ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမကြီးပေါ်တွင် PDFများထောင်ထားသော လက်လုပ်မိုင်း (၁၁) လုံး တွေ့

 568

ချယ်ရီ (NP News) - ဇွန် ၂၅
မွန်ပြည်နယ်ရှိ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDFများထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း (၁၁) လုံး တွေ့ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (ဇွန်လ ၂၄ ရက်)၊ နံနက်ပိုင်းက ကျိုက်ထိုမြို့၏ အနောက်မြောက်ဘက် မီတာ (၁၃,၀၀၀) ခန့်အကွာ၊ အင်္ဂပိုကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF များက (၅)ဂါလန်ပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း (၂)လုံးကိုလည်းကောင်း၊ အဆိုပါ ပြည်ထောင်စုလမ်း၏ မိုင်တိုင်အမှတ် (၉၄ မိုင် ၇ ဖာလုံ)အနီး တံတားအမှတ် (၃/၉၅)နေရာရှိ တံတားအောက်ခြေတွင် (၅)ဂါလန်ပုံးများဖြင့်ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း (၇)လုံးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုင်တိုင်အမှတ် (၉၄ မိုင် ၃ ဖာလုံ) နေရာ၌ (၅)ဂါလန်ပုံးများဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း (၂)လုံးတို့ကိုတွေ့ရှိခဲ့ရာ စုစုပေါင်းဒေသန္တရလက်လုပ်မိုင်း (၁၁) လုံးတို့ မိုင်းထောင်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ပြည်သူများ ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် PDF များက မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ရန္ကုန္-ေမာ္လၿမိဳင္သြား ကားလမ္းမႀကီးေပၚတြင္ PDFမ်ားေထာင္ထားေသာ လက္လုပ္မိုင္း (၁၁) လုံး ေတြ႕
ခ်ယ္ရီ (NSS) - ဇြန္ ၂၅
မြန္ျပည္နယ္ရွိ ရန္ကုန္-ေမာ္လၿမိဳင္သြား ျပည္ေထာင္စုကားလမ္းမႀကီးေပၚ၌ PDFမ်ားေထာင္ထားေသာ ေဒသႏၲရလက္လုပ္မိုင္း (၁၁) လုံး ေတြ႕ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ (ဇြန္လ ၂၄ ရက္)၊ နံနက္ပိုင္းက က်ိဳက္ထိုၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ (၁၃,၀၀၀) ခန႔္အကြာ၊ အဂၤပိုေက်း႐ြာအနီးရွိ ရန္ကုန္-ေမာ္လၿမိဳင္သြား ျပည္ေထာင္စုကားလမ္းမႀကီးေပၚ၌ PDF မ်ားက (၅)ဂါလန္ပုံးမ်ားျဖင့္ ျပဳလုပ္ထားသည့္ ေဒသႏၲရလက္လုပ္မိုင္း (၂)လုံးကိုလည္းေကာင္း၊ အဆိုပါ ျပည္ေထာင္စုလမ္း၏ မိုင္တိုင္အမွတ္ (၉၄ မိုင္ ၇ ဖာလုံ)အနီး တံတားအမွတ္ (၃/၉၅)ေနရာရွိ တံတားေအာက္ေျခတြင္ (၅)ဂါလန္ပုံးမ်ားျဖင့္ျပဳလုပ္ထားသည့္ ေဒသႏၲရလက္လုပ္မိုင္း (၇)လုံးတို႔ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မိုင္တိုင္အမွတ္ (၉၄ မိုင္ ၃ ဖာလုံ) ေနရာ၌ (၅)ဂါလန္ပုံးမ်ားျဖင့္ ျပဳလုပ္ထားေသာ လက္လုပ္မိုင္း (၂)လုံးတို႔ကိုေတြ႕ရွိခဲ့ရာ စုစုေပါင္းေဒသႏၲရလက္လုပ္မိုင္း (၁၁) လုံးတို႔ မိုင္းေထာင္ထားသည္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း သိရသည္။
ယခုကဲ့သို႔ ျပည္သူမ်ား ထိခိုက္ပ်က္စီးဒဏ္ရာရရွိေစရန္ PDF မ်ားက မိုင္းေထာင္ျခင္း၊ မိုင္းဆြဲတိုက္ခိုက္ျခင္းမ်ားကို မၾကာခဏ လုပ္ေဆာင္လ်က္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာလုံၿခဳံေရးလုပ္ငန္းစဥ္မ်ားကို ေဒသခံျပည္သူမ်ားႏွင့္ပူးေပါင္း၍ တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.