အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမ (၁၂)ဦး၏ အလုပ်ခွင်ကင်းကွာခဲ့သည့် ကာလအတွက် လစာနှုန်းပြည့် ခံစားခွင့်ရနိုင်ရေး ဆောင်ရွက်နေ

 532

ပုံစာ - PDF များ၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည့် ကလေးတက္က သိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ယောဟန်ထွန်း
Pearl (NP News) - ဇွန် ၂၄
အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကလေးတက္ကသိုလ်မှ ဆရာ/ဆရာမ (၁၂)ဦး၏ အလုပ်ခွင်ကင်းကွာခဲ့သည့် ကာလများအတွက် လစာနှုန်းပြည့် ခံစားခွင့်ရနိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ပြန်ကြားရေး အဖွဲ့က မီဒီယာများထံ အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ကလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း၊ ပါမောက္ခ(ဌာနမှူး)များ ဖြစ်ကြသော ဒေါက်တာညိမ်းညိမ်းဝင်း၊ ဒေါက်တာကျော်စွာမင်း၊ ဒေါက်တာခင်မိမိဦး၊ ဒေါက်တာ မာမာဝေ၊ ဒေါက်တာသန်းထူးအောင်၊ ဒေါက်တာသိင်္ဂီနွယ်၊ ဒေါက်တာသိန်းစိုး၊ ဒေါက်တာ စိုးခိုင်ကျော်၊ ဒေါက်တာနန်းနွယ်စန်း၊ ဒေါက်တာခင်မောင်လွင်နှင့် ဒေါက်တာကိုကိုနိုင်တို့(၁၂)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂)ရန်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ကာ အလုပ်တာဝန်များ ပြန်လည်ထမ်းဆောင် ခွင့်ပြုနိုင်ရေး အတွက် တင်ပြလာခဲ့ကြောင်း သိရသည်။

ယင်းတို့အနက် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း သည် သက်ပြည့်အငြိမ်းစားယူသွားပြီးဖြစ်၍ ကျန်ရှိသောဆရာ၊ ဆရာမ (၁၁) ဦးသည် စစ်ဆေး တွေ့ရှိချက်များအရ အကြမ်းဖက်အဖွဲ့အစည်း၏ ဖမ်းဆီးခြင်းခံရသူဖြစ် ခြင်း၊ ၎င်းတို့၏ ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုကြောင့်မဟုတ်ဘဲ မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့်သာ အလုပ်ခွင် မှ ကင်းကွာခဲ့ခြင်းသာဖြစ်ပြီးမရိုးသားခြင်း၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုမရှိခြင်း၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့်လှုပ်ရှားမှုတစ်ခုခုတွင်ပါဝင်ခြင်း သို့မဟုတ် အားပေးကူညီခြင်းတို့အား ကျူးလွန်ခဲ့ခြင်းမရှိခဲ့ကြောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တက္ကသိုလ် များ တွင် ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရေးနှင့် အလုပ်ခွင်မှကင်းကွာ ခဲ့သည့် နေ့မှစ၍ ကင်းကွာခဲ့သည့်ကာလကို လစာနှုန်းပြည့်စရိတ်တို့ခံစားခွင့် ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက်များတောင်းခံပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Zawgyi Version:
အၾကမ္းဖက္အဖြဲ႕၏ ဖမ္းဆီးျခင္းခံခဲ့ရသည့္ ကေလးတကၠသိုလ္မွ ဆရာ/ဆရာမ (၁၂)ဦး၏ အလုပ္ခြင္ကင္းကြာခဲ့သည့္ ကာလအတြက္ လစာႏႈန္းျပည့္ ခံစားခြင့္ရႏိုင္ေရး ေဆာင္႐ြက္ေန
Pearl (NP News) - ဇြန္ ၂၄
အၾကမ္းဖက္အဖြဲ႕၏ ဖမ္းဆီးျခင္းခံခဲ့ရသည့္ ကေလးတကၠသိုလ္မွ ဆရာ/ဆရာမ (၁၂)ဦး၏ အလုပ္ခြင္ကင္းကြာခဲ့သည့္ ကာလမ်ားအတြက္ လစာႏႈန္းျပည့္ ခံစားခြင့္ရႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕က မီဒီယာမ်ားထံ အသိေပးထားသည္။

ၿပီးခဲ့သည့္ ၂၀၂၄ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၆)ရက္ေန႔တြင္ ကေလးတကၠသိုလ္မွ ပါေမာကၡခ်ဳပ္ ေဒါက္တာေယာဟန္ထြန္း၊ ပါေမာကၡ(ဌာနမႉး)မ်ား ျဖစ္ၾကေသာ ေဒါက္တာညိမ္းညိမ္းဝင္း၊ ေဒါက္တာေက်ာ္စြာမင္း၊ ေဒါက္တာခင္မိမိဦး၊ ေဒါက္တာ မာမာေဝ၊ ေဒါက္တာသန္းထူးေအာင္၊ ေဒါက္တာသိဂႌႏြယ္၊ ေဒါက္တာသိန္းစိုး၊ ေဒါက္တာ စိုးခိုင္ေက်ာ္၊ ေဒါက္တာနန္းႏြယ္စန္း၊ ေဒါက္တာခင္ေမာင္လြင္ႏွင့္ ေဒါက္တာကိုကိုႏိုင္တို႔(၁၂)ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ ၿပီးခဲ့သည့္ ၂၀၂၅ခုႏွစ္ ဇန္နဝါရီလ (၂)ရန္ေန႔က ျပန္လည္ လြတ္ေျမာက္လာခဲ့ကာ အလုပ္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္ ခြင့္ျပဳႏိုင္ေရး အတြက္ တင္ျပလာခဲ့ေၾကာင္း သိရသည္။

ယင္းတို႔အနက္ ပါေမာကၡခ်ဳပ္ ေဒါက္တာေယာဟန္ထြန္း သည္ သက္ျပည့္အၿငိမ္းစားယူသြားၿပီးျဖစ္၍ က်န္ရွိေသာဆရာ၊ ဆရာမ (၁၁) ဦးသည္ စစ္ေဆး ေတြ႕ရွိခ်က္မ်ားအရ အၾကမ္းဖက္အဖြဲ႕အစည္း၏ ဖမ္းဆီးျခင္းခံရသူျဖစ္ ျခင္း၊ ၎တို႔၏ ျပဳလုပ္မႈ (သို႔မဟုတ္) ပ်က္ကြက္မႈေၾကာင့္မဟုတ္ဘဲ မေမွ်ာ္မွန္းႏိုင္သည့္ အေျခအေနေၾကာင့္သာ အလုပ္ခြင္ မွ ကင္းကြာခဲ့ျခင္းသာျဖစ္ၿပီးမ႐ိုးသားျခင္း၊ ႏိုင္ငံေတာ္အေပၚသစၥာေစာင့္သိမႈမရွိျခင္း၊ ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕ဝွက္အက္ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ၿငိစြန္းျခင္း၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ တရားဥပေဒ စိုးမိုးေရးကို ထိခိုက္ေစသည့္လႈပ္ရွားမႈတစ္ခုခုတြင္ပါဝင္ျခင္း သို႔မဟုတ္ အားေပးကူညီျခင္းတို႔အား က်ဴးလြန္ခဲ့ျခင္းမရွိခဲ့ေၾကာင္း ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားရွိ တကၠသိုလ္ မ်ား တြင္ ျပန္လည္တာဝန္ထမ္းေဆာင္ႏိုင္ေရးႏွင့္ အလုပ္ခြင္မွကင္းကြာ ခဲ့သည့္ ေန႔မွစ၍ ကင္းကြာခဲ့သည့္ကာလကို လစာႏႈန္းျပည့္စရိတ္တို႔ခံစားခြင့္ ျပဳႏိုင္ေရးအတြက္ သက္ဆိုင္ရာ ဌာနမ်ားသို႔ သေဘာထားမွတ္ခ်က္မ်ားေတာင္းခံၿပီး လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.