မကွေး၊ မန္တလေးအစပ်မှ လူမှုဘဝများ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး ထိစပ်ရာမြို့နယ်များမှ ပြည်သူတို့၏ အခြေအနေမှာ အကျပ်အတည်းဆိုက်နေကြသည်။ ထို့ပြင် ပညာရေးဝန်ထမ်းများကို ခြိမ်းခြောက်မှုလည်း ရှိနေသည်ဖြစ်ရာ ပညာသင် ကြားရာတွင် အခက်အခဲကြုံနေကြရသည်။ ဒေသခံတို့၏ဘဝမှာ စိုးရိမ်မှုများဖြင့် ရှင်သန်နေကြရသည်ဖြစ်ရာ အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

 339

မေး - လက်ရှိ မကွေးတိုင်းနဲ့ မန္တလေးတိုင်း အစပ်ပေါ့နော်။ နတ်မောက်၊ ချောက် ဘက်က ဒေသခံတွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - အရင်တုန်းကတော့ PDF ကြောက်ရတာပေါ့နော်။ အခုကျ တပ်က တိုက်စစ်ဖွင့်တဲ့ အနေ အထားရှိတဲ့အခါကျတော့ PDF ကိုက အဲဒီလောက်ကြီး မဟုတ်တော့ဘူး။ အခုတစ်ခါ ဘာထပ်ကြောက် နေရလဲဆိုရင် ပေါ်တာဆွဲတယ်ဆိုပြီး လုပ်စားတာရှိတယ်။ အဲဒီလိုဖြစ်တော့ ဒေသခံတွေက အသက်(၄၅)မကျော်ရင် အပြင်မထွက်ရဲဘူးဖြစ်နေတာ။ အသက် (၄၅) ပတ်ချာလည်တွေမှာ အဓိက(၄၀)၊ (၄၅)တွေလောက်ပဲ လမ်းပေါ်ကိုတက်ရဲတာ။ (၄၀)လောက်တောင် သိပ်စိတ်မချရဘူးဖြစ်နေတာ။ ကျန်တာတွေက လမ်းပေါ်မတက်ရဲဘူး။ ကိုယ့်လယ်ထဲ ကိုင်းထဲလောက်ပဲ သွားကြ တော့တာ။ လမ်းတွေ ပေါ်မတက်ကြတော့ဘူး အလုပ်မလုပ်ကြတော့ဘူး အဲဒီပြဿနာတော့ ရှိတာပေါ့လေ။ ချောက် အပိုင်ထဲမှာတော့ ပြီးခဲ့တဲ့အပတ်မှာ ရွာဘက်က (၃)ယောက်ကို PDF က ခေါ်သွားတယ်။ ခေါ်သွားတော့ ဘုန်းကြီးကနေ အာမခံပြီးတော့ ထုတ်ပေးမယ်ဆိုတော့ ဘုန်းကြီးဆီက ပိုက်ဆံသိန်း(၂၀ဝ)တောင်းတာ၊ တောင်းပြီးတော့ PDF က သူတို့ မတောင်းပါဘူး ပြောပြီးတော့ အဲဒီကျောင်းထိုင်ဆရာတော်ကို ပြန် ဖမ်းသွားတယ်။ ပြန်မလွတ်သေးဘူး။
မေး - လုံခြုံမှုအခြေအနေက မကောင်းဘူးလို့ ပြောရမလား။ ဘယ်လိုရှိလာလဲ။
ဖြေ - အခုအနေအထားက ချောက်တို့၊ နတ်မောက်တို့၊ ရေနံချောင်းတို့က ဒီဘက် (၄) ၊ (၅) လလောက်မှာ နည်းနည်း မလုံခြုံသလို ခံစားရတာပေါ့နော်။ ညတွေ ဘာတွေဆိုလည်း မာရှယ်လောတော့ မရှိဘူး။ ပုဒ်မ (၁၄၄)တော့ မရှိဘူး။ ဒါပေမဲ့ ဘယ်သူမှမထွက်ရဲကြ တော့ဘူး။ လူငယ်တွေဆို ပိုတောင်မထွက်ဘူး ဖြစ်နေတယ်။
မေး - ဒေသခံတွေ လုပ်ကိုင်စားသောက်ရတာကော ဘယ်လိုအခြေအနေရှိလဲ။ သူတို့ရဲ့ လုပ်ကိုင်စား သောက်မှု အခြေအနေက ဘယ်လိုဖြစ်လာလဲ။
ဖြေ - အဲဒါကတော့ အောက်ခြေလူတန်းစားကနေပြီး ကုန်သည်အထိ ထိခိုက်တာပေါ့နော်။ ကုန်သည် ကဘယ်လို ထိခိုက်လဲဆိုရင် အောက်ခြေလူတန်းစားက မြို့ပေါ်တက်မလာရဲ။ ပွဲရုံတစ်ခုဖွင့်တော့ မယ်ဆိုရင် အနည်းဆုံးအလုပ် သမားက (၂၀)၊ (၃၀) လိုတာဆိုတော့ အဲဒီလုပ်သားက မလာရဲတဲ့အခါကျတော့ ပွဲရုံသမားကလည်း ထိခိုက်တာပေါ့။ သူတို့ တင်ကျွေးထားရမယ်ဆိုလည်း မလွယ်ဘူး။ အဲဒီတော့ အောက်ခြေလူတန်းစားကနေပြီးတော့ အကုန်ထိခိုက် ကြတာ ပေါ့လေ။ ကားလုပ်ငန်းလုပ်တယ်ဆိုလည်း ကားဒရိုင်ဘာရှိတယ်၊ စပယ်ယာရှိတယ်။ ကားတစ်စီး ကို (၂)ယောက် ထိန်းကျောင်းတာပေါ့။ အခုဆိုရင် လူပိုပါရင်ဖမ်းတယ် ဘာညာဆိုတော့ စပါယ်ယာ မပါတော့ဘူး ဒရိုင်ဘာတစ်ယောက်တည်း ဆိုတော့ မလိုလားအပ်တဲ့ပြသနာတွေလည်း ဖြစ်လာနိုင်တာပေါ့။ အဲဒီတော့ အကုန်လုံးက တော်တော်များများကတော့ အခက်အခဲလေးတွေနဲ့ တစ်နေ့ထက်တစ်နေ့တော့ ပိုကျပ်သလိုတွေ ခံစားလာရတယ်။ တကယ်လည်း ကျပ်တာပေါ့နော်။ တစ်နေ့ထက်တစ်နေ့ ပိုအဆင်မပြေကြတော့ဘူး။ ဒါကတော့ လူတိုင်းနီးပါးပဲ။ အဆင်ပြေတယ်ဆိုတာ ရှားပါတယ်။ ပြေတဲ့လူက တော်တော်ရှားတယ်။ မှောင်ခိုလုပ်တဲ့လူတို့၊ ဒီဘက် ခေတ်မှာတော့ အဲဒီလူတွေပဲ အဆင်ပြေမှာ။ ကျန်တဲ့ လူတွေက တော့ အဆင်မပြေဘူး။
မေး - အဲဒီလိုအခြေအနေတွေကြားထဲ အခုဆိုရင် ကျောင်းဖွင့်ကာလလည်း ရောက်လာပြီ။ ကျောင်းတွေလည်း ဖွင့်နေပြီဆိုတော့ ပညာရေးကဏ္ဍမှာကော ဘယ်လိုအခြေအနေရှိလဲ။ ဟိုရက်ပိုင်းကဆိုလည်း နတ်မောက်မြို့နယ်မှာ ကျောင်းဝန်းထဲထိ လာပြီးတော့ ကျောင်းဆရာမကိုသတ်သွားတဲ့ ဖြစ်စဉ်ကလည်း ဖြစ်သွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော့ရော ပညာရေးဝန်ထမ်းတွေရဲ့မလုံခြုံမှုတွေက ဘယ်လိုအခြေ အနေဖြစ်နေလဲ။
ဖြေ- တချို့ကျတော့ Non CDM သမားတွေက လန့်ကုန်တာပေါ့။ ပြီးခဲ့တဲ့ရက်ကလည်း ညောင်ဦးမယ် လည်း ဖြစ်သေး တယ်။
မေး - ဟုတ်တယ်ရှင့် ။
ဖြေ - အဲဒီတော့ ဒီဘက်မှာလည်း ပညာရေးဝန်ထမ်း တွေကို ပစ်မှတ်ထားနေတဲ့အနေအထားတွေ တွေ့ လာတာပေါ့နော်။ လူဆိုတာကလည်း သိတဲ့အတိုင်းပဲ။ အင်တာနက်ခေတ်ဆိုတော့ တစ်ယောက်သတ် လိုက်ပြီဆိုရင် ကိုယ်ကော ဘယ် အချိန်လဲဆိုတာတော့ ကျောင်းမသွားရဲရင်တော့ နောက်ဆုံးကျောင်းသား တွေပဲ နစ်နာမှာပေါ့။ တော်တော်များများတော့ ကျောင်းဆရာ၊ ဆရာမတွေပဲ နည်းနည်း သတိထားပြီး သွားလာနေကြတာပေါ့။
မေး - ကလေးတွေအနေနဲ့ကော ကျောင်းသွားတဲ့ အခါမှာ အရင်ထက်စာရင် ဘယ်လိုအခြေအနေကြုံ နေရလဲ။ ကျောင်းနေတဲ့လူကောများလား။ မိဘတွေ ကကော ဘယ်လိုသဘောထားတွေရှိကြလဲ။
ဖြေ - စဖြစ်တဲ့နှစ်ကနေ ပြောရရင်တော့ ကျောင်းတက်တဲ့ ဦးရေက များလာတာကိုတွေ့ရတယ်။ စတက်တုန်းကဆိုရင် တချို့ဆိုရင် အဖြူအစိမ်းတွေ မဝတ်ရဲကြဘူး။ နောက်ကျတော့ တစ်ဆင့် ဘာတက် လာလဲဆိုတော့ လွယ်အိတ်ထဲ အဖြူ အစိမ်းထည့်ပြီး ကျောင်းရောက်ရင် ဝတ်ကြတယ်။ အခုကျ တစ်ဆင့်ထပ်တက်လာတော့ အဖြူအစိမ်းကို အိမ်ကနေ စဝတ်သွားကြပြီ။ ဒါလေးကတော့ အပေါင်းဘက် ထွက်လာတယ်လို့ ယူဆတာပေါ့လေ။ နောက်ကျောင်းတက်တဲ့ ကျောင်းသူ ကျောင်းသားဦးရေများ လာတယ်။ မတက်ဘဲနဲ့ နေခဲ့တဲ့လူတွေကလည်း ပြန်တက်လာကြပြီ။ တက်တဲ့ အပေါ်မှာလည်း ပညာရေးနားလည်လို့ တက်တဲ့လူရှိသလို တချို့တက္ကသိုလ် တက်တဲ့လူကျတော့လည်း စစ်မှုထမ်း ဥပဒေနဲ့ ငြိမှာစိုးလို့ ကျောင်းအတက်ပြတဲ့လူတွေ‌ရော၊ မတက်ချင်ဘဲ တက်တဲ့လူတွေရော ပါတော့ ပါတာပေါ့နော်။ အရင်ခေတ်တွေကလိုတော့ ပညာ‌ရေးပြိုင်ဆိုင်မှုက တော်တော်နည်းသွားတာကိုတော့တွေရယ်။ နိုင်ငံခြား ကျောင်းသွား တက်တဲ့ ကလေးတွေတော့မပါဘူး။ အလယ်အလတ်တန်းစားတွေနဲ့ ကျန်တဲ့လူ တွေကတော့ ပညာရေးပြိုင်ဆိုင်မှုက နည်းသွား တာတွေ့တယ်။ အရင်တုန်းကတော့ကိုယ့်ကလေးက ဘယ်လို၊ သူ့ကလေးက ဘယ်လိုဆိုပြီး အကြိတ်အ နယ်ပြိုင်ကြတာပေါ့နော်။ အခုကျတော့ ပညာရေး ကို မိဘတွေအားစိုက်မှုက လျော့သွားတာကိုတွေ့ရတယ်။
မေး - ဘာကြောင့် လျော့သွားတယ်လို့ထင်လဲ။ စီးပွားရေး မပြေလည်တာတွေကြောင့် သားသမီး တွေရဲ့ ပညာရေး ဘက်ကို အားစိုက်မှု နည်းသွားတာလား။
ဖြေ - ကိုယ့်အမြင်နဲ့ပြောရရင်တော့ (၁၀ဝ) မှာ (၉၀) လောက်ကတော့ စီးပွားရေးမကောင်းကြတော့ဘူး။ တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာတာပေါ့လေ။ ပိုက်ဆံရှာရခက်လာတယ် ၊ အသုံးမခံတော့ဘူး။ နောက်တစ်ခုက မလုံခြုံဘူး။ ကုန်ဈေး‌နှုန်းတွေ တက်လာတယ်။ အဲဒီအပေါ်မှာ မိဘတွေကလည်း သူ့အပူနဲ့ သူဆိုတော့ ၊ ပိုက်ဆံရှိလာရင်တော့ သားသမီးကို ဘယ်ကျောင်းထားချင်တာတို့၊ ဘယ်နိုင်ငံခြားကျောင်း ထားချင်တာတို့၊ ဘယ်နိုင်ငံကို ပို့ချင်တာတို့ ဒီလိုခံယူ ချက်တွေနဲ့ နေတဲ့အပေါ် လမ်းပျောက်လာတယ်လို့ မြင်တာပေါ့နော်။ မိဘတွေလမ်းပျောက်တော့ သားသမီးတွေပါ လမ်းပျောက်တယ်လို့ သုံးသပ်ချင်တယ်။
မေး - မပြေလည်မှုတွေကြောင့် ကျောင်းနားရတဲ့ ကလေးတွေကိုကော မြင်လား၊ ရှိလားပေါ့။ ရှိတယ်ဆို ဘယ်အရွယ် လောက်တွေ ဖြစ်မလဲ။
ဖြေ - ‌ပြောရရင်တော့ စားပွဲထိုးအဆင့်ပေါ့နော်။ စားပွဲထိုးအဆင့်ဆိုရင် နဂိုတုန်းက ကလေးတွေ မခိုင်းဘူး။ (၆)တန်း ၊ (၇)တန်းအရွယ်လေးတွေ မထားဘူး။ အခုဆိုရင် တော်တော်များများက နိုင်ငံခြားထွက်တဲ့ လူနဲ့ ရှောင်တဲ့လူနဲ့ဆိုတော့ တော်တော်များများက လည်း ပညာရေးဘက်မတက်တော့ဘူး။ တချို့က ကိုယ်နိုင်ရာ နိုင်ရာလေးနဲ့ အလုပ်လို အပ်ချက်အရ ပေါ့နော် ဆိုင်ဖွင့်တဲ့လူကလည်း ကြိုက်ကြေးပေးပြီး တော့ ကလေးတွေကို ခေါ်ထားကြတာ။ အငယ်လေး တွေပါ ရောက်လာတယ်။ နဂိုတုန်းကဆို အငယ်လေး တွေ အလုပ်လုပ်တာ မမြင်ဖူးဘူး။ အခုဆိုရင် အငယ် လေးတွေ အလုပ်လုပ်တာမြင်ရတယ်။ ပထမတစ်ချက်က စစ်မှုထမ်းဥပဒေနဲ့ မငြိဘဲ ခိုင်းလို့ရအောင်ပေါ့။ အဲဒီတော့ အသက်ငယ် ငယ်လေးတွေကို ခေါ်ခိုင်းကြ တာပေါ့နော်။ အဲဒါလေးတွေ တွေ့လာတယ်။ (၁၈)နှစ်အောက်ကလေး တော်တော်များများ တွေ့ရတယ်။ ကျောင်းမနေတော့ဘဲ ထွက်ပြီးတော့ အခုဆိုရင် အညာမှာ ဘာဖြစ်လဲဆိုတော့ ရွာတွေက ခံယူချက်တွေ မရှိကြဘူး။ မရှိဘဲနဲ့ စစ်ကြောင်းထိုးလာရင်၊ ဝင်လာရင် ခံပစ်တယ်။ ပစ်တော့ရွာကလူတွေ ထွက် ပြေးကြတယ်။ ပြီးရင် ရွာတွေက ကြားညပ်ကုန်တာ။ အဲဒီတော့ ဒေသခံတွေလည်း အလုပ်မလုပ်နိုင်တော့ ဘူး။ ကိုယ်တို့အညာဆို ထန်းတက် ရင် ကျပ် (၂၀ဝဝဝ)၊ (၂၅၀ဝဝ) လောက် ဝင်တယ်။ အဲဒီလိုတွေ မလုပ်နိုင်ကြတော့ဘူး။ ကိုယ့်ရွာကိုယ်ပစ်ခဲ့ကြရတာ။ မြို့ပေါ်မှာ နေကြရတယ်။ ပြည်ပတွေကို အောက်လမ်း တွေကနေ ထွက်တယ်။ ပညာရေး တစ်ပိုင်းတစ်စနဲ့ လမ်းပျောက် ကုန်တာပေါ့။ ကျောင်းတက်တဲ့ဦးရေ တွက်ကြည့်ရင်တော့ တစ်နှစ်ထက် တစ်နှစ်ကတော့ များလာတယ်။ တက္ကသိုလ် အထိပေါ့နော်။
မေး - အစ်ကိုတို့ဒေသဘက်မှာ အခုတလော အတွင်းမှာ ပညာရေးဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ခြိမ်းခြောက်ခံရတာ မျိုးတွေ များလာလား။
ဖြေ - သိသလောက်ကတော့ နတ်မောက်မှာ (၂)ခု၊ ညောင်ဦးမှာ (၁)ခု ပေါ့။ အခု (၂)လအတွင်းမှာပေါ့ (၃)ကြိမ် လောက်ရှိ သွားပြီ။ လောလောဆယ် ဒီ (၁)လခွဲ၊ (၂)လအတွင်းကိုပေါ့နော်။ ကျောက်ပန်း တောင်းကတော့ အဲဒီလိုမကြားမိသေးဘူး။
မေး- ပညာရေးဝန်ထမ်းတွေခြိမ်းခြောက်ခံရတာ မျိုးတွေကော ကြားမိလား။ ဟိုရက်ကဆိုရင် NUG က CDM မလုပ်တဲ့ ဝန်ထမ်းတွေ တရားစွဲတဲ့ ဥပဒေ ဆိုတာမျိုးတွေပြောလာပြီးတဲ့နောက်ပိုင်းမှာကော ဘယ်လိုအခြေအနေတွေ ဖြစ်လာလဲ။
ဖြေ - Non CDM သမားတော်တော်များများ ခြိမ်း‌ခြောက်ခံရတယ်။ ခြိမ်းခြောက်ခံရပြီးတော့ တချို့က မပြောတာပေါ့။ ဟိုဘက် ဒီဘက်ကြောက်တော့ တချို့က မပြောတာပေါ့။ ဥပမာ လတ်တလော ခြိမ်းခြောက် ခံရတာဆိုရင် ကျောက်ပန်း တောင်းကနေ တက်သွားလိုက်ရင် မိတ္ထီလာပေါ့နော်၊ လက်ပံပြားကျော်သွားရင် ညာဘက်ခြမ်းပေါ့။ မိတ္ထီလာကနေ လာရင် ညာဘက်ခြမ်းပေါ့။ အဲဒီနားကို ကျော်သွားရင် PDF တွေ နည်းနည်း ကြီးစိုးတဲ့အပိုင်းပါတယ်။ စစ်ကြောင်းက သွား တယ်။ သွားပြီးရင် ခဏပဲငြိမ်တယ်။ အဲဒီဘက်တွေမှာ မီတာ မ‌ဆောင်ရဘူးဆိုပြီးတော့ ခြိမ်းခြောက်တယ်။ အဲဒီတော့ မီတာမ‌ဆောင်ကြဘူး ။ အဲဒီတော့ ပုပ္ပါးကျော်သွားတာနဲ့ ကျောက်တံခါးတို့ ဟိုးဘက် ငါး သရောက်အထိ PDF က နည်းနည်းကြီးစိုးတဲ့အထဲ ပါတယ်။ ပါတဲ့အခါကျတော့ မီတာမ‌ဆောင်ရဘူး ဘာညာ လုပ်ထားပြီးတော့ အခုကျတော့ နဏဃ ကို ဖိအားပေးတဲ့အခါကျတော့ EPC က Shut Down လုပ်ပစ်လိုက်တယ်။ ဖြတ်ချလိုက်တယ်။ ဒါပေမဲ့ PDF က ချိတ်ပြီးတော့ပြောတော့ EPC က လိုင်း ရှော့ဖြစ်နေလို့ ကျွန်တော်တို့ အဲဒီဘက်ကို မသွားရဲလို့၊ သွားရဲရင် ပြန်လုပ်ပေးပါ မယ်ဆိုပြီး နားလည်အောင် ရှင်းပြထားတော့ ဖြတ်ထားတယ်။ အခု လက်ရှိ EPC အဖွဲ့ကို PDF အဖွဲ့ကနေ သတ်မယ် ဖြတ်မယ်ခြိမ်း ခြောက်နေတယ်။ ကျောက်ပန်းတောင်းမှာပေါ့။
မေး - တခြားဌာနဆိုင်ရာဝန်ထမ်းတွေကော ခြိမ်း ခြောက်ခံရတာမျိုးရှိလား။ ဘယ်လိုအခြေအနေ ရင်ဆိုင်နေရလဲ။
ဖြေ - တခြားဌာနဆိုင်ရာဝန်ထမ်းတွေကတော့ ကောင်းပါတယ်။ မြို့ပေါ်ပိုင်းတွေက တပ်ကပဲ စိုးမိုး ထားနိုင်တာဆိုတော့ လေ။ မြို့ပေါ်မှာတော့ အေးအေး ချမ်းချမ်းပဲ။ ညောင်ဦးဘက်မှာတော့ နည်းနည်း တော့ရှိတာပေါ့လေ။ တခြားနေရာသွား မယ်ဆိုရင် မလုံခြုံတာပေါ့။ ရေနံချောင်းနဲ့ ချောက်ကိုသွားရင်တော့ တစ်ခါတလေ လမ်းကို တက်လာချင်တာပေါ့လေ။ အခုလောလောဆယ်တော့ တပ်က စစ်ကြောင်း ထိုးနေတော့ နည်းနည်းတော့ငြိမ်နေတယ် လက်ရှိ မှာတော့။ နောက်တစ်ခုက ရေနံချောင်းရဲ့ တစ်ဖက် ကိုကူးရင် တညောင်တို့ စလင်းတို့ရောက်သွားတာ ပေါ့လေ။ အဲဒီဘက် ရောက် သွားရင်တော့ တော်တော် လေးဆိုးတဲ့အနေအထားရှိတာပေါ့လေ။
မေး - မြို့ပေါ်မဟုတ်ဘဲ မြို့နယ်ထဲက ကျောင်း တွေမှာကော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ - ပိတ်ထားတဲ့ကျောင်းတွေကတော့ မရှိဘူး။ တချို့ကျတော့လည်း ကိုယ့်ရွာနဲ့ကိုယ့်ဆရာမနဲ့သင်နေကြတာပဲ။ ငြိမ်တဲ့အနေအထားတွေထဲ မှာတော့ ပါတာပေါ့လေ။ ကိုယ့်ရွာနဲ့ကိုယ့်ဆရာမနဲ့ ပုံစံမျိုး ဖြစ်နေတာ။ တချို့ကလည်း ပညာ‌ရေးအကူ ဝန်ထမ်း တွေ ခေါ်ပြီးသင်နေတာမျိုးတွေရှိတယ်။ ကိုယ့်ရွာနဲ့ ကိုယ့်ဇာတ်နဲ့ ကနေတာမျိုးတွေဆိုတော့ အဆင်မပြေ တာတော့ မရှိဘူး။ ဒါပေမဲ့လည်း တစ်ဖက်က ပညာရေးကဏ္ဍကို ပညာရေးဝန်ထမ်းကို ပစ်မှတ်ထားတဲ့ သဘောတော့ ရှိတာပေါ့လေ။
မေး - PDF တွေအနေနဲ့ ပညာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ၊ သတ်ဖြတ်တာတွေအပြင် တခြားကဏ္ဍပေါ့လေ။ စီးပွားရေးလုပ်ငန်းတွေကို ဆက်ကြေးကောက်တဲ့ပုံစံမျိုးတွေကောရှိလား။ တချို့ နယ်ဘက်တွေဆိုရင် ရှိတယ်လေ။ အစ်ကိုတို့ဒေသ ဘက်တွေကော ရှိလား။
ဖြေ - ဆက်ကြေးကောက်တယ်ဆိုတာကတော့ ရှိတယ်။ တစ်ခါတလေကျရင်လည်း ကြားအဖွဲ့ ကလုပ်တာတွေလည်း ရှိတယ်။ တော်လှန်ရေးအတွက် အလှူ‌ငွေထည့်ပါဦးဆိုပြီးတော့ ပြောတာတွေ ရှိတယ်။ ဒီဘက်ကနေ ဖုန်းပြန်ဆက်ရင် တော့ မင်းဘယ်သူတုန်း ၊ ဘာတုန်းဆိုရင် လျှောချသွားတယ်။ တော်လှန်ရေးအဖွဲ့ကကျတော့လည်း မဟုတ်ပါ ဘူးပြော တယ်။ နောက်တစ်ခုက မှောင်ခိုလုပ်တဲ့ လူဆိုရင် ပိုပြီးပစ်မှတ်ထားပြီး ပိုတောင်းတာပေါ့။ ဒီဘက်က ရေနံထွက်တော့ ရေနံကလည်း မှောင်ခို ထွက်တာကိုး။ အကုန်လုံးကလည်း လုပ်ကွက်ပိတ် ထားတော့။ ရေနံသမားလိုဟာမျိုးတွေ၊ သစ်သမားလို ဟာမျိုးတွေဆို သူတို့ကိုပေးပြီးသွားနေကြတာပဲ။ PDF တွေက သူတို့ကိုယ်တိုင်ကော ရေနံတွေ တူးတာ တော့ မတွေ့ဘူး။ အဲဒီလောက်ထိတော့ မလုပ်သေး ဘူး။ အဲဒီလိုလုပ်တာက မြိုင်မှာပဲ ရှိတယ်။ မြိုင်ဘက် ကတော့ သစနည ပဲ။
မေး - ဟုတ်ကဲ့ အခုလို ပြန်လည်ဖြေကြားပေးတာ ကျေးဇူးပါရှင်။

Zawgyi Version:
မေကြး၊ မႏၲေလးအစပ္မွ လူမႈဘဝမ်ား

မေကြးတိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္းေဒသႀကီး ထိစပ္ရာၿမိဳ႕နယ္မ်ားမွ ျပည္သူတို႔၏ အေျခအေနမွာ အက်ပ္အတည္းဆိုက္ေနၾကသည္။ ထို႔ျပင္ ပညာေရးဝန္ထမ္းမ်ားကို ၿခိမ္းေျခာက္မႈလည္း ရွိေနသည္ျဖစ္ရာ ပညာသင္ ၾကားရာတြင္ အခက္အခဲႀကဳံေနၾကရသည္။ ေဒသခံတို႔၏ဘဝမွာ စိုးရိမ္မႈမ်ားျဖင့္ ရွင္သန္ေနၾကရသည္ျဖစ္ရာ အဆိုပါ အေျခအေနမ်ားႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - လက္ရွိ မေကြးတိုင္းနဲ႔ မႏၲေလးတိုင္း အစပ္ေပါ့ေနာ္။ နတ္ေမာက္၊ ေခ်ာက္ ဘက္က ေဒသခံေတြရဲ႕ အေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ - အရင္တုန္းကေတာ့ PDF ေၾကာက္ရတာေပါ့ေနာ္။ အခုက် တပ္က တိုက္စစ္ဖြင့္တဲ့ အေန အထားရွိတဲ့အခါက်ေတာ့ PDF ကိုက အဲဒီေလာက္ႀကီး မဟုတ္ေတာ့ဘူး။ အခုတစ္ခါ ဘာထပ္ေၾကာက္ ေနရလဲဆိုရင္ ေပၚတာဆြဲတယ္ဆိုၿပီး လုပ္စားတာရွိတယ္။ အဲဒီလိုျဖစ္ေတာ့ ေဒသခံေတြက အသက္(၄၅)မေက်ာ္ရင္ အျပင္မထြက္ရဲဘူးျဖစ္ေနတာ။ အသက္ (၄၅) ပတ္ခ်ာလည္ေတြမွာ အဓိက(၄၀)၊ (၄၅)ေတြေလာက္ပဲ လမ္းေပၚကိုတက္ရဲတာ။ (၄၀)ေလာက္ေတာင္ သိပ္စိတ္မခ်ရဘူးျဖစ္ေနတာ။ က်န္တာေတြက လမ္းေပၚမတက္ရဲဘူး။ ကိုယ့္လယ္ထဲ ကိုင္းထဲေလာက္ပဲ သြားၾက ေတာ့တာ။ လမ္းေတြ ေပၚမတက္ၾကေတာ့ဘူး အလုပ္မလုပ္ၾကေတာ့ဘူး အဲဒီျပႆနာေတာ့ ရွိတာေပါ့ေလ။ ေခ်ာက္ အပိုင္ထဲမွာေတာ့ ၿပီးခဲ့တဲ့အပတ္မွာ ႐ြာဘက္က (၃)ေယာက္ကို PDF က ေခၚသြားတယ္။ ေခၚသြားေတာ့ ဘုန္းႀကီးကေန အာမခံၿပီးေတာ့ ထုတ္ေပးမယ္ဆိုေတာ့ ဘုန္းႀကီးဆီက ပိုက္ဆံသိန္း(၂၀ဝ)ေတာင္းတာ၊ ေတာင္းၿပီးေတာ့ PDF က သူတို႔ မေတာင္းပါဘူး ေျပာၿပီးေတာ့ အဲဒီေက်ာင္းထိုင္ဆရာေတာ္ကို ျပန္ ဖမ္းသြားတယ္။ ျပန္မလြတ္ေသးဘူး။
ေမး - လုံၿခဳံမႈအေျခအေနက မေကာင္းဘူးလို႔ ေျပာရမလား။ ဘယ္လိုရွိလာလဲ။
ေျဖ - အခုအေနအထားက ေခ်ာက္တို႔၊ နတ္ေမာက္တို႔၊ ေရနံေခ်ာင္းတို႔က ဒီဘက္ (၄) ၊ (၅) လေလာက္မွာ နည္းနည္း မလုံၿခဳံသလို ခံစားရတာေပါ့ေနာ္။ ညေတြ ဘာေတြဆိုလည္း မာရွယ္ေလာေတာ့ မရွိဘူး။ ပုဒ္မ (၁၄၄)ေတာ့ မရွိဘူး။ ဒါေပမဲ့ ဘယ္သူမွမထြက္ရဲၾက ေတာ့ဘူး။ လူငယ္ေတြဆို ပိုေတာင္မထြက္ဘူး ျဖစ္ေနတယ္။
ေမး - ေဒသခံေတြ လုပ္ကိုင္စားေသာက္ရတာေကာ ဘယ္လိုအေျခအေနရွိလဲ။ သူတို႔ရဲ႕ လုပ္ကိုင္စား ေသာက္မႈ အေျခအေနက ဘယ္လိုျဖစ္လာလဲ။
ေျဖ - အဲဒါကေတာ့ ေအာက္ေျခလူတန္းစားကေနၿပီး ကုန္သည္အထိ ထိခိုက္တာေပါ့ေနာ္။ ကုန္သည္ ကဘယ္လို ထိခိုက္လဲဆိုရင္ ေအာက္ေျခလူတန္းစားက ၿမိဳ႕ေပၚတက္မလာရဲ။ ပြဲ႐ုံတစ္ခုဖြင့္ေတာ့ မယ္ဆိုရင္ အနည္းဆုံးအလုပ္ သမားက (၂၀)၊ (၃၀) လိုတာဆိုေတာ့ အဲဒီလုပ္သားက မလာရဲတဲ့အခါက်ေတာ့ ပြဲ႐ုံသမားကလည္း ထိခိုက္တာေပါ့။ သူတို႔ တင္ေကြၽးထားရမယ္ဆိုလည္း မလြယ္ဘူး။ အဲဒီေတာ့ ေအာက္ေျခလူတန္းစားကေနၿပီးေတာ့ အကုန္ထိခိုက္ ၾကတာ ေပါ့ေလ။ ကားလုပ္ငန္းလုပ္တယ္ဆိုလည္း ကားဒ႐ိုင္ဘာရွိတယ္၊ စပယ္ယာရွိတယ္။ ကားတစ္စီး ကို (၂)ေယာက္ ထိန္းေက်ာင္းတာေပါ့။ အခုဆိုရင္ လူပိုပါရင္ဖမ္းတယ္ ဘာညာဆိုေတာ့ စပါယ္ယာ မပါေတာ့ဘူး ဒ႐ိုင္ဘာတစ္ေယာက္တည္း ဆိုေတာ့ မလိုလားအပ္တဲ့ျပသနာေတြလည္း ျဖစ္လာႏိုင္တာေပါ့။ အဲဒီေတာ့ အကုန္လုံးက ေတာ္ေတာ္မ်ားမ်ားကေတာ့ အခက္အခဲေလးေတြနဲ႔ တစ္ေန႔ထက္တစ္ေန႔ေတာ့ ပိုက်ပ္သလိုေတြ ခံစားလာရတယ္။ တကယ္လည္း က်ပ္တာေပါ့ေနာ္။ တစ္ေန႔ထက္တစ္ေန႔ ပိုအဆင္မေျပၾကေတာ့ဘူး။ ဒါကေတာ့ လူတိုင္းနီးပါးပဲ။ အဆင္ေျပတယ္ဆိုတာ ရွားပါတယ္။ ေျပတဲ့လူက ေတာ္ေတာ္ရွားတယ္။ ေမွာင္ခိုလုပ္တဲ့လူတို႔၊ ဒီဘက္ ေခတ္မွာေတာ့ အဲဒီလူေတြပဲ အဆင္ေျပမွာ။ က်န္တဲ့ လူေတြက ေတာ့ အဆင္မေျပဘူး။
ေမး - အဲဒီလိုအေျခအေနေတြၾကားထဲ အခုဆိုရင္ ေက်ာင္းဖြင့္ကာလလည္း ေရာက္လာၿပီ။ ေက်ာင္းေတြလည္း ဖြင့္ေနၿပီဆိုေတာ့ ပညာေရးက႑မွာေကာ ဘယ္လိုအေျခအေနရွိလဲ။ ဟိုရက္ပိုင္းကဆိုလည္း နတ္ေမာက္ၿမိဳ႕နယ္မွာ ေက်ာင္းဝန္းထဲထိ လာၿပီးေတာ့ ေက်ာင္းဆရာမကိုသတ္သြားတဲ့ ျဖစ္စဥ္ကလည္း ျဖစ္သြားတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ေတာ့ေရာ ပညာေရးဝန္ထမ္းေတြရဲ႕မလုံၿခဳံမႈေတြက ဘယ္လိုအေျခ အေနျဖစ္ေနလဲ။
ေျဖ- တခ်ိဳ႕က်ေတာ့ Non CDM သမားေတြက လန႔္ကုန္တာေပါ့။ ၿပီးခဲ့တဲ့ရက္ကလည္း ေညာင္ဦးမယ္ လည္း ျဖစ္ေသး တယ္။
ေမး - ဟုတ္တယ္ရွင့္ ။
ေျဖ - အဲဒီေတာ့ ဒီဘက္မွာလည္း ပညာေရးဝန္ထမ္း ေတြကို ပစ္မွတ္ထားေနတဲ့အေနအထားေတြ ေတြ႕ လာတာေပါ့ေနာ္။ လူဆိုတာကလည္း သိတဲ့အတိုင္းပဲ။ အင္တာနက္ေခတ္ဆိုေတာ့ တစ္ေယာက္သတ္ လိုက္ၿပီဆိုရင္ ကိုယ္ေကာ ဘယ္ အခ်ိန္လဲဆိုတာေတာ့ ေက်ာင္းမသြားရဲရင္ေတာ့ ေနာက္ဆုံးေက်ာင္းသား ေတြပဲ နစ္နာမွာေပါ့။ ေတာ္ေတာ္မ်ားမ်ားေတာ့ ေက်ာင္းဆရာ၊ ဆရာမေတြပဲ နည္းနည္း သတိထားၿပီး သြားလာေနၾကတာေပါ့။
ေမး - ကေလးေတြအေနနဲ႔ေကာ ေက်ာင္းသြားတဲ့ အခါမွာ အရင္ထက္စာရင္ ဘယ္လိုအေျခအေနႀကဳံ ေနရလဲ။ ေက်ာင္းေနတဲ့လူေကာမ်ားလား။ မိဘေတြ ကေကာ ဘယ္လိုသေဘာထားေတြရွိၾကလဲ။
ေျဖ - စျဖစ္တဲ့ႏွစ္ကေန ေျပာရရင္ေတာ့ ေက်ာင္းတက္တဲ့ ဦးေရက မ်ားလာတာကိုေတြ႕ရတယ္။ စတက္တုန္းကဆိုရင္ တခ်ိဳ႕ဆိုရင္ အျဖဴအစိမ္းေတြ မဝတ္ရဲၾကဘူး။ ေနာက္က်ေတာ့ တစ္ဆင့္ ဘာတက္ လာလဲဆိုေတာ့ လြယ္အိတ္ထဲ အျဖဴ အစိမ္းထည့္ၿပီး ေက်ာင္းေရာက္ရင္ ဝတ္ၾကတယ္။ အခုက် တစ္ဆင့္ထပ္တက္လာေတာ့ အျဖဴအစိမ္းကို အိမ္ကေန စဝတ္သြားၾကၿပီ။ ဒါေလးကေတာ့ အေပါင္းဘက္ ထြက္လာတယ္လို႔ ယူဆတာေပါ့ေလ။ ေနာက္ေက်ာင္းတက္တဲ့ ေက်ာင္းသူ ေက်ာင္းသားဦးေရမ်ား လာတယ္။ မတက္ဘဲနဲ႔ ေနခဲ့တဲ့လူေတြကလည္း ျပန္တက္လာၾကၿပီ။ တက္တဲ့ အေပၚမွာလည္း ပညာေရးနားလည္လို႔ တက္တဲ့လူရွိသလို တခ်ိဳ႕တကၠသိုလ္ တက္တဲ့လူက်ေတာ့လည္း စစ္မႈထမ္း ဥပေဒနဲ႔ ၿငိမွာစိုးလို႔ ေက်ာင္းအတက္ျပတဲ့လူေတြ‌ေရာ၊ မတက္ခ်င္ဘဲ တက္တဲ့လူေတြေရာ ပါေတာ့ ပါတာေပါ့ေနာ္။ အရင္ေခတ္ေတြကလိုေတာ့ ပညာ‌ေရးၿပိဳင္ဆိုင္မႈက ေတာ္ေတာ္နည္းသြားတာကိုေတာ့ေတြရယ္။ ႏိုင္ငံျခား ေက်ာင္းသြား တက္တဲ့ ကေလးေတြေတာ့မပါဘူး။ အလယ္အလတ္တန္းစားေတြနဲ႔ က်န္တဲ့လူ ေတြကေတာ့ ပညာေရးၿပိဳင္ဆိုင္မႈက နည္းသြား တာေတြ႕တယ္။ အရင္တုန္းကေတာ့ကိုယ့္ကေလးက ဘယ္လို၊ သူ႔ကေလးက ဘယ္လိုဆိုၿပီး အႀကိတ္အ နယ္ၿပိဳင္ၾကတာေပါ့ေနာ္။ အခုက်ေတာ့ ပညာေရး ကို မိဘေတြအားစိုက္မႈက ေလ်ာ့သြားတာကိုေတြ႕ရတယ္။
ေမး - ဘာေၾကာင့္ ေလ်ာ့သြားတယ္လို႔ထင္လဲ။ စီးပြားေရး မေျပလည္တာေတြေၾကာင့္ သားသမီး ေတြရဲ႕ ပညာေရး ဘက္ကို အားစိုက္မႈ နည္းသြားတာလား။
ေျဖ - ကိုယ့္အျမင္နဲ႔ေျပာရရင္ေတာ့ (၁၀ဝ) မွာ (၉၀) ေလာက္ကေတာ့ စီးပြားေရးမေကာင္းၾကေတာ့ဘူး။ တစ္ႏွစ္ထက္ တစ္ႏွစ္ က်ဆင္းလာတာေပါ့ေလ။ ပိုက္ဆံရွာရခက္လာတယ္ ၊ အသုံးမခံေတာ့ဘူး။ ေနာက္တစ္ခုက မလုံၿခဳံဘူး။ ကုန္ေဈး‌ႏႈန္းေတြ တက္လာတယ္။ အဲဒီအေပၚမွာ မိဘေတြကလည္း သူ႔အပူနဲ႔ သူဆိုေတာ့ ၊ ပိုက္ဆံရွိလာရင္ေတာ့ သားသမီးကို ဘယ္ေက်ာင္းထားခ်င္တာတို႔၊ ဘယ္ႏိုင္ငံျခားေက်ာင္း ထားခ်င္တာတို႔၊ ဘယ္ႏိုင္ငံကို ပို႔ခ်င္တာတို႔ ဒီလိုခံယူ ခ်က္ေတြနဲ႔ ေနတဲ့အေပၚ လမ္းေပ်ာက္လာတယ္လို႔ ျမင္တာေပါ့ေနာ္။ မိဘေတြလမ္းေပ်ာက္ေတာ့ သားသမီးေတြပါ လမ္းေပ်ာက္တယ္လို႔ သုံးသပ္ခ်င္တယ္။
ေမး - မေျပလည္မႈေတြေၾကာင့္ ေက်ာင္းနားရတဲ့ ကေလးေတြကိုေကာ ျမင္လား၊ ရွိလားေပါ့။ ရွိတယ္ဆို ဘယ္အ႐ြယ္ ေလာက္ေတြ ျဖစ္မလဲ။
ေျဖ - ‌ေျပာရရင္ေတာ့ စားပြဲထိုးအဆင့္ေပါ့ေနာ္။ စားပြဲထိုးအဆင့္ဆိုရင္ နဂိုတုန္းက ကေလးေတြ မခိုင္းဘူး။ (၆)တန္း ၊ (၇)တန္းအ႐ြယ္ေလးေတြ မထားဘူး။ အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံျခားထြက္တဲ့ လူနဲ႔ ေရွာင္တဲ့လူနဲ႔ဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားက လည္း ပညာေရးဘက္မတက္ေတာ့ဘူး။ တခ်ိဳ႕က ကိုယ္ႏိုင္ရာ ႏိုင္ရာေလးနဲ႔ အလုပ္လို အပ္ခ်က္အရ ေပါ့ေနာ္ ဆိုင္ဖြင့္တဲ့လူကလည္း ႀကိဳက္ေၾကးေပးၿပီး ေတာ့ ကေလးေတြကို ေခၚထားၾကတာ။ အငယ္ေလး ေတြပါ ေရာက္လာတယ္။ နဂိုတုန္းကဆို အငယ္ေလး ေတြ အလုပ္လုပ္တာ မျမင္ဖူးဘူး။ အခုဆိုရင္ အငယ္ ေလးေတြ အလုပ္လုပ္တာျမင္ရတယ္။ ပထမတစ္ခ်က္က စစ္မႈထမ္းဥပေဒနဲ႔ မၿငိဘဲ ခိုင္းလို႔ရေအာင္ေပါ့။ အဲဒီေတာ့ အသက္ငယ္ ငယ္ေလးေတြကို ေခၚခိုင္းၾက တာေပါ့ေနာ္။ အဲဒါေလးေတြ ေတြ႕လာတယ္။ (၁၈)ႏွစ္ေအာက္ကေလး ေတာ္ေတာ္မ်ားမ်ား ေတြ႕ရတယ္။ ေက်ာင္းမေနေတာ့ဘဲ ထြက္ၿပီးေတာ့ အခုဆိုရင္ အညာမွာ ဘာျဖစ္လဲဆိုေတာ့ ႐ြာေတြက ခံယူခ်က္ေတြ မရွိၾကဘူး။ မရွိဘဲနဲ႔ စစ္ေၾကာင္းထိုးလာရင္၊ ဝင္လာရင္ ခံပစ္တယ္။ ပစ္ေတာ့႐ြာကလူေတြ ထြက္ ေျပးၾကတယ္။ ၿပီးရင္ ႐ြာေတြက ၾကားညပ္ကုန္တာ။ အဲဒီေတာ့ ေဒသခံေတြလည္း အလုပ္မလုပ္ႏိုင္ေတာ့ ဘူး။ ကိုယ္တို႔အညာဆို ထန္းတက္ ရင္ က်ပ္ (၂၀ဝဝဝ)၊ (၂၅၀ဝဝ) ေလာက္ ဝင္တယ္။ အဲဒီလိုေတြ မလုပ္ႏိုင္ၾကေတာ့ဘူး။ ကိုယ့္႐ြာကိုယ္ပစ္ခဲ့ၾကရတာ။ ၿမိဳ႕ေပၚမွာ ေနၾကရတယ္။ ျပည္ပေတြကို ေအာက္လမ္း ေတြကေန ထြက္တယ္။ ပညာေရး တစ္ပိုင္းတစ္စနဲ႔ လမ္းေပ်ာက္ ကုန္တာေပါ့။ ေက်ာင္းတက္တဲ့ဦးေရ တြက္ၾကည့္ရင္ေတာ့ တစ္ႏွစ္ထက္ တစ္ႏွစ္ကေတာ့ မ်ားလာတယ္။ တကၠသိုလ္ အထိေပါ့ေနာ္။
ေမး - အစ္ကိုတို႔ေဒသဘက္မွာ အခုတေလာ အတြင္းမွာ ပညာေရးဝန္ထမ္းေတြနဲ႔ပတ္သက္ၿပီး ၿခိမ္းေျခာက္ခံရတာ မ်ိဳးေတြ မ်ားလာလား။
ေျဖ - သိသေလာက္ကေတာ့ နတ္ေမာက္မွာ (၂)ခု၊ ေညာင္ဦးမွာ (၁)ခု ေပါ့။ အခု (၂)လအတြင္းမွာေပါ့ (၃)ႀကိမ္ ေလာက္ရွိ သြားၿပီ။ ေလာေလာဆယ္ ဒီ (၁)လခြဲ၊ (၂)လအတြင္းကိုေပါ့ေနာ္။ ေက်ာက္ပန္း ေတာင္းကေတာ့ အဲဒီလိုမၾကားမိေသးဘူး။
ေမး- ပညာေရးဝန္ထမ္းေတြၿခိမ္းေျခာက္ခံရတာ မ်ိဳးေတြေကာ ၾကားမိလား။ ဟိုရက္ကဆိုရင္ NUG က CDM မလုပ္တဲ့ ဝန္ထမ္းေတြ တရားစြဲတဲ့ ဥပေဒ ဆိုတာမ်ိဳးေတြေျပာလာၿပီးတဲ့ေနာက္ပိုင္းမွာေကာ ဘယ္လိုအေျခအေနေတြ ျဖစ္လာလဲ။
ေျဖ - Non CDM သမားေတာ္ေတာ္မ်ားမ်ား ၿခိမ္း‌ေျခာက္ခံရတယ္။ ၿခိမ္းေျခာက္ခံရၿပီးေတာ့ တခ်ိဳ႕က မေျပာတာေပါ့။ ဟိုဘက္ ဒီဘက္ေၾကာက္ေတာ့ တခ်ိဳ႕က မေျပာတာေပါ့။ ဥပမာ လတ္တေလာ ၿခိမ္းေျခာက္ ခံရတာဆိုရင္ ေက်ာက္ပန္း ေတာင္းကေန တက္သြားလိုက္ရင္ မိတၳီလာေပါ့ေနာ္၊ လက္ပံျပားေက်ာ္သြားရင္ ညာဘက္ျခမ္းေပါ့။ မိတၳီလာကေန လာရင္ ညာဘက္ျခမ္းေပါ့။ အဲဒီနားကို ေက်ာ္သြားရင္ PDF ေတြ နည္းနည္း ႀကီးစိုးတဲ့အပိုင္းပါတယ္။ စစ္ေၾကာင္းက သြား တယ္။ သြားၿပီးရင္ ခဏပဲၿငိမ္တယ္။ အဲဒီဘက္ေတြမွာ မီတာ မ‌ေဆာင္ရဘူးဆိုၿပီးေတာ့ ၿခိမ္းေျခာက္တယ္။ အဲဒီေတာ့ မီတာမ‌ေဆာင္ၾကဘူး ။ အဲဒီေတာ့ ပုပၸါးေက်ာ္သြားတာနဲ႔ ေက်ာက္တံခါးတို႔ ဟိုးဘက္ ငါး သေရာက္အထိ PDF က နည္းနည္းႀကီးစိုးတဲ့အထဲ ပါတယ္။ ပါတဲ့အခါက်ေတာ့ မီတာမ‌ေဆာင္ရဘူး ဘာညာ လုပ္ထားၿပီးေတာ့ အခုက်ေတာ့ နဏဃ ကို ဖိအားေပးတဲ့အခါက်ေတာ့ EPC က Shut Down လုပ္ပစ္လိုက္တယ္။ ျဖတ္ခ်လိုက္တယ္။ ဒါေပမဲ့ PDF က ခ်ိတ္ၿပီးေတာ့ေျပာေတာ့ EPC က လိုင္း ေရွာ့ျဖစ္ေနလို႔ ကြၽန္ေတာ္တို႔ အဲဒီဘက္ကို မသြားရဲလို႔၊ သြားရဲရင္ ျပန္လုပ္ေပးပါ မယ္ဆိုၿပီး နားလည္ေအာင္ ရွင္းျပထားေတာ့ ျဖတ္ထားတယ္။ အခု လက္ရွိ EPC အဖြဲ႕ကို PDF အဖြဲ႕ကေန သတ္မယ္ ျဖတ္မယ္ၿခိမ္း ေျခာက္ေနတယ္။ ေက်ာက္ပန္းေတာင္းမွာေပါ့။
ေမး - တျခားဌာနဆိုင္ရာဝန္ထမ္းေတြေကာ ၿခိမ္း ေျခာက္ခံရတာမ်ိဳးရွိလား။ ဘယ္လိုအေျခအေန ရင္ဆိုင္ေနရလဲ။
ေျဖ - တျခားဌာနဆိုင္ရာဝန္ထမ္းေတြကေတာ့ ေကာင္းပါတယ္။ ၿမိဳ႕ေပၚပိုင္းေတြက တပ္ကပဲ စိုးမိုး ထားႏိုင္တာဆိုေတာ့ ေလ။ ၿမိဳ႕ေပၚမွာေတာ့ ေအးေအး ခ်မ္းခ်မ္းပဲ။ ေညာင္ဦးဘက္မွာေတာ့ နည္းနည္း ေတာ့ရွိတာေပါ့ေလ။ တျခားေနရာသြား မယ္ဆိုရင္ မလုံၿခဳံတာေပါ့။ ေရနံေခ်ာင္းနဲ႔ ေခ်ာက္ကိုသြားရင္ေတာ့ တစ္ခါတေလ လမ္းကို တက္လာခ်င္တာေပါ့ေလ။ အခုေလာေလာဆယ္ေတာ့ တပ္က စစ္ေၾကာင္း ထိုးေနေတာ့ နည္းနည္းေတာ့ၿငိမ္ေနတယ္ လက္ရွိ မွာေတာ့။ ေနာက္တစ္ခုက ေရနံေခ်ာင္းရဲ႕ တစ္ဖက္ ကိုကူးရင္ တေညာင္တို႔ စလင္းတို႔ေရာက္သြားတာ ေပါ့ေလ။ အဲဒီဘက္ ေရာက္ သြားရင္ေတာ့ ေတာ္ေတာ္ ေလးဆိုးတဲ့အေနအထားရွိတာေပါ့ေလ။
ေမး - ၿမိဳ႕ေပၚမဟုတ္ဘဲ ၿမိဳ႕နယ္ထဲက ေက်ာင္း ေတြမွာေကာ ဘယ္လိုအေျခအေနရွိလဲ။
ေျဖ - ပိတ္ထားတဲ့ေက်ာင္းေတြကေတာ့ မရွိဘူး။ တခ်ိဳ႕က်ေတာ့လည္း ကိုယ့္႐ြာနဲ႔ကိုယ့္ဆရာမနဲ႔သင္ေနၾကတာပဲ။ ၿငိမ္တဲ့အေနအထားေတြထဲ မွာေတာ့ ပါတာေပါ့ေလ။ ကိုယ့္႐ြာနဲ႔ကိုယ့္ဆရာမနဲ႔ ပုံစံမ်ိဳး ျဖစ္ေနတာ။ တခ်ိဳ႕ကလည္း ပညာ‌ေရးအကူ ဝန္ထမ္း ေတြ ေခၚၿပီးသင္ေနတာမ်ိဳးေတြရွိတယ္။ ကိုယ့္႐ြာနဲ႔ ကိုယ့္ဇာတ္နဲ႔ ကေနတာမ်ိဳးေတြဆိုေတာ့ အဆင္မေျပ တာေတာ့ မရွိဘူး။ ဒါေပမဲ့လည္း တစ္ဖက္က ပညာေရးက႑ကို ပညာေရးဝန္ထမ္းကို ပစ္မွတ္ထားတဲ့ သေဘာေတာ့ ရွိတာေပါ့ေလ။
ေမး - PDF ေတြအေနနဲ႔ ပညာေရးဝန္ထမ္းေတြကို ၿခိမ္းေျခာက္တာေတြ၊ သတ္ျဖတ္တာေတြအျပင္ တျခားက႑ေပါ့ေလ။ စီးပြားေရးလုပ္ငန္းေတြကို ဆက္ေၾကးေကာက္တဲ့ပုံစံမ်ိဳးေတြေကာရွိလား။ တခ်ိဳ႕ နယ္ဘက္ေတြဆိုရင္ ရွိတယ္ေလ။ အစ္ကိုတို႔ေဒသ ဘက္ေတြေကာ ရွိလား။
ေျဖ - ဆက္ေၾကးေကာက္တယ္ဆိုတာကေတာ့ ရွိတယ္။ တစ္ခါတေလက်ရင္လည္း ၾကားအဖြဲ႕ ကလုပ္တာေတြလည္း ရွိတယ္။ ေတာ္လွန္ေရးအတြက္ အလႉ‌ေငြထည့္ပါဦးဆိုၿပီးေတာ့ ေျပာတာေတြ ရွိတယ္။ ဒီဘက္ကေန ဖုန္းျပန္ဆက္ရင္ ေတာ့ မင္းဘယ္သူတုန္း ၊ ဘာတုန္းဆိုရင္ ေလွ်ာခ်သြားတယ္။ ေတာ္လွန္ေရးအဖြဲ႕ကက်ေတာ့လည္း မဟုတ္ပါ ဘူးေျပာ တယ္။ ေနာက္တစ္ခုက ေမွာင္ခိုလုပ္တဲ့ လူဆိုရင္ ပိုၿပီးပစ္မွတ္ထားၿပီး ပိုေတာင္းတာေပါ့။ ဒီဘက္က ေရနံထြက္ေတာ့ ေရနံကလည္း ေမွာင္ခို ထြက္တာကိုး။ အကုန္လုံးကလည္း လုပ္ကြက္ပိတ္ ထားေတာ့။ ေရနံသမားလိုဟာမ်ိဳးေတြ၊ သစ္သမားလို ဟာမ်ိဳးေတြဆို သူတို႔ကိုေပးၿပီးသြားေနၾကတာပဲ။ PDF ေတြက သူတို႔ကိုယ္တိုင္ေကာ ေရနံေတြ တူးတာ ေတာ့ မေတြ႕ဘူး။ အဲဒီေလာက္ထိေတာ့ မလုပ္ေသး ဘူး။ အဲဒီလိုလုပ္တာက ၿမိဳင္မွာပဲ ရွိတယ္။ ၿမိဳင္ဘက္ ကေတာ့ သစနည ပဲ။
ေမး - ဟုတ္ကဲ့ အခုလို ျပန္လည္ေျဖၾကားေပးတာ ေက်းဇူးပါရွင္။

Related news

© 2021. All rights reserved.