တပ်မတော်က နောင်ချိုကို ယခုလကုန်အပြီး ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်

 844

Pearl (NP News) - ဇွန် ၂၃

တပ်မတော်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့ကို ယခုလကုန်တွင် အပြီးပြန်လည်သိမ်း ပိုက်နိုင်ရန်ရည်ရွယ်တိုက်ခိုက်နေကြောင်း လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြော သည်။
လက်ရှိတွင် တပ်မတော်လုံခြုံရေးအဖွဲ့၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောင်ချိုဒေသတွင် TNLA ဘက်မှ အထိနာနေလျက်ရှိပြီး TNLA အဖွဲ့ ဝင်အနည်းငယ်နှင့် PDF ပူးပေါင်းအဖွဲ့များက နောင်ချိုမြို့တွင်းရှိ အဆောက်အအုံအချို့တွင် အခိုင်အမာ ခံစစ်ပြင်ထားကာ တပ်မတော်ဘက်ကလည်း နောင်ချိုမြို့အနီးသို့ ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။
“သူတို့ဘက်မှာ TNLA က နည်းနည်းပဲ ကျန်တော့တယ်။ ကျောက်ဆည် PDF ရယ်၊ မန္တလေး PDF ရယ် နည်းနည်းပဲ ကျန်နေသေးတယ်။ ဓနု PDF ရယ်။ နောင်ချိုက ဘဏ်တစ်ခုရဲ့အပေါ် မှာအဲဒီ ကောင်တွေ ခံစစ်ယူထားတယ်။ ပွိုင့် (၅) တွေ ဘာတွေရော။ အပေါ်ကနေ ဝင်လာရင် အဲဒါနဲ့ပစ်မယ်ပေါ့ ဗျာ။ ဘဏ်ခေါင်မိုးပေါ်မှာ ဒီကောင်တွေ အဆင်သင့်ပြင်ထားတယ်။ ဟိုနားနည်းနည်း ဒီနားနည်း နည်း ဖြန့်ထားတာ” ဟု လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
ထို့ပြင် PDF ပူးပေါင်းအဖွဲ့အနေဖြင့် နောင်ချိုဒေသရှိ ကျောက်တောနှင့် ဂျပန်လေယာဉ် ကွင်း ဟောင်းကြားတွင် ဒေသန္တရမိုင်းအများအပြား ထောင်ထားသဖြင့် လုံခြုံရေးအဖွဲ့အနေဖြင့် သတိထားရန် လိုကြောင်းလည်း ၎င်းကပြောသည်။
“ကံကြီးက သိမ်းပြီးသွားပြီ။ သရက်ချို၊ နောင်အုန်း သိမ်းပြီးပြီ။ အခု မျက်ချင်းနုကို တိုက်နေ တယ်။ နောင်ချိုသိပ်မဝေးတော့ဘူး။ (၄)မိုင် ဝန်းကျင်ပဲ။ အခြေအနေကောင်းတယ်။ ဒီလကုန်လောက် ဆိုရင်တော့ သိမ်းပြီးလောက်ပြီ။ ကျောက်တောနဲ့ လေယာဉ်ကွင်းကြားတော့ မိုင်းဂရုစိုက်ဖို့လိုတယ်။ မိုင်း တွေက ဒေသန္တရမိုင်းတွေ တိုင်ကီပိုင်းကြီးတွေနဲ့ မိုင်းတွေအများချည်းပဲ။ ဂျပန် လေယာဉ်ကွင်းဟောင်းရှိ တယ်။ ကျောက်တောသွားမယ့်လမ်းမှာမိုင်း တွေ နည်းတာမဟုတ်ဘူး။ စစ်ကြောင်းတွေတော့ နည်းနည်း သတိထားရမယ်။ နောင်ချိုဗလီနားက ဂရုစိုက်ဖို့လိုတယ်။ အဲဒီနားမှာ ဟိုကောင်တွေ လက်နက်ခဲယမ်း တွေ ထားထားတာ။ ဟိုဘက်နားက ဈေး။ အဲဒီနားတွေမှာ နည်းနည်းဂရုစိုက်ရမယ်။ လကုန် ပြီးလောက် ဆိုရင်တော့ ရမယ်ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် နောင်ချိုဒေသရှိ ဓနု PDF နှင့် မြေပြန့် PDF အများအပြား အလင်းဝင်ရန် ဆန္ဒရှိနေ ကြောင်းလည်း သိရသည်။

Zawgyi Version:
တပ္မေတာ္က ေနာင္ခ်ိဳကို ယခုလကုန္အၿပီး ျပန္လည္သိမ္းပိုက္ရန္ ရည္႐ြယ္
Pearl (NP News) - ဇြန္ ၂၃
တပ္မေတာ္က ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေနာင္ခ်ိဳၿမိဳ႕ကို ယခုလကုန္တြင္ အၿပီးျပန္လည္သိမ္း ပိုက္ႏိုင္ရန္ရည္႐ြယ္တိုက္ခိုက္ေနေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာ သည္။
လက္ရွိတြင္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕၏ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ ေနာင္ခ်ိဳေဒသတြင္ TNLA ဘက္မွ အထိနာေနလ်က္ရွိၿပီး TNLA အဖြဲ႕ ဝင္အနည္းငယ္ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက ေနာင္ခ်ိဳၿမိဳ႕တြင္းရွိ အေဆာက္အအုံအခ်ိဳ႕တြင္ အခိုင္အမာ ခံစစ္ျပင္ထားကာ တပ္မေတာ္ဘက္ကလည္း ေနာင္ခ်ိဳၿမိဳ႕အနီးသို႔ ဆက္လက္ ထိုးစစ္ဆင္လ်က္ရွိေၾကာင္း သိရသည္။
“သူတို႔ဘက္မွာ TNLA က နည္းနည္းပဲ က်န္ေတာ့တယ္။ ေက်ာက္ဆည္ PDF ရယ္၊ မႏၲေလး PDF ရယ္ နည္းနည္းပဲ က်န္ေနေသးတယ္။ ဓႏု PDF ရယ္။ ေနာင္ခ်ိဳက ဘဏ္တစ္ခုရဲ႕အေပၚ မွာအဲဒီ ေကာင္ေတြ ခံစစ္ယူထားတယ္။ ပြိဳင့္ (၅) ေတြ ဘာေတြေရာ။ အေပၚကေန ဝင္လာရင္ အဲဒါနဲ႔ပစ္မယ္ေပါ့ ဗ်ာ။ ဘဏ္ေခါင္မိုးေပၚမွာ ဒီေကာင္ေတြ အဆင္သင့္ျပင္ထားတယ္။ ဟိုနားနည္းနည္း ဒီနားနည္း နည္း ျဖန႔္ထားတာ” ဟု လုံၿခဳံေရး တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
ထို႔ျပင္ PDF ပူးေပါင္းအဖြဲ႕အေနျဖင့္ ေနာင္ခ်ိဳေဒသရွိ ေက်ာက္ေတာႏွင့္ ဂ်ပန္ေလယာဥ္ ကြင္း ေဟာင္းၾကားတြင္ ေဒသႏၲရမိုင္းအမ်ားအျပား ေထာင္ထားသျဖင့္ လုံၿခဳံေရးအဖြဲ႕အေနျဖင့္ သတိထားရန္ လိုေၾကာင္းလည္း ၎ကေျပာသည္။
“ကံႀကီးက သိမ္းၿပီးသြားၿပီ။ သရက္ခ်ိဳ၊ ေနာင္အုန္း သိမ္းၿပီးၿပီ။ အခု မ်က္ခ်င္းႏုကို တိုက္ေန တယ္။ ေနာင္ခ်ိဳသိပ္မေဝးေတာ့ဘူး။ (၄)မိုင္ ဝန္းက်င္ပဲ။ အေျခအေနေကာင္းတယ္။ ဒီလကုန္ေလာက္ ဆိုရင္ေတာ့ သိမ္းၿပီးေလာက္ၿပီ။ ေက်ာက္ေတာနဲ႔ ေလယာဥ္ကြင္းၾကားေတာ့ မိုင္းဂ႐ုစိုက္ဖို႔လိုတယ္။ မိုင္း ေတြက ေဒသႏၲရမိုင္းေတြ တိုင္ကီပိုင္းႀကီးေတြနဲ႔ မိုင္းေတြအမ်ားခ်ည္းပဲ။ ဂ်ပန္ ေလယာဥ္ကြင္းေဟာင္းရွိ တယ္။ ေက်ာက္ေတာသြားမယ့္လမ္းမွာမိုင္း ေတြ နည္းတာမဟုတ္ဘူး။ စစ္ေၾကာင္းေတြေတာ့ နည္းနည္း သတိထားရမယ္။ ေနာင္ခ်ိဳဗလီနားက ဂ႐ုစိုက္ဖို႔လိုတယ္။ အဲဒီနားမွာ ဟိုေကာင္ေတြ လက္နက္ခဲယမ္း ေတြ ထားထားတာ။ ဟိုဘက္နားက ေဈး။ အဲဒီနားေတြမွာ နည္းနည္းဂ႐ုစိုက္ရမယ္။ လကုန္ ၿပီးေလာက္ ဆိုရင္ေတာ့ ရမယ္ထင္တယ္” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ေနာင္ခ်ိဳေဒသရွိ ဓႏု PDF ႏွင့္ ေျမျပန႔္ PDF အမ်ားအျပား အလင္းဝင္ရန္ ဆႏၵရွိေန ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.