သရုပ်ဆောင် လီဗြောင်ဟွန်း "Koreans" ဇာတ်ကားသစ်မှာ သူလျှိုဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေ

412

ရောင်နီ(NP News) - ဇွန် ၂၅
တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင် လီဗြောင်ဟွန်းဟာ နာမည်ကျော် "The Americans" ဇာတ်ကားကို ကိုရီးယားဗားရှင်းပြန်ရိုက်မယ့် "Koreans" ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
လီဗြောင်ဟွန်းဟာ "Koreans" ဇာတ်ကားမှာ သူလျှိုဇာတ်ကောင်နေရာက ပါဝင်မှာဖြစ်ပြီး လက်ရှိ ဆွေးနွေးမှု နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တယ်လို့ ဇွန်လ ၂၄ ရက်နေ့က သူရဲ့ အေဂျင်စီ BH Entertainment က ပြောပါတယ်။ "Koreans” ဇာတ်ကားဟာ လူကြိုက်များတဲ့ အမေရိကန်စီးရီး “The Americans” ကို ပြန်လည်ပုံဖော်ထားတဲ့ ထောက်လှမ်းရေးဒရာမာဖြစ်ပါတယ်။ မူရင်း "The American" ဇာတ်လမ်းဟာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ Season (၆)ခုအထိထွက်ရှိခဲ့ပြီး စစ်အေးတိုက်ပွဲကာလအတွင်း အမေရိကန်ပြည်ထောင်စုက သူလျှိုစုံတွဲတစ်တွဲကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
လီဗြောင်ဟွန်းဟာ ၂၀၀၉ ခုနှစ် ကိုရီးယားသူလျှိုဒရာမာ “Iris” နဲ့ နာမည်ကြီးခဲ့သူဖြစ်တာကြောင့် ဒီဇာက်ကားဟာ လီဗြောင်ဟွန်းအတွက် Iris ဇာတ်ကားလို သူလျှိုဇာတ်ကောင်နဲ့ ပြန်မြင်တွေ့ရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒါအပြင် "Koreans" ဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာဟာ ဆုပေါင်းများစွာရရှိထားတဲ့ "The Glory" ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်း ဖြစ်တာကြောင့် လူစိတ်ဝင်စားမှု ပိုမိုမြင့်တက်နေပါတယ်။ ဇာတ်ကားကို ဘတ်ဂျက်များများသုံးပြီး ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတွေကနေ ထုတ်လွှင့်ပြသဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
zawgyi version
သ႐ုပ္ေဆာင္ လီေျဗာင္ဟြန္း "Koreans" ဇာတ္ကားသစ္မွာ သူလွ်ိဳဇာတ္ေကာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေန
ေရာင္နီ(NP News) - ဇြန္ ၂၅
ေတာင္ကိုရီးယား အမ်ိဳးသား သ႐ုပ္ေဆာင္ လီေျဗာင္ဟြန္းဟာ နာမည္ေက်ာ္ "The Americans" ဇာတ္ကားကို ကိုရီးယားဗားရွင္းျပန္႐ိုက္မယ့္ "Koreans" ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
လီေျဗာင္ဟြန္းဟာ "Koreans" ဇာတ္ကားမွာ သူလွ်ိဳဇာတ္ေကာင္ေနရာက ပါဝင္မွာျဖစ္ၿပီး လက္ရွိ ေဆြးေႏြးမႈ ေနာက္ဆုံးအဆင့္ေရာက္ေနၿပီျဖစ္တယ္လို႔ ဇြန္လ ၂၄ ရက္ေန႔က သူရဲ႕ ေအဂ်င္စီ BH Entertainment က ေျပာပါတယ္။ "Koreans” ဇာတ္ကားဟာ လူႀကိဳက္မ်ားတဲ့ အေမရိကန္စီးရီး “The Americans” ကို ျပန္လည္ပုံေဖာ္ထားတဲ့ ေထာက္လွမ္းေရးဒရာမာျဖစ္ပါတယ္။ မူရင္း "The American" ဇာတ္လမ္းဟာ ၂၀၁၃ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ Season (၆)ခုအထိထြက္ရွိခဲ့ၿပီး စစ္ေအးတိုက္ပြဲကာလအတြင္း အေမရိကန္ျပည္ေထာင္စုက သူလွ်ိဳစုံတြဲတစ္တြဲကို ဇာတ္အိမ္တည္ကာ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။
လီေျဗာင္ဟြန္းဟာ ၂၀၀၉ ခုႏွစ္ ကိုရီးယားသူလွ်ိဳဒရာမာ “Iris” နဲ႔ နာမည္ႀကီးခဲ့သူျဖစ္တာေၾကာင့္ ဒီဇာက္ကားဟာ လီေျဗာင္ဟြန္းအတြက္ Iris ဇာတ္ကားလို သူလွ်ိဳဇာတ္ေကာင္နဲ႔ ျပန္ျမင္ေတြ႕ရမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒါအျပင္ "Koreans" ဇာတ္ကားကို ႐ိုက္ကူးမယ့္ ဒါ႐ိုက္တာဟာ ဆုေပါင္းမ်ားစြာရရွိထားတဲ့ "The Glory" ဇာတ္ကားကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာလည္း ျဖစ္တာေၾကာင့္ လူစိတ္ဝင္စားမႈ ပိုမိုျမင့္တက္ေနပါတယ္။ ဇာတ္ကားကို ဘတ္ဂ်က္မ်ားမ်ားသုံးၿပီး ကမာၻလုံးဆိုင္ရာ ပလက္ေဖာင္းေတြကေန ထုတ္လႊင့္ျပသဖို႔ ေဆြးေႏြးေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနေပမယ့္ အတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသးပါဘူး။