BTS အဖွဲ့ဝင်(၇)ဦးစလုံး စစ်မှုထမ်းတာဝန်ပြီးမြောက်

 135

Pika (NP News) - ဇွန် ၂၈
BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suga သည် ၎င်း၏ စစ်မှုထမ်းတာဝန်ကိုအောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်(၇)ဦးစလုံး ပြန်လည်ပေါင်းစည်းသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့ပြင် Suga ၏ စစ်မှုထမ်းတာဝန်ပြီးဆုံးသည့်နေ့တွင် လူများ ပြည့်ကြပ်နေမည်ကို စိုးရိမ်သောကြောင့် မည်သည့်ပွဲကိုမှ မပြုလုပ်ခဲ့ကြောင်း BTS ၏အေဂျင်စီ Big Hit Entertainment က အစောပိုင်းတွင်ထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် BTS ၏အခြားအဖွဲ့ဝင်များဖြစ်သော RM နှင့် V တို့က ၎င်းတို့၏ စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာပြီးဆုံးခဲ့ပြီး ဂျီမင်းနှင့်ဂျောင်ကွတ်တို့က တစ်ရက်အကြာတွင် ၎င်း တို့၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့လေးဦးစလုံးသည် (၂၀၂၃)ခုနှစ် ဒီဇင်ဘာလတွင် တောင်ကိုရီးယားစစ်တပ်၌ စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ BTS ၏အသက်အကြီးဆုံးအဖွဲ့ ဝင်ဖြစ်သော ဂျင်သည် (၂၀၂၄) ခုနှစ်ဇွန် လတွင် ၎င်း၏စစ်မှုထမ်းတာဝန်ကိုပြီးဆုံးခဲ့ပြီး J-Hope က (၂၀၂၄)ခုနှစ် အောက်တိုဘာလတွင် စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် အသက်(၁၈)နှစ်ပြည့်ပြီးသည့်အမျိုးသားတိုင်းသည် စစ်မှုထမ်းဥပဒေအရ အချိန် (၁၈) လ မှ (၂၁)လ အထိ စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်းလည်း သိရသည်။

Zawgyi Version:
BTS အဖြဲ႕ဝင္(၇)ဦးစလုံး စစ္မႈထမ္းတာဝန္ၿပီးေျမာက္
Pika (NP News) - ဇြန္ ၂၈
BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Suga သည္ ၎၏ စစ္မႈထမ္းတာဝန္ကိုေအာင္ျမင္စြာ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ အဖြဲ႕ဝင္(၇)ဦးစလုံး ျပန္လည္ေပါင္းစည္းသြားခဲ့ၿပီျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
ထို႔ျပင္ Suga ၏ စစ္မႈထမ္းတာဝန္ၿပီးဆုံးသည့္ေန႔တြင္ လူမ်ား ျပည့္ၾကပ္ေနမည္ကို စိုးရိမ္ေသာေၾကာင့္ မည္သည့္ပြဲကိုမွ မျပဳလုပ္ခဲ့ေၾကာင္း BTS ၏ေအဂ်င္စီ Big Hit Entertainment က အေစာပိုင္းတြင္ထုတ္ျပန္ေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္သီတင္းပတ္တြင္ BTS ၏အျခားအဖြဲ႕ဝင္မ်ားျဖစ္ေသာ RM ႏွင့္ V တို႔က ၎တို႔၏ စစ္မႈထမ္းတာဝန္ကို ေအာင္ျမင္စြာၿပီးဆုံးခဲ့ၿပီး ဂ်ီမင္းႏွင့္ေဂ်ာင္ကြတ္တို႔က တစ္ရက္အၾကာတြင္ ၎ တို႔၏စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ေလးဦးစလုံးသည္ (၂၀၂၃)ခုႏွစ္ ဒီဇင္ဘာလတြင္ ေတာင္ကိုရီးယားစစ္တပ္၌ စစ္မႈထမ္းတာဝန္ကို စတင္ထမ္းေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ BTS ၏အသက္အႀကီးဆုံးအဖြဲ႕ ဝင္ျဖစ္ေသာ ဂ်င္သည္ (၂၀၂၄) ခုႏွစ္ဇြန္ လတြင္ ၎၏စစ္မႈထမ္းတာဝန္ကိုၿပီးဆုံးခဲ့ၿပီး J-Hope က (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာလတြင္ စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေတာင္ကိုရီးယားႏိုင္ငံတြင္ အသက္(၁၈)ႏွစ္ျပည့္ၿပီးသည့္အမ်ိဳးသားတိုင္းသည္ စစ္မႈထမ္းဥပေဒအရ အခ်ိန္ (၁၈) လ မွ (၂၁)လ အထိ စစ္တပ္တြင္ တာဝန္ထမ္းေဆာင္ရန္လိုအပ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.