်းတွင် ငွေကြေးအခက်ခဲကြောင့် အချိန်မီ မတိမ်းရှောင်နိုင်ခဲ့ သည့် အရပ်သားပြည်သူအချို့လည်း ပိတ်မိနေပြီး လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ် မရ သေးကြောင်း ဒေသခံများထံမှသိရသည်။
လက်ရှိတွင် တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ လေ ကြောင်းပစ်ကူပေးလျက်ရှိကြောင်းနှင့် အဆိုပါတိုက်ပွဲသံများကို ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာ မြို့တို့၏ မြို့ပေါ်ရပ်ကွက်များမှ ကြားနေရကြောင်း ဒေသခံများကပြောသည်။
AA အနေဖြင့် ဧရာဝတီတိုင်းအတွင်းတွင် ဘောမိမှ အရှေ့တောင်ဘက် သာပေါင်းသို့ ဦးတည် တိုက်ခိုက်ခြင်း၊ ဂွ-ငါးသိုင်းချောင်းကား လမ်းအတိုင်း ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း၊ မြောက်စမ်း အခြေစိုက်အမှတ် (၃၄၄) အမြောက် တပ်ရင်း (အမတ ၃၄၄) သို့ ဦး၍ တိုက်ခိုက်ခြင်းနှင့် အင်္ဂပူ၊ လေး မျက်နှာမြို့နယ်ဘက်သို့ ဦးတည်ခိုက် ခြင်းဟူ၍ လမ်းကြောင်းသုံးခုဖြင့် တိုက်ခိုက်နေကြောင်း စစ်ရေး လေ့လာသူများ၏ သုံးသပ်ချက်များအရ သိရသည်။

Zawgyi Version:
AA ေၾကာင့္ ေရၾကည္ႏွင့္ ေလးမ်က္ႏွာၿမိဳ႕နယ္အစြန္မွ ႐ြာခံအမ်ားအျပား ေနရပ္စြန႔္ခြာေန
သက္ပိုင္ (NP News) - ဇြန္ ၂၃
AA အဖြဲ႕၏တိုက္ခိုက္မႈေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီး ေလးမ်က္ႏွာၿမိဳ႕နယ္ႏွင့္ ေရၾကည္ၿမိဳ႕နယ္အစြန္ပိုင္းရွိ ေဒသခံအမ်ားအျပား ေနရပ္စြန႔္ခြာတိုက္ပြဲေရွာင္ေနၾကရေၾကာင္း ေဒသခံမ်ား NP News ဂ်ာနယ္သို႔ ေျပာသည္။
ေရၾကည္ၿမိဳ႕နယ္အစြန္ပိုင္းရွိ သီတာကုန္းျပင္အနီးတစ္ဝိုက္မွ ေဒသခံမ်ားအပါအဝင္ ေလးမ်က္ ႏွာၿမိဳ႕နယ္ရွိ သဲႏုကုန္း၊ ေလွာ္ကထား စေသာ ေက်း႐ြာအနီးတစ္ဝိုက္မွ ေဒသခံအမ်ားအျပားမွာ AA ၏ တိုက္ခိုက္မႈေၾကာင့္ တိုက္ပြဲေရွာင္ေနၾကရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“အခုဆိုရင္႐ြာမွာ လူက သုံးပုံတစ္ပုံ ေလာက္ပဲက်န္ေတာ့တယ္။ ေတာ္ေတာ္မ်ားမ်ားက ငါးသိုင္း ေခ်ာင္းဘက္ကို စစ္ေရွာင္သြားၾကတယ္။ ပိုက္ဆံတတ္ႏိုင္တဲ့သူေတြကေတာ့ ရန္ကုန္ကိုသြားၿပီ။ သြားဖို႔ အတြက္ ေငြမရွိတဲ့လူေတြေလာက္ပဲ ႐ြာမွာ က်န္ခဲ့တာ။ ေလွာ္ကထား ႐ြာဘက္မွာဆိုရင္လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းက ေက်ာင္းေတြေတာင္ ပိတ္လိုက္ရတယ္လို႔ၾကားတယ္။ ေစာျပာ႐ြာတို႔၊ သဲႏုကုန္းတို႔ ဘက္မွာ လည္း ျဖစ္ေနတယ္ၾကားတယ္” ဟု ကုန္းျပင္ေက်း႐ြာမွ ေဒသခံတစ္ဦးက ဆိုသည္။
လက္ရွိတြင္ AA အဖြဲ႕က ေရၾကည္ၿမိဳ႕ နယ္ရွိ ကုန္းျပင္ေက်း႐ြာအုပ္စု၊ မက်ည္းကုန္းေက်း႐ြာ အထိ ထိန္းခ်ဳပ္ထားၿပီး ေလးမ်က္ႏွာၿမိဳ႕နယ္တြင္ သဲႏုကုန္းေက်း႐ြာအထိ ထိန္းခ်ဳပ္ထားေၾကာင္း ေျမျပင္သတင္းရင္းျမစ္မ်ားထံမွ သိရသည္။
AA ထိန္းခ်ဳပ္ရာေဒသမ်ားအတြင္းတြင္ ေငြေၾကးအခက္ခဲေၾကာင့္ အခ်ိန္မီ မတိမ္းေရွာင္ႏိုင္ခဲ့ သည့္ အရပ္သားျပည္သူအခ်ိဳ႕လည္း ပိတ္မိေနၿပီး လက္ရွိအခ်ိန္အထိ မိသားစုႏွင့္ အဆက္အသြယ္ မရ ေသးေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
လက္ရွိတြင္ တပ္မေတာ္ႏွင့္ AA တို႔ အၾကား တိုက္ပြဲမ်ားျပင္းထန္ေနၿပီး တပ္မေတာ္မွ ေလ ေၾကာင္းပစ္ကူေပးလ်က္ရွိေၾကာင္းႏွင့္ အဆိုပါတိုက္ပြဲသံမ်ားကို ငါးသိုင္းေခ်ာင္းၿမိဳ႕ႏွင့္ ေလးမ်က္ႏွာ ၿမိဳ႕တို႔၏ ၿမိဳ႕ေပၚရပ္ကြက္မ်ားမွ ၾကားေနရေၾကာင္း ေဒသခံမ်ားကေျပာသည္။
AA အေနျဖင့္ ဧရာဝတီတိုင္းအတြင္းတြင္ ေဘာမိမွ အေရွ႕ေတာင္ဘက္ သာေပါင္းသို႔ ဦးတည္ တိုက္ခိုက္ျခင္း၊ ဂြ-ငါးသိုင္းေခ်ာင္းကား လမ္းအတိုင္း ေရၾကည္ၿမိဳ႕နယ္၊ ငါးသိုင္းေခ်ာင္း၊ ေျမာက္စမ္း အေျခစိုက္အမွတ္ (၃၄၄) အေျမာက္ တပ္ရင္း (အမတ ၃၄၄) သို႔ ဦး၍ တိုက္ခိုက္ျခင္းႏွင့္ အဂၤပူ၊ ေလး မ်က္ႏွာၿမိဳ႕နယ္ဘက္သို႔ ဦးတည္ခိုက္ ျခင္းဟူ၍ လမ္းေၾကာင္းသုံးခုျဖင့္ တိုက္ခိုက္ေနေၾကာင္း စစ္ေရး ေလ့လာသူမ်ား၏ သုံးသပ္ခ်က္မ်ားအရ သိရသည္။