တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ ရေကြီးမှုကြောင့် လူ(၈၀၀၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေး

82

Pika (NP News) - ဇွန် ၂၆
တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူပေါင်း(၈၀၀၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရ တယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြင်းထန်တဲ့ရာသီဥတုကို ကြုံတွေ့ နေရပြီး နိုင်ငံအစိတ်အပိုင်းအများမှာ အပူလှိုင်းဖြတ်သန်းမှုတွေရှိနေပေမယ့်လည်း အချို့ဒေသတွေမှာ ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေကို ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက Guizhou ပြည်နယ်မှာ ရေကြီးမှုတွေကြောင့် လက်ရှိအချိန်အထိ လူပေါင်း (၈၀၉၀၀) ဦးကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆင်ဟွာသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါ တယ်။ ဒါ့ပြင် Rongjiang ကောင်တီမှာ ဘောလုံးကွင်းတစ်ကွင်းဟာ (၃)မီတာလောက်အထိ ရေအောက်နစ်မြုပ် သွားတယ်လို့ ဆင်ဟွာကရေးသားဖော်ပြထားပါတယ်။
ဒေသခံတစ်ဦးက “ရေတက်လာတာက အရမ်းကိုမြန်ပါတယ်။ ကျွန်တော်တတိယထပ်မှာနေပြီး လာရောက် ကယ်ဆယ်မှုတွေကို စောင့်ဆိုင်းခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ ကယ်ဆယ်ရေးတွေက ကျွန်တော့်ကို ဘေးလွတ် ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရေကြီးမှုတွေနဲ့အတူ တံတားကျိုးကျတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့တယ်လို့ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းမွာ ေရႀကီးမႈေၾကာင့္ လူ(၈၀၀၀၀)ေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပး
Pika (NP News) - ဇြန္ ၂၆
တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းမွာ ေရႀကီးမႈေတြေၾကာင့္ လူေပါင္း(၈၀၀၀၀)ေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရ တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ျပင္းထန္တဲ့ရာသီဥတုကို ႀကဳံေတြ႕ ေနရၿပီး ႏိုင္ငံအစိတ္အပိုင္းအမ်ားမွာ အပူလႈိင္းျဖတ္သန္းမႈေတြရွိေနေပမယ့္လည္း အခ်ိဳ႕ေဒသေတြမွာ ျပင္းထန္တဲ့ မိုး႐ြာသြန္းမႈေတြကို ႀကဳံေတြ႕ေနရတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းက Guizhou ျပည္နယ္မွာ ေရႀကီးမႈေတြေၾကာင့္ လက္ရွိအခ်ိန္အထိ လူေပါင္း (၈၀၉၀၀) ဦးကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းခဲ့ရတယ္လို႔ ဆင္ဟြာသတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါ တယ္။ ဒါ့ျပင္ Rongjiang ေကာင္တီမွာ ေဘာလုံးကြင္းတစ္ကြင္းဟာ (၃)မီတာေလာက္အထိ ေရေအာက္နစ္ျမဳပ္ သြားတယ္လို႔ ဆင္ဟြာကေရးသားေဖာ္ျပထားပါတယ္။
ေဒသခံတစ္ဦးက “ေရတက္လာတာက အရမ္းကိုျမန္ပါတယ္။ ကြၽန္ေတာ္တတိယထပ္မွာေနၿပီး လာေရာက္ ကယ္ဆယ္မႈေတြကို ေစာင့္ဆိုင္းခဲ့ရပါတယ္။ေနာက္ပိုင္းမွာေတာ့ ကယ္ဆယ္ေရးေတြက ကြၽန္ေတာ့္ကို ေဘးလြတ္ ကင္းရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေရႀကီးမႈေတြနဲ႔အတူ တံတားက်ိဳးက်တဲ့ျဖစ္စဥ္လည္းျဖစ္ပြားခဲ့တယ္လို႔ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။