စစ်ကိုင်းမြို့နယ်တွင် NUGလက်အောက်ခံ ပကဖ(၈)ဦးနှင့် လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိ

 3442

(NP News)-ဇွန် ၂၅
စစ်ကိုင်းမြို့နယ်၊ တဲကြီးကျေးရွာတွင် NUGလက်အောက်ခံ ပကဖ(၈)ဦးနှင့် လက်နက်ခဲယမ်းများကို ပြီးခဲ့သည့် ဇွန်လ ၂၃ရက်၊ နံနက် ၉နာရီ ၃၅မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ရှင်းလင်းရာ ရွာ၏မြောက်ဘက် တဲကြီးသချိုင်းအနီး ကိုင်းတောအတွင်း ပုန်းအောင်းနေသည့် ပြည့်ဖြိုးအောင်(ခ)ကတုံး၊ မျိုးချစ်သူ၊ ဖြိုးထက်ဇော်၊ သဲမောင်မောင်ထွန်း၊ ရဲလင်းဦး၊ ဖြိုးဝေဇော်၊ ရဲကိုကို၊ ရဲထက်(ခ)ငရဲတို့ တွေ့ရှိခဲ့သဖြင့် စစ်မေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့သည် တဲကြီးကျေးရွာ ပကဖများဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဏာမ မေးမြန်းရာ ဖမ်းဆီးရမိသူများ အနက် ပြည့်ဖြိုးအောင်(ခ)ကတုံး မှာ ပကဖ အဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်ကြောင်းနှင့် ခေါင်းဆောင်မှာ တဲကြီးကျေးရွာနေ နိုင်ထွန်းဖြစ်ပြီး အင်အား ၂၀ ကျော်ဖြင့်ဖွဲ့စည်းခဲ့ကြောင်း လတ်တလောတွင် ခေါင်းဆောင်ဖြစ်သူမှာ အခြားအဖွဲ့ဝင်များဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

ထို့နောက် ပြည့်ဖြိုးအောင် နှင့်အဖွဲ့အား သတင်းထောက်လှမ်းရန်အတွက် ရွာတွင်ချန်ထားခဲ့ကြောင်းနှင့် စစ်ကြောင်းဝင်ရောက်လာ သည့်အချိန်တွင် ရွာမြောက်ဘက်ရှိ သချိုင်းကုန်းအနီးသို့တိမ်းရှောင်နေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများအား သိမ်းဆည်းနိုင်ရေးစစ်မေးရာ ဖြိုးထက်ဇော် ၏ပြောပြချက်အရ တဲကြီးသချိုင်းကုန်း သဂြိုလ်စက်အနီး သဲများဖြင့်ဖုံးအုပ် မြှပ်နှံထားကြောင်း သိရသည်။

ထွက်ဆိုချက်အရ နံနက် ၁၁နာရီ ၄၅မိနစ်အချိန်တွင် လိုက်လံတူးဖော်ရှာဖွေရာ လက်လုပ် (၈၁) မမ ပြောင်းတို(၁)ခု၊ ရှော့တိုက်သံကိုယ် ထည် ဗုံးသီး (၉) လုံး၊ ကွန်ကျူးပိုက်ဖြင့်လုပ်ထားသည့်တိုက်မိုင်း (၁)လုံး၊ ပြုလုပ်ဆဲသတ္တုရှေ့ထွက်မိုင်း အခွံ(၂) ခု၊ ပြုလုပ်ဆဲကွန်ကျူးပိုက်မိုင်းကိုယ်ထည်အကြီး (၃) ခု၊ ပြုလုပ်ဆဲကွန်ကျူးပိုက်မိုင်းကိုယ်ထည်အသေး(၂) ခု၊ ပြုလုပ်ဆဲ သံကိုယ်ထည် တိုက်မိုင်း (၆) ခု၊ သံတိုသံစများထည့်ထားသည့် ကြွပ်ကြွပ်အိတ်အမဲ (၁) လုံး၊ ယမ်းပြင်းများထည့်ထားသည့် ပလပ်စတစ်ဗူး (၁)ဗူး၊ လက်လုပ်ရှို့မိုင်း (၂)လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့ ပကဖအဖွဲ့ဝင်များ လက်နက်နှင့် မိုင်းများထုတ်လုပ်ရေးစခန်းအဖြစ်အသုံးပြုသည့် တဲကြီးအမက အခြေခံပညာစာသင်ကျောင်းသို့ ညနေ ၄နာရီ ၅၀မိနစ် အချိန်တွင် ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ရှင်းလင်းရာ ကျောင်းစာသင်ခန်းမျက်နှာကျက်များ၊ ကျောင်းစာသင်ခန်းများနှင့် ကျောင်းဘေး ပတ်လည် ကာရံထားသည့်အုတ်တံတိုင်း များအတွင်းဝှက်သိမ်းထားသည့် ကွန်ကျူးပိုက်လက်လုပ်ဆွဲမိုင်းအကြီး(၁) လုံး၊ လက်လုပ် ၆၀ မမ သံဗုံးသီး (၁) လုံး၊ သံကိုယ်ထည် ၈၀ မမ ဗုံးသီး (၅) လုံး၊ လက်လုပ်ပစ္စတို(ပစ်ခတ်၍ရ)(၅) လက်၊ လက်လုပ်ပစ္စတိုကျည်အိမ် (၂) ခု၊ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ စာတမ်းပါ သတ္တုဖြင့်ပြုလုပ်ထားသော ပစ္စတိုသေနတ် ကိုယ်ထည် ၆ခု၊ သစ်သားဖြင့်ပြုလုပ်ထားသည့် လေ့ကျင့်ရေးသေနတ်(၆) လက်၊ လက်လုပ် မောင်းပြန်သေနတ်အရှည် (ပစ်ခတ်၍ရ) ၂ လက်၊ လက်လုပ်သေနတ်အရှည်၏ကျည်အိမ် (၃) ခု၊ ကော်ကျည်ဘောက် (၈) ခု၊ ပစ်ခလုတ်တပ်ပြီး လက်လုပ်မောင်းပြန်သံကိုယ်ထည် (၃)ခု တို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြုလုပ်ဆဲလက်လုပ်မောင်းပြန်သံကိုယ်ထည် (၈) ခု၊ သစ်သားသေနတ်ဒင် (၇) ခု၊ သံထည်မိုင်းကိုယ်ထည်အသေး (၈) ခု၊ လက်လုပ် ဆွဲမိုင်း ပြုလုပ်သည့်သံကိုယ်ထည် အကြီး (၈) ခု၊ သေနတ်ပြောင်းလုပ်ရန်ပြုပြင်ထားသည့် သံပိုက် (၅) ခု၊ သေနတ်မောင်းတုံးအသေး (၆) ခု၊ သေနတ်မောင်းတုံးအကြီး (၈) ခု၊ သံဖြင့်ပြုလုပ်ထားသည့် ပစ်ခလုတ် (၁၃) ခု၊ တောစီး စစ်ဖိနပ် (၁၁) ရံ၊ မိုင်းနှင့် သေနတ်များ ပြုလုပ် ရာတွင်အသုံးပြုသည့် သံဖြတ်မော်တာ၊ ဂွင်းဂွ၊ လွန်သွားမျိုးစုံ၊ သံတိုသံစများ၊ ခဲဂဟေချောင်းများ၊ သံတိုသံစများထည့်ထားသည့် အပြာရောင်ခြင်း (၁) လုံး၊ မောင်းပြန် စပရိန် (၁၂) ချောင်း၊ ကျည်မျိုးစုံ (၈) တောင့်တို့ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ (၈) ဦးတို့အား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
စစ္ကိုင္းၿမိဳ႕နယ္တြင္ NUGလက္ေအာက္ခံ ပကဖ(၈)ဦးႏွင့္ လက္နက္ခဲယမ္း အမ်ားအျပား ဖမ္းဆီးရမိ
(NP News)-ဇြန္ ၂၅
စစ္ကိုင္းၿမိဳ႕နယ္၊ တဲႀကီးေက်း႐ြာတြင္ NUGလက္ေအာက္ခံ ပကဖ(၈)ဦးႏွင့္ လက္နက္ခဲယမ္းမ်ားကို ၿပီးခဲ့သည့္ ဇြန္လ ၂၃ရက္၊ နံနက္ ၉နာရီ ၃၅မိနစ္ခန႔္က ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အဆိုပါေက်း႐ြာသို႔ လုံၿခဳံေရးတပ္ဖြဲ႕က စစ္ေၾကာင္းထိုးဝင္ေရာက္ရွင္းလင္းရာ ႐ြာ၏ေျမာက္ဘက္ တဲႀကီးသခ်ိဳင္းအနီး ကိုင္းေတာအတြင္း ပုန္းေအာင္းေနသည့္ ျပည့္ၿဖိဳးေအာင္(ခ)ကတုံး၊ မ်ိဳးခ်စ္သူ၊ ၿဖိဳးထက္ေဇာ္၊ သဲေမာင္ေမာင္ထြန္း၊ ရဲလင္းဦး၊ ၿဖိဳးေဝေဇာ္၊ ရဲကိုကို၊ ရဲထက္(ခ)ငရဲတို႔ ေတြ႕ရွိခဲ့သျဖင့္ စစ္ေမးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးေမးျမန္းခဲ့ရာ ၎တို႔သည္ တဲႀကီးေက်း႐ြာ ပကဖမ်ားျဖစ္ေၾကာင္း သိရွိခဲ့ရၿပီး ပဏာမ ေမးျမန္းရာ ဖမ္းဆီးရမိသူမ်ား အနက္ ျပည့္ၿဖိဳးေအာင္(ခ)ကတုံး မွာ ပကဖ အဖြဲ႕၏ ဒုေခါင္းေဆာင္ျဖစ္ေၾကာင္းႏွင့္ ေခါင္းေဆာင္မွာ တဲႀကီးေက်း႐ြာေန ႏိုင္ထြန္းျဖစ္ၿပီး အင္အား ၂၀ ေက်ာ္ျဖင့္ဖြဲ႕စည္းခဲ့ေၾကာင္း လတ္တေလာတြင္ ေခါင္းေဆာင္ျဖစ္သူမွာ အျခားအဖြဲ႕ဝင္မ်ားျဖင့္ ထြက္ေျပးသြားေၾကာင္း သိရသည္။

ထို႔ေနာက္ ျပည့္ၿဖိဳးေအာင္ ႏွင့္အဖြဲ႕အား သတင္းေထာက္လွမ္းရန္အတြက္ ႐ြာတြင္ခ်န္ထားခဲ့ေၾကာင္းႏွင့္ စစ္ေၾကာင္းဝင္ေရာက္လာ သည့္အခ်ိန္တြင္ ႐ြာေျမာက္ဘက္ရွိ သခ်ိဳင္းကုန္းအနီးသို႔တိမ္းေရွာင္ေနစဥ္ အဖမ္းခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ၎တို႔ကိုင္ေဆာင္သည့္ လက္နက္ခဲယမ္းမ်ားအား သိမ္းဆည္းႏိုင္ေရးစစ္ေမးရာ ၿဖိဳးထက္ေဇာ္ ၏ေျပာျပခ်က္အရ တဲႀကီးသခ်ိဳင္းကုန္း သၿဂိဳလ္စက္အနီး သဲမ်ားျဖင့္ဖုံးအုပ္ ျမႇပ္ႏွံထားေၾကာင္း သိရသည္။

ထြက္ဆိုခ်က္အရ နံနက္ ၁၁နာရီ ၄၅မိနစ္အခ်ိန္တြင္ လိုက္လံတူးေဖာ္ရွာေဖြရာ လက္လုပ္ (၈၁) မမ ေျပာင္းတို(၁)ခု၊ ေရွာ့တိုက္သံကိုယ္ ထည္ ဗုံးသီး (၉) လုံး၊ ကြန္က်ဴးပိုက္ျဖင့္လုပ္ထားသည့္တိုက္မိုင္း (၁)လုံး၊ ျပဳလုပ္ဆဲသတၱဳေရွ႕ထြက္မိုင္း အခြံ(၂) ခု၊ ျပဳလုပ္ဆဲကြန္က်ဴးပိုက္မိုင္းကိုယ္ထည္အႀကီး (၃) ခု၊ ျပဳလုပ္ဆဲကြန္က်ဴးပိုက္မိုင္းကိုယ္ထည္အေသး(၂) ခု၊ ျပဳလုပ္ဆဲ သံကိုယ္ထည္ တိုက္မိုင္း (၆) ခု၊ သံတိုသံစမ်ားထည့္ထားသည့္ ႂကြပ္ႂကြပ္အိတ္အမဲ (၁) လုံး၊ ယမ္းျပင္းမ်ားထည့္ထားသည့္ ပလပ္စတစ္ဗူး (၁)ဗူး၊ လက္လုပ္ရႈိ႕မိုင္း (၂)လုံး သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎တို႔ ပကဖအဖြဲ႕ဝင္မ်ား လက္နက္ႏွင့္ မိုင္းမ်ားထုတ္လုပ္ေရးစခန္းအျဖစ္အသုံးျပဳသည့္ တဲႀကီးအမက အေျခခံပညာစာသင္ေက်ာင္းသို႔ ညေန ၄နာရီ ၅၀မိနစ္ အခ်ိန္တြင္ ဝင္ေရာက္ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဝင္ေရာက္ရွင္းလင္းရာ ေက်ာင္းစာသင္ခန္းမ်က္ႏွာက်က္မ်ား၊ ေက်ာင္းစာသင္ခန္းမ်ားႏွင့္ ေက်ာင္းေဘး ပတ္လည္ ကာရံထားသည့္အုတ္တံတိုင္း မ်ားအတြင္းဝွက္သိမ္းထားသည့္ ကြန္က်ဴးပိုက္လက္လုပ္ဆြဲမိုင္းအႀကီး(၁) လုံး၊ လက္လုပ္ ၆၀ မမ သံဗုံးသီး (၁) လုံး၊ သံကိုယ္ထည္ ၈၀ မမ ဗုံးသီး (၅) လုံး၊ လက္လုပ္ပစၥတို(ပစ္ခတ္၍ရ)(၅) လက္၊ လက္လုပ္ပစၥတိုက်ည္အိမ္ (၂) ခု၊ ျပည္သူ႔ ကာကြယ္ ေရးတပ္ဖြဲ႕ စာတမ္းပါ သတၱဳျဖင့္ျပဳလုပ္ထားေသာ ပစၥတိုေသနတ္ ကိုယ္ထည္ ၆ခု၊ သစ္သားျဖင့္ျပဳလုပ္ထားသည့္ ေလ့က်င့္ေရးေသနတ္(၆) လက္၊ လက္လုပ္ ေမာင္းျပန္ေသနတ္အရွည္ (ပစ္ခတ္၍ရ) ၂ လက္၊ လက္လုပ္ေသနတ္အရွည္၏က်ည္အိမ္ (၃) ခု၊ ေကာ္က်ည္ေဘာက္ (၈) ခု၊ ပစ္ခလုတ္တပ္ၿပီး လက္လုပ္ေမာင္းျပန္သံကိုယ္ထည္ (၃)ခု တို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပဳလုပ္ဆဲလက္လုပ္ေမာင္းျပန္သံကိုယ္ထည္ (၈) ခု၊ သစ္သားေသနတ္ဒင္ (၇) ခု၊ သံထည္မိုင္းကိုယ္ထည္အေသး (၈) ခု၊ လက္လုပ္ ဆြဲမိုင္း ျပဳလုပ္သည့္သံကိုယ္ထည္ အႀကီး (၈) ခု၊ ေသနတ္ေျပာင္းလုပ္ရန္ျပဳျပင္ထားသည့္ သံပိုက္ (၅) ခု၊ ေသနတ္ေမာင္းတုံးအေသး (၆) ခု၊ ေသနတ္ေမာင္းတုံးအႀကီး (၈) ခု၊ သံျဖင့္ျပဳလုပ္ထားသည့္ ပစ္ခလုတ္ (၁၃) ခု၊ ေတာစီး စစ္ဖိနပ္ (၁၁) ရံ၊ မိုင္းႏွင့္ ေသနတ္မ်ား ျပဳလုပ္ ရာတြင္အသုံးျပဳသည့္ သံျဖတ္ေမာ္တာ၊ ဂြင္းဂြ၊ လြန္သြားမ်ိဳးစုံ၊ သံတိုသံစမ်ား၊ ခဲဂေဟေခ်ာင္းမ်ား၊ သံတိုသံစမ်ားထည့္ထားသည့္ အျပာေရာင္ျခင္း (၁) လုံး၊ ေမာင္းျပန္ စပရိန္ (၁၂) ေခ်ာင္း၊ က်ည္မ်ိဳးစုံ (၈) ေတာင့္တို႔ သိမ္းဆည္းရမိခဲ့ၿပီး ၎တို႔ (၈) ဦးတို႔အား အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.