ရန်ကုန်တွင် တောင်းရမ်းသူ ကလေးငယ်အရေအတွက် ပိုမို မြင့်တက်လာ

 1969

သက်ပိုင် (NP News) - ဇွန် ၂၅

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာ မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် တောင်းရမ်း စားသောက်သည့် ကလေးငယ်အရေအတွက် ပိုမိုများပြားလာနေကြောင်း မြို့ခံများကပြောသည်။

ထိုသို့ များလာခြင်းနှင့်အတူ တောင်းရမ်း ရာတွင်လည်း နည်းအမျိုးမျိုးဖြင့် တောင်းရမ်း လာကြပြီး ရံဖန်ရံခါ တောင်းရမ်းသူကလေးငယ် များက ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများပင် ပြုလုပ်လာနေကြကြောင်း မေးမြန်းချက်များအရ သိရသည်။

" အရင်ကဆိုရင် ကလေးတွေက လက် ဖြန့်ပြီးတောင်းတာလောက်ပဲရှိတယ်။ အခု နောက် ပိုင်းကျတော့ လက်ဆွဲပြီးတောင်းတာ။ အင်္ကျီစတွေကို ကိုင်ပြီးတောင်းတာတွေပါရှိလာနေပြီ။ နောက်ပြီးတော့ မပေးရင်ဆဲဆိုတာတွေ၊ ရိုင်းစိုင်းတဲ့အပြုအမူတွေ လုပ်တာတွေပါရှိလာပြီ။ ဒါမျိုးတွေကို ဒီအတိုင်း ထားရင် နောက်ဆိုလုပါလုလာနိုင်မလားမသိဘူး" ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကဆိုသည်။

တောင်းရမ်းသည့် ကလေးငယ်များကို လူစည်ကားသည့်နေရာများ၊ လမ်းဆုံလမ်းခွများ၊ မီးပွိုင့်များနှင့် ပန်းခြံများတွင် အများဆုံးတွေ့ရ လေ့ရှိပြီး အချို့မီးပွိုင့်များ၌တောင်းရမ်းရာတွင် ရိုးရိုး တောင်းရမ်းသည်သာမက ကားမှန်ဆေးကာ ငွေတောင်းရမ်းခြင်း၊ လသားအရွယ်ကလေးငယ်များ ချီကာ တောင်းရမ်းခြင်းများလည်း ရှိလာနေပြီး ယာဉ် အန္တရာယ်ဖြစ်ပွားရန် အလွန်စိုးရိမ်ရသည့်အခြေအနေ ဖြစ်နေကြောင်း ရန်ကုန်မြို့ဒေသခံများကဆိုသည်။

" သူတို့က ကားတွေကို အတင်းဆပ်ပြာ တွေအဝတ်တွေနဲ့ သုတ်တယ်။ ပြီးတော့ ငွေတောင်း တယ်။ ကလေးတွေဆိုတာက အရပ်ကနိမ့်နိမ့်လေး၊ သူတို့တောင်းနေတုန်းမှာ မီးပွိုင့်လွတ်လို့ ကား အမြန်ထွက်ရရင် အရမ်းသတိထားရတယ်။ မတော် လို့ ထိမိခိုက်မိခဲ့ရင် ကိုယ်ပဲထောင်ထဲဝင်ရမှာလေ။ ဒါမျိုးတွေကျတော့ ကားသမားတွေ အတော်သတိ ထားနေရတယ်။ အဲဒီလိုကလေးတွေရှိတဲ့မီးပွိုင့် တွေကိုရောက်ရင် တံခါးမဖွင့်ထားရဲဘူး" ဟု ရန်ကုန်မြို့တွင် Taxi မောင်းနေသူတစ်ဦးကဆိုသည်။

ထိုသို့တောင်းရမ်းနေသည့် ကလေးငယ် အချို့သည် ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်များမှ အုပ်ထိန်းသူဟု ယူဆရသူများဖြင့် ရန်ကုန်မြို့ လယ်သို့ လာရောက်တောင်းရမ်းလေ့ရှိပြီး ညပိုင်းတွင် YBS ကားဖြင့် ၎င်းတို့နေထိုင်ရာနေရာများသို့ ပြန်လေ့ရှိကြောင်း NP News ၏ စုံစမ်းလေ့လာမှုများအရ သိရသည်။

အချို့တောင်းရမ်းသူကလေးငယ်များ တောင်းရမ်းငွေနည်းပါးသည့်နေ့များတွင် အဆိုပါ အုပ်ထိန်းသူဟုယူဆရသူက နေအိမ်မှနှင်ထုတ်မည် ဟု ခြိမ်းခြောက်ခြင်း၊ ထမင်းအငတ်ထားမည်ဟု ပြောဆိုခြင်းနှင့် အော်ဟစ် ဆဲဆိုခြင်းများပြုလုပ်ခြင်း တို့ရှိကြောင်းလည်း မေးမြန်းချက်များအရ သိရသည်။ " ဒီလိုကလေးတွေတောင်းရင် ငွေရပိုလွယ် တယ်ဆိုတာကို သိတဲ့လူတစ်စုက ဂိုဏ်း တွေဖွဲ့ပြီး ကလေးတွေကိုတောင်းခိုင်းတာတွေက အရင် ကတည်းကရှိတယ်။ အခုနောက်ပိုင်းမှာတော့ အားလုံးကကျပ်တည်းတော့ ပိုဆိုးလာတယ် လို့မြင်တယ်။ ဒီကလေးတွေကိုဖမ်းတာထက် ဒီလိုအနောက်က တောင်းခိုင်းတဲ့လူတွေကို အဓိက ဖမ်းရမှာ" ဟု အမည်မဖော်လိုသည့် ရန်ကုန်မြို့ခံ တစ်ဦးကဆိုသည်။

အများပြည်သူတို့အား အနှောင့်အယှက် ဖြစ်စေရန် လမ်းများ၊ အများပြည်သူဆိုင်ရာနေရာ များတွင် တောင်းရမ်းခြင်း သို့မဟုတ် လိမ်လည် အလှူခံခြင်းများ ပြုလုပ်ပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဝရမ်းမပါ ဖမ်းဆီးအရေးယူပိုင်ခွင့်ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပေဒကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ပြီးခဲ့သော (၂၀၂၂)ခုနှစ် မတ်လအတွင်း က ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေကို ဖောက် ဖျက်ကျူးလွန်ပါက ထောင်ဒဏ်အ နည်းဆုံးတစ်လမှ အများဆုံး သုံးလထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ် ငါးသောင်း ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ရန္ကုန္တြင္ ေတာင္းရမ္းသူ ကေလးငယ္အေရအတြက္ ပိုမို ျမင့္တက္လာ
သက္ပိုင္ (NP News) - ဇြန္ ၂၅

ျမန္မာႏိုင္ငံ၏ စီးပြားေရးအခ်က္အခ်ာ ၿမိဳ႕ေတာ္ျဖစ္သည့္ ရန္ကုန္ၿမိဳ႕တြင္ ေတာင္းရမ္း စားေသာက္သည့္ ကေလးငယ္အေရအတြက္ ပိုမိုမ်ားျပားလာေနေၾကာင္း ၿမိဳ႕ခံမ်ားကေျပာသည္။

ထိုသို႔ မ်ားလာျခင္းႏွင့္အတူ ေတာင္းရမ္း ရာတြင္လည္း နည္းအမ်ိဳးမ်ိဳးျဖင့္ ေတာင္းရမ္း လာၾကၿပီး ရံဖန္ရံခါ ေတာင္းရမ္းသူကေလးငယ္ မ်ားက ကိုယ္ထိလက္ေရာက္က်ဴးလြန္ျခင္းမ်ားပင္ ျပဳလုပ္လာေနၾကေၾကာင္း ေမးျမန္းခ်က္မ်ားအရ သိရသည္။

" အရင္ကဆိုရင္ ကေလးေတြက လက္ ျဖန႔္ၿပီးေတာင္းတာေလာက္ပဲရွိတယ္။ အခု ေနာက္ ပိုင္းက်ေတာ့ လက္ဆြဲၿပီးေတာင္းတာ။ အက်ႌစေတြကို ကိုင္ၿပီးေတာင္းတာေတြပါရွိလာေနၿပီ။ ေနာက္ၿပီးေတာ့ မေပးရင္ဆဲဆိုတာေတြ၊ ႐ိုင္းစိုင္းတဲ့အျပဳအမူေတြ လုပ္တာေတြပါရွိလာၿပီ။ ဒါမ်ိဳးေတြကို ဒီအတိုင္း ထားရင္ ေနာက္ဆိုလုပါလုလာႏိုင္မလားမသိဘူး" ဟု ရန္ကုန္ၿမိဳ႕ေန ျပည္သူတစ္ဦးကဆိုသည္။

ေတာင္းရမ္းသည့္ ကေလးငယ္မ်ားကို လူစည္ကားသည့္ေနရာမ်ား၊ လမ္းဆုံလမ္းခြမ်ား၊ မီးပြိဳင့္မ်ားႏွင့္ ပန္းၿခံမ်ားတြင္ အမ်ားဆုံးေတြ႕ရ ေလ့ရွိၿပီး အခ်ိဳ႕မီးပြိဳင့္မ်ား၌ေတာင္းရမ္းရာတြင္ ႐ိုး႐ိုး ေတာင္းရမ္းသည္သာမက ကားမွန္ေဆးကာ ေငြေတာင္းရမ္းျခင္း၊ လသားအ႐ြယ္ကေလးငယ္မ်ား ခ်ီကာ ေတာင္းရမ္းျခင္းမ်ားလည္း ရွိလာေနၿပီး ယာဥ္ အႏၲရာယ္ျဖစ္ပြားရန္ အလြန္စိုးရိမ္ရသည့္အေျခအေန ျဖစ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ေဒသခံမ်ားကဆိုသည္။

" သူတို႔က ကားေတြကို အတင္းဆပ္ျပာ ေတြအဝတ္ေတြနဲ႔ သုတ္တယ္။ ၿပီးေတာ့ ေငြေတာင္း တယ္။ ကေလးေတြဆိုတာက အရပ္ကနိမ့္နိမ့္ေလး၊ သူတို႔ေတာင္းေနတုန္းမွာ မီးပြိဳင့္လြတ္လို႔ ကား အျမန္ထြက္ရရင္ အရမ္းသတိထားရတယ္။ မေတာ္ လို႔ ထိမိခိုက္မိခဲ့ရင္ ကိုယ္ပဲေထာင္ထဲဝင္ရမွာေလ။ ဒါမ်ိဳးေတြက်ေတာ့ ကားသမားေတြ အေတာ္သတိ ထားေနရတယ္။ အဲဒီလိုကေလးေတြရွိတဲ့မီးပြိဳင့္ ေတြကိုေရာက္ရင္ တံခါးမဖြင့္ထားရဲဘူး" ဟု ရန္ကုန္ၿမိဳ႕တြင္ Taxi ေမာင္းေနသူတစ္ဦးကဆိုသည္။

ထိုသို႔ေတာင္းရမ္းေနသည့္ ကေလးငယ္ အခ်ိဳ႕သည္ ရန္ကုန္ၿမိဳ႕ဆင္ေျခဖုံးရပ္ကြက္မ်ားမွ အုပ္ထိန္းသူဟု ယူဆရသူမ်ားျဖင့္ ရန္ကုန္ၿမိဳ႕ လယ္သို႔ လာေရာက္ေတာင္းရမ္းေလ့ရွိၿပီး ညပိုင္းတြင္ YBS ကားျဖင့္ ၎တို႔ေနထိုင္ရာေနရာမ်ားသို႔ ျပန္ေလ့ရွိေၾကာင္း NP News ၏ စုံစမ္းေလ့လာမႈမ်ားအရ သိရသည္။

အခ်ိဳ႕ေတာင္းရမ္းသူကေလးငယ္မ်ား ေတာင္းရမ္းေငြနည္းပါးသည့္ေန႔မ်ားတြင္ အဆိုပါ အုပ္ထိန္းသူဟုယူဆရသူက ေနအိမ္မွႏွင္ထုတ္မည္ ဟု ၿခိမ္းေျခာက္ျခင္း၊ ထမင္းအငတ္ထားမည္ဟု ေျပာဆိုျခင္းႏွင့္ ေအာ္ဟစ္ ဆဲဆိုျခင္းမ်ားျပဳလုပ္ျခင္း တို႔ရွိေၾကာင္းလည္း ေမးျမန္းခ်က္မ်ားအရ သိရသည္။ " ဒီလိုကေလးေတြေတာင္းရင္ ေငြရပိုလြယ္ တယ္ဆိုတာကို သိတဲ့လူတစ္စုက ဂိုဏ္း ေတြဖြဲ႕ၿပီး ကေလးေတြကိုေတာင္းခိုင္းတာေတြက အရင္ ကတည္းကရွိတယ္။ အခုေနာက္ပိုင္းမွာေတာ့ အားလုံးကက်ပ္တည္းေတာ့ ပိုဆိုးလာတယ္ လို႔ျမင္တယ္။ ဒီကေလးေတြကိုဖမ္းတာထက္ ဒီလိုအေနာက္က ေတာင္းခိုင္းတဲ့လူေတြကို အဓိက ဖမ္းရမွာ" ဟု အမည္မေဖာ္လိုသည့္ ရန္ကုန္ၿမိဳ႕ခံ တစ္ဦးကဆိုသည္။

အမ်ားျပည္သူတို႔အား အေႏွာင့္အယွက္ ျဖစ္ေစရန္ လမ္းမ်ား၊ အမ်ားျပည္သူဆိုင္ရာေနရာ မ်ားတြင္ ေတာင္းရမ္းျခင္း သို႔မဟုတ္ လိမ္လည္ အလႉခံျခင္းမ်ား ျပဳလုပ္ပါက ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ဝရမ္းမပါ ဖမ္းဆီးအေရးယူပိုင္ခြင့္ရွိေသာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဥေပဒကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ၿပီးခဲ့ေသာ (၂၀၂၂)ခုႏွစ္ မတ္လအတြင္း က ျပ႒ာန္းခဲ့သည္။ အဆိုပါဥပေဒကို ေဖာက္ ဖ်က္က်ဴးလြန္ပါက ေထာင္ဒဏ္အ နည္းဆုံးတစ္လမွ အမ်ားဆုံး သုံးလထိျဖစ္ေစ၊ ေငြဒဏ္အနည္းဆုံး က်ပ္တစ္ေသာင္းမွ အမ်ားဆုံး က်ပ္ ငါးေသာင္း ထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.