ဒဂုံတက္ကသိုလ်(ဂိတ်ရင်း)မှ YBS နောက်ဆုံးကားများကို ည (၇) နာရီခွဲအထိ ပြေးဆွဲသွားရန် YRTC ညွှန်ကြား

 246

စော(NP News)- ဇွန် ၂၈
ဒဂုံတက္ကသိုလ် (ဂိတ်ရင်း)မှ စထွက်လာမည့် YBS ယာဉ်လိုင်း (၁၀)လိုင်း၏ နောက်ဆုံးကားများကို ည (၇)နာရီခွဲအထိ ပြေးဆွဲသွားရန် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့ (ဇွန်လ ၂၈ရက်)တွင် ညွှန်ကြားထားခြင်းဖြစ်သည်။
ထိုသို့ညွှန်ကြားရခြင်းမှာ ဒဂုံတက္ကသိုလ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို စစ်ဆေးသော ဆရာ၊ ဆရာမ များ အလုပ်ဆင်းချိန်တွင် အဆင်ပြေစေရန်အတွက် ဖြစ်ကြောင်း သိရသည်။
ပြေးဆွဲသွားမည့် ယာဉ်လိုင်းများသည် YBS (10)၊ YBS (15)၊ YBS (24)၊ YBS (28)၊ YBS (30)၊ YBS (117)၊ YBS (139)၊ YBS (137) ၊ YBS (25) နှင့် YBS (128)တို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းပေါင်း (၁၃၂)လိုင်း၊ ယာဉ်စီးရေ (၃၅၀၀)ကျော်ဖြင့် ခရီးသည် (၁၄)သိန်းကျော်ကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း YRTC ၏ အချက်အလက်များအရ သိရသည်။
YBSစီးနင်းရာတွင် အဆင်မပြေမှုများအတွက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိ ကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ Call Centre ဖုန်းနံပါ တ် 094 48147149 ၊ 09448147153 တို့၏ Viber နံပါတ်များမှတဆင့် အချိန်၊ နေရာ YBSယာဉ်လိုင်းနံပါတ်တို့ဖြင့် တိုင်ကြားနိုင်ကြောင်း သိရသည်။

Zawgyi Version:
ဒဂုံတကၠသိုလ္(ဂိတ္ရင္း)မွ YBS ေနာက္ဆုံးကားမ်ားကို ည (၇) နာရီခြဲအထိ ေျပးဆြဲသြားရန္ YRTC ၫႊန္ၾကား
ေစာ(NP News)- ဇြန္ ၂၈
ဒဂုံတကၠသိုလ္ (ဂိတ္ရင္း)မွ စထြက္လာမည့္ YBS ယာဥ္လိုင္း (၁၀)လိုင္း၏ ေနာက္ဆုံးကားမ်ားကို ည (၇)နာရီခြဲအထိ ေျပးဆြဲသြားရန္ ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC)က ယေန႔ (ဇြန္လ ၂၈ရက္)တြင္ ၫႊန္ၾကားထားျခင္းျဖစ္သည္။
ထိုသို႔ၫႊန္ၾကားရျခင္းမွာ ဒဂုံတကၠသိုလ္၌ တကၠသိုလ္ဝင္တန္းစာေမးပြဲ အေျဖလႊာမ်ားကို စစ္ေဆးေသာ ဆရာ၊ ဆရာမ မ်ား အလုပ္ဆင္းခ်ိန္တြင္ အဆင္ေျပေစရန္အတြက္ ျဖစ္ေၾကာင္း သိရသည္။
ေျပးဆြဲသြားမည့္ ယာဥ္လိုင္းမ်ားသည္ YBS (10)၊ YBS (15)၊ YBS (24)၊ YBS (28)၊ YBS (30)၊ YBS (117)၊ YBS (139)၊ YBS (137) ၊ YBS (25) ႏွင့္ YBS (128)တို႔ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနေသာ YBS ယာဥ္လိုင္းေပါင္း (၁၃၂)လိုင္း၊ ယာဥ္စီးေရ (၃၅၀၀)ေက်ာ္ျဖင့္ ခရီးသည္ (၁၄)သိန္းေက်ာ္ကို ေန႔စဥ္ပို႔ေဆာင္ေပးလ်က္ရွိေၾကာင္း YRTC ၏ အခ်က္အလက္မ်ားအရ သိရသည္။
YBSစီးနင္းရာတြင္ အဆင္မေျပမႈမ်ားအတြက္ ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိ ကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC)၏ Call Centre ဖုန္းနံပါ တ္ 094 48147149 ၊ 09448147153 တို႔၏ Viber နံပါတ္မ်ားမွတဆင့္ အခ်ိန္၊ ေနရာ YBSယာဥ္လိုင္းနံပါတ္တို႔ျဖင့္ တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.