ဂွ - ငါးသိုင်းချောင်းလမ်း (သို့မဟုတ်) တိမ်ကောလာနေသောခရီး

450

သုတကျော်(NP News)- ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ထိစပ်ရာနေရာကို ဖြတ်သန်းဖောက်လုပ်ထားသော ဂွ-ငါးသိုင်း ချောင်းလမ်းကို စင်စစ်အားဖြင့် တိုင်းနှင့်ပြည်နယ်ဖြတ်ကျော်လမ်းဟုဆိုခြင်းထက် ဖြတ်လမ်း တစ်ခုဟုသုံးနှုန်းခြင်းက ပိုမိုသင့်လျော်ဖွယ်ရှိသည်။
ရခိုင်ပြည်နယ်မှ ဂွမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ငါးသိုင်းချောင်းမြို့ကိုချိတ်ဆက်ထား သော ယင်းလမ်း ကြောသည် မိုင်အားဖြင့် (၅၃) မိုင် ကျော်ခန့်ရှိပြီး ခရီးလမ်းကြာချိန်က (၁) နာရီခွဲသာ သာမျှသာဖြစ်သည့်အတွက် လမ်းတိုပြီး အလွန်အသုံး တည့်သောလမ်းပိုင်းတစ်ခုပင်။
ယင်းလမ်းပိုင်းသည် ရခိုင်ရိုးမကိုဖြတ်သန်း ကာဖောက်လုပ်ထားခြင်းဖြစ်ပြီး လမ်းအစအဆုံးမြို့ များအတွက်သာ အကျိုးရှိခြင်းမဟုတ်ဘဲ အခြား ချိတ် ဆက်ရာမြို့များစွာတို့အတွက် အကျိုးအမြတ်များစွာ ရရှိစေခဲ့သည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့သည် ပထဝီအနေအထားအရဆက်စပ်နေသကဲ့ သို့ စီးပွားရေးအရ လည်း နှီးနွှယ်နေသောကြောင့် ယင်းနီးစပ်မှုအတွက် ဂွ-ငါးသိုင်းချောင်းလမ်းက ရွှေလမ်း၊ ငွေလမ်းလည်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှအထွက်တွင် ရိုးမကိုဖြတ် ကျော်ပြီးသည့်နောက် မြေပြန့်လမ်းများကိုသာ အများ ဆုံးအသုံးပြုရ သည်ဖြစ်သောကြောင့် ယင်းပြည်နယ် မှပြည်သူများနှင့်ကုန်သည်များအတွက် ရိုးမတောင် ကျော်လမ်းများ၏ ကြာချိန်နှင့် လမ်းပန်းဆက်သွယ် ရေးကအရေးပါသည်။ မဖွံ့ဖြိုးမီအချိန်က ရာသီဥတု အပေါ်မူတည်ကာ ရခိုင်ရိုးမပေါ်ဖြတ်သန်း ချိန်ကြာမြင့်ခဲ့ပြီး လမ်းမကောင်းသောကြောင့်လည်း အခက်အခဲတွေ့ခဲ့ကြရသည်။
ရခိုင်ပြည်နယ်မှ ရန်ကုန်နှင့် ဆက်သွယ်သွားလာရန် ထွက်ပေါက်အဖြစ် ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် ရန်ကုန်-စစ်တွေလမ်းမကြီးရှိပြီး ရခိုင်ပြည် နယ်တောင်ပိုင်းတွင်မူ ပန်းတောင်း- တောင်ကုတ် လမ်းနှင့် ဂွ-ငါးသိုင်းချောင်းလမ်း တို့ရှိကြသည်။ ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် ရန်ကုန်-စစ်တွေလမ်းမှ အပ ရွေးစရာမရှိသော်လည်း ရွေးစရာနှစ်ခုရှိသော ရခိုင်ပြည်နယ်တောင်ပိုင်းအတွက်မူ ဂွ-ငါးသိုင်း ချောင်းလမ်းမှာ ပိုမိုအရေးပါလာသည်။
“အရင်က ပန်းတောင်း-တောင်ကုတ် လမ်းကို တောင်ကုတ်-သံတွဲ-ရန်ကုန် လာဖို့ သုံးတယ်ပေါ့။ နောက် ဂွလမ်းဖြစ်တဲ့အချိန် ဂွလမ်းဘက် ကိုသုံးလာကြတယ်။ ခရီးတိုတယ်။ သွားရလာရ သက် သာတယ်။ တောင်ကုတ် လမ်းကျတော့ တောင်မြင့်တယ်၊ အကွေ့အကောက်များတယ်။ ဂွလမ်းက ပြေပြစ်ပြီး လမ်းဖောက်ထားတာ အဆင်ပြေ တော့ အဲဒီဘက်ကနေပိုသွားကြတယ်။ ကုန်ပစ္စည်းဖလှယ်မှု အရလည်း ပိုအဆင်ပြေတယ်ပြောရမယ်” ဟု ရခိုင် တိုင်းရင်းသားတစ်ဦးကဆိုသည်။
စီးပွားရေးအရလည်း ရခိုင်ပြည်နယ်နှင့် ကုန်ပစ္စည်းအများဆုံးဖလှယ်ရာဒေသများအနက် ဧရာဝတီတိုင်း ဒေသကြီးလည်းပါဝင်လေရာ ဂွ-ငါး သိုင်းချောင်းလမ်းမှာ “တိုင်း၍ရက်သည့်ပက္ကလာ မိုးရွာသည်နှင့်အဆင်သင့်” ဖြစ်ခဲ့ရ သည်။
“ရခိုင်ပစ္စည်းအများစုက ဧရာဝတီတို့ ဘာ တို့ကလည်းသုံးကြတယ်။ ကုန်ပစ္စည်းလာပြီဆိုရင် ရေနံ့သာ၊ အသုတ်၊ ရေကြည် အဲဒီမှာ ပစ္စည်းတွေကိုထားပြီး ဆက်ပို့တာတွေလုပ်ကြတယ်။ အရေးပါတယ်။ နောက်ပြီးတော့ ဂွမှာ အပန်းဖြေ စခန်းရှိတော့ အဲဒီကို သွားတာလည်းရှိတယ်” ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့များသို့သွားလိုသူများအတွက် နောက်ပိုင်းတွင် ဂွ -ငါးသိုင်းချောင်း လမ်းသည် အများစုရွေးချယ်စရာ ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့က ကားဂိတ်များတွင် “ဂွဘက်ကသွားတဲ့ ကားရှိသေး လား”ဟုမေးပြီး ဝယ်သူများလာ၏။ တိုးတက်လာသောခေတ်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အကြား မှာလည်း ယင်းလမ်းကိုအသုံးပြုကာ ကုန်စည်ဖလှယ် ခြင်း၊ သွားလာခြင်းများ တိုးပွားလာသည်။
ယင်းသို့နှယ် လူသုံးများလာပြီး ထပ်မံတိုး တက်ရန်အရှိန်ယူနေသော ဂွ-ငါးသိုင်းချောင်းလမ်း၏ ထင်ပေါ်မှုသည် လမ်းခုလတ်မှာပင်ရပ်တန့်သွားခဲ့ရသည်။ ယင်းကိစ္စများအတွက် တရားခံကား စစ်ပွဲများ ဖြစ်၏။ AA နှင့် ၎င်း၏ အပေါင်း အပါတို့ယူလာခဲ့သော စစ်ပွဲသည် ဂွ-ငါးသိုင်းချောင်းလမ်းကို ကောသွားစေခဲ့၏။
ရခိုင်ပြည်နယ်တောင်ပိုင်းသို့ စစ်ရောက် လာသောအချိန်အထိ ယင်းလမ်းပိုင်းကို အသုံးပြုနိုင်ခဲ့သေးသည်။ သို့သော် လမ်းပိုင်းတွင် ကားသွားလာမှုက တစ်စတစ်စကျဲပါးလာ၏။ အစောပိုင်းတွင် မသိသာသော်လည်း ဂွ-ငါးသိုင်းချောင်းလမ်းတွင် စိုးရိမ် ပူပန်မှုများရောက်ရှိလာသည်။
ထို့နောက် ဂွမြို့အထိ စစ်ရောက်လာသည်။ ယင်းလမ်းတွင် တစ်ချိန်က ခရီးသည်တင်ကားများ၊ ကုန်ကားများ၊ အိမ်စီးကားများ ဥဒဟိုသွားလာခဲ့ကြပြီး စိုးရိမ်ကင်းစွာအသုံးပြုခဲ့ရသော လမ်းအဖြစ်မှ မိမိတို့ အိုးအိမ်များကိုပစ်ထားကာ ရရာအထုပ်ဆွဲပြီး စိုးရိမ်စိတ်အပြည့်ဖြင့် စစ်ဘေးရှောင်ခဲ့ရသူများအသုံးပြုရာ ဖြစ်ခဲ့သည်။ ထို့နောက်တွင်မူ ဂွ-ငါးသိုင်း ချောင်း လမ်းပေါ်ဖြတ်သန်းနေသည့် ပရိဒေဝမီးတောက် လောင်နေသော လူတို့၏အပူတို့ ရုတ်တရက်ကင်းစင် သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယင်းလမ်းကို အ သုံးမပြုရဲကြတော့သောကြောင့်ဖြစ်သည်။
“အဓိကတော့ အဲဒီလမ်းမှာ ရန်ကုန်ကို လာတာ မရတော့ဘူးပြောတယ်။ အသိရှိတဲ့သူကပဲ AA ကိုပိုက်ဆံပေးပြီး ထွက်တယ်လို့ပြောတယ်။ ဒါကလည်း တစ်ရာမှာတစ်ယောက်လောက်ပေါ့။ လူငယ်တွေဆို လုံးဝထွက်ခွင့်မပေးဘူး” ဟု ဂွ-ငါးသိုင်း ချောင်းလမ်း၏ ရခိုင်ပြည်နယ်ဘက်ကအခြေအနေကို ရခိုင်တိုင်းရင်းသားတစ်ဦးကပြောသည်။
AA က ဂွကိုထိန်းချုပ်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးဘက်အထိ စစ်ရေးအရကျူးကျော် တိုက်ခိုက်ခြင်းများ ပြုလာသည်။ ထိုအခါ ဂွ-ငါးသိုင်း ချောင်းလမ်းမှာ လုံးဝစိတ်ချရသော အခြေအနေ မရှိတော့။ AA တို့ယူလာသော စစ်၏ နောက်ဆက်တွဲအဖြစ် အသုံးဝင်သောလမ်းမကြီးတစ်ခုဖြစ်ခဲ့သည့် ဂွ-ငါးသိုင်းချောင်းလမ်းတွင် ဘေးအန္တရာယ်ထူ ပြော လာသည်။
ရုတ်တရက် လမ်းပေါ်ထွက်လာနိုင်သော AA များဘေးကိုလည်း စိုးရိမ်သည်။ ဖမ်းဆီးခံရမည်ကိုလည်း ပြည်သူ များကမလိုလားကြပါ။ ထို့ပြင် ယင်းလမ်းပိုင်းတွင် လက်နက်ကိုင် ပုန်ကန်ထကြွခြင်း ကိုအကြောင်းပြုကာ လုယက်ခံရ မည့်ဘေးကိုလည်း ပြည်သူများအကြား စိုးရိမ်စိတ်မြင့်တက်နေသည်။
“သွားလို့မရဘူးလားဆိုတော့ သွားလို့တော့ ရမယ်ထင်တယ်။ မပြောတတ်ဘူး။ ဒါပေမဲ့ စမ်း ပြီးမသွားရဲကြဘူး လေ။ ဘာလို့လဲဆိုတော့ အာမခံချက်မှမရှိတာကိုး။ မလိုအပ်ဘဲ ဘယ်သူမှမစွန့်စားချင် ကြဘူး။ ဒီလိုပဲ အဆင်ပြေတဲ့ လမ်းလေး ဘာလေး ရွေးသုံးနေကြရတာပဲ”ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦး ကဆိုသည်။
အဆိုပါလမ်းပိုင်းဖြတ်သန်းရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက နေရာများတွင် AA တို့က စစ်ရေးလှုပ်ရှားမှု များ ပြုလုပ်လာသောကြောင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။ ထိုအခါ ယင်းလမ်းပိုင်းကို ပြည်သူများ လုံးဝ အသုံးမပြုရဲကြတော့။ ယင်းလမ်းပိုင်းပေါ်တွင် တိုက်ပွဲမဖြစ်ပွားစေကာမူ စစ်၏အရိပ်အငွေ့က ပတ်ဝန်းကျင်သို့ ပျံ့နှံ့သည် ဖြစ်ရာ ယင်းလမ်းသည် ပြည်သူတို့၏စိုးရိမ်စိတ်ဖြင့် အကြဉ် ခံရသောအခြေအနေ ရောက်လာသည်။
လမ်း၏ မူရင်းရည်ရွယ်ချက်ဖြစ်သော ငါးသိုင်းချောင်းမြို့မှ ဂွမြို့သို့သွားရန် ခက်ကြောင်းကိုကား အားလုံးသိပြီး ဖြစ်ပါသည်။ ယင်းလမ်း၏ ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှနေရာများသို့ပင် သွားလာရန် အခက်အခဲရှိသည်။
“အခု ငါးသိုင်းချောင်းကနေ ကွင်းကောက် အထိကျော်ပြီးရင် ဘယ်သူမှမသွားရဲကြတော့ဘူး။ (AA)တွေက အနောက်ဘက်ခြမ်းမှာဆိုတော့ စိုးရိမ်ကြတာပေါ့”ဟု ၎င်းကဆိုသည်။
ယင်းလမ်းပိုင်း၌ နားလည်မှုဖြင့်သွားနေ ကြသူများရှိသော်လည်း ၎င်းတို့မှာ လက်တစ်ဆုပ်စာ ထက်ပင်လျော့ သည်ဟုဆိုရမည့်အခြေအနေဖြစ်သည်။ အဆိုပါ လက်တစ်ဆုပ်စာဆိုသည်မှာလည်း အမြဲတမ်းသွားနေခြင်းမျိုး မဟုတ်ပေ။ ယခင်က ကားအစီးပေါင်းများစွာ ဖြတ်ကျော်သွားလာခဲ့သော ယင်းလမ်းသည် ကျီးနှင့်ဖုတ်ဖုတ် ဖြစ်နေ လေပြီ။
တစ်ဖက်တွင်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း မြို့နယ်နှင့် လေးမျက် နှာမြို့နယ်တို့တွင် AA က စစ် ရေးလှုပ်ရှားမှုများပြုလုပ်လာရာ ပြည်သူတို့မှာ စိုးရိမ် စိတ်ကြီးစွာဖြင့် စစ်ဘေးရှောင်ခြင်း အမှုကိုပြုနေကြရသည်။ တစ်သက်လုံးတွင်တစ်ကြိမ်မျှ စစ်ကို ကြုံဖူး ခြင်းမရှိသောပြည်သူများမှာ စစ်ကို နဖူးတွေ့ ဒူးတွေ့ ကြုံကြရသောအခါ လူမှု၊ စီးပွားဘဝများကို ထိခိုက်ကြရတော့သည်။
“တိုက်ပွဲသတင်းတွေကြားရတော့ စိုးရိမ်တာပေါ့။ အခုက ဂွ-ငါးသိုင်းချောင်းလမ်းကြီးက လည်း လုံးဝပိတ်သွား ပြီလေ။ ဒါက စစ်ကြောင့် ကြုံရတဲ့အခြေအနေပေါ့။ စိတ်မချမ်းသာပါဘူး။ တစ်နေ့ တစ်နေ့ စိုးရိမ်စိတ်တွေနဲ့နေရတာ အဆင်မပြေဘူး” ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးကဆိုသည်။
ဂွ-ငါးသိုင်းချောင်းလမ်းကဲ့သို့ ရခိုင်ပြည်နယ်မှ အခြားဒေသများသို့ ထွက်ပေါက်လမ်းများမှာ လက်ရှိအခြေအနေ အရ ပိတ်သွားပြီဖြစ်သည်။ ထိုအခါ AA တို့ယူလာသောစစ်မီးကို တိုက်ရိုက်ခံစားရ သူများမှာထဲတွင် ရခိုင်တိုင်းရင်းသား အများစုပါဝင်၏။ အဘယ်ကြောင့်ဆိုသော် ရခိုင်ပြည်နယ်သို့ အဝင်၊ အထွက်အတွက် များစွာစွန့်စားနေရသော ကြောင့်ဖြစ်သည်။
‘ရခိုင်ပြန်ဖို့ ဂွ-ငါးသိုင်းချောင်းလမ်းကို သုံးတာမရှိဘူး။ ကျွန်တော်သိသလောက်ပေါ့နော်။ အခု သံတွဲ ဘာညာ ပြန်တဲ့သူက အမ်းကိုသုံးတယ်။ အမ်းအနီးတစ်ဝိုက်က မြို့တစ်မြို့ကို ကားနဲ့ရောက် အောင်သွားတယ်။ တိုက်ပွဲဖြစ်လား အခြေအနေ စောင့်ကြည့်ပြီး ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ ရမ်းဗြဲ တို့ကျောက်ဖြူတို့ဘက်ကို ရောက်အောင်သွားတယ်။ အဲဒီကနေ သံတွဲဘက်ကိုပြန်ကူးတာ’ ဟု အထက်ပါ ရခိုင်တိုင်းရင်းသားကဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် ခရီးတို သော်လည်း ခရီးထက် အဆများစွာအလုပ်ဖြစ်သော လမ်းကိုမသွား နိုင်သောကြောင့် ယင်းထက် အဆများ စွာဝေးသောခရီးမှ ပြန်ပတ်နေကြရခြင်းဖြစ်သည်။
ဂွ-ငါးသိုင်းချောင်းလမ်းကို ရေစီးသန်စပြုနေသောချောင်းတစ်ချောင်းအဖြစ် တင်စားမည်ဆိုပါက ယင်းချောင်း သည် မြစ်အဖြစ်သို့မရောက်မီ ကောသွားကြောင်း တင်စားနိုင်ဖွယ်ရှိသည်။ ချောင်း ကောသည်ကို အကောင်းဘက်မှလှည့် တွေးလျှင် ယင်းနေရာ၌ မြေသားထုကျန်ပါသေး၏။ ဂွ-ငါးသိုင်း ချောင်းလမ်း ကောစပြုနေသည်ကား ရခိုင်ရိုးမတောင် တန်းကိုကျော်ရန်ခက်ပြီး ဒေသတို့၏စီးပွားရေးကို များစွာ အကျိုးသက်ရောက်စေလေသည်။

Zawgyi Version:
ဂြ - ငါးသိုင္းေခ်ာင္းလမ္း (သို႔မဟုတ္) တိမ္ေကာလာေနေသာခရီး
သုတေက်ာ္(NP News)- ဇြန္ ၂၉
ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔ ထိစပ္ရာေနရာကို ျဖတ္သန္းေဖာက္လုပ္ထားေသာ ဂြ-ငါးသိုင္း ေခ်ာင္းလမ္းကို စင္စစ္အားျဖင့္ တိုင္းႏွင့္ျပည္နယ္ျဖတ္ေက်ာ္လမ္းဟုဆိုျခင္းထက္ ျဖတ္လမ္း တစ္ခုဟုသုံးႏႈန္းျခင္းက ပိုမိုသင့္ေလ်ာ္ဖြယ္ရွိသည္။
ရခိုင္ျပည္နယ္မွ ဂြၿမိဳ႕ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးမွ ငါးသိုင္းေခ်ာင္းၿမိဳ႕ကိုခ်ိတ္ဆက္ထား ေသာ ယင္းလမ္း ေၾကာသည္ မိုင္အားျဖင့္ (၅၃) မိုင္ ေက်ာ္ခန႔္ရွိၿပီး ခရီးလမ္းၾကာခ်ိန္က (၁) နာရီခြဲသာ သာမွ်သာျဖစ္သည့္အတြက္ လမ္းတိုၿပီး အလြန္အသုံး တည့္ေသာလမ္းပိုင္းတစ္ခုပင္။
ယင္းလမ္းပိုင္းသည္ ရခိုင္႐ိုးမကိုျဖတ္သန္း ကာေဖာက္လုပ္ထားျခင္းျဖစ္ၿပီး လမ္းအစအဆုံးၿမိဳ႕ မ်ားအတြက္သာ အက်ိဳးရွိျခင္းမဟုတ္ဘဲ အျခား ခ်ိတ္ ဆက္ရာၿမိဳ႕မ်ားစြာတို႔အတြက္ အက်ိဳးအျမတ္မ်ားစြာ ရရွိေစခဲ့သည္။
ရခိုင္ျပည္နယ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး တို႔သည္ ပထဝီအေနအထားအရဆက္စပ္ေနသကဲ့ သို႔ စီးပြားေရးအရ လည္း ႏွီးႏႊယ္ေနေသာေၾကာင့္ ယင္းနီးစပ္မႈအတြက္ ဂြ-ငါးသိုင္းေခ်ာင္းလမ္းက ေ႐ႊလမ္း၊ ေငြလမ္းလည္း ျဖစ္သည္။
ရခိုင္ျပည္နယ္မွအထြက္တြင္ ႐ိုးမကိုျဖတ္ ေက်ာ္ၿပီးသည့္ေနာက္ ေျမျပန႔္လမ္းမ်ားကိုသာ အမ်ား ဆုံးအသုံးျပဳရ သည္ျဖစ္ေသာေၾကာင့္ ယင္းျပည္နယ္ မွျပည္သူမ်ားႏွင့္ကုန္သည္မ်ားအတြက္ ႐ိုးမေတာင္ ေက်ာ္လမ္းမ်ား၏ ၾကာခ်ိန္ႏွင့္ လမ္းပန္းဆက္သြယ္ ေရးကအေရးပါသည္။ မဖြံ႕ၿဖိဳးမီအခ်ိန္က ရာသီဥတု အေပၚမူတည္ကာ ရခိုင္႐ိုးမေပၚျဖတ္သန္း ခ်ိန္ၾကာျမင့္ခဲ့ၿပီး လမ္းမေကာင္းေသာေၾကာင့္လည္း အခက္အခဲေတြ႕ခဲ့ၾကရသည္။
ရခိုင္ျပည္နယ္မွ ရန္ကုန္ႏွင့္ ဆက္သြယ္သြားလာရန္ ထြက္ေပါက္အျဖစ္ ရခိုင္ျပည္နယ္ေျမာက္ ပိုင္းတြင္ ရန္ကုန္-စစ္ေတြလမ္းမႀကီးရွိၿပီး ရခိုင္ျပည္ နယ္ေတာင္ပိုင္းတြင္မူ ပန္းေတာင္း- ေတာင္ကုတ္ လမ္းႏွင့္ ဂြ-ငါးသိုင္းေခ်ာင္းလမ္း တို႔ရွိၾကသည္။ ရခိုင္ ျပည္နယ္ေျမာက္ပိုင္းတြင္ ရန္ကုန္-စစ္ေတြလမ္းမွ အပ ေ႐ြးစရာမရွိေသာ္လည္း ေ႐ြးစရာႏွစ္ခုရွိေသာ ရခိုင္ျပည္နယ္ေတာင္ပိုင္းအတြက္မူ ဂြ-ငါးသိုင္း ေခ်ာင္းလမ္းမွာ ပိုမိုအေရးပါလာသည္။
“အရင္က ပန္းေတာင္း-ေတာင္ကုတ္ လမ္းကို ေတာင္ကုတ္-သံတြဲ-ရန္ကုန္ လာဖို႔ သုံးတယ္ေပါ့။ ေနာက္ ဂြလမ္းျဖစ္တဲ့အခ်ိန္ ဂြလမ္းဘက္ ကိုသုံးလာၾကတယ္။ ခရီးတိုတယ္။ သြားရလာရ သက္ သာတယ္။ ေတာင္ကုတ္ လမ္းက်ေတာ့ ေတာင္ျမင့္တယ္၊ အေကြ႕အေကာက္မ်ားတယ္။ ဂြလမ္းက ေျပျပစ္ၿပီး လမ္းေဖာက္ထားတာ အဆင္ေျပ ေတာ့ အဲဒီဘက္ကေနပိုသြားၾကတယ္။ ကုန္ပစၥည္းဖလွယ္မႈ အရလည္း ပိုအဆင္ေျပတယ္ေျပာရမယ္” ဟု ရခိုင္ တိုင္းရင္းသားတစ္ဦးကဆိုသည္။
စီးပြားေရးအရလည္း ရခိုင္ျပည္နယ္ႏွင့္ ကုန္ပစၥည္းအမ်ားဆုံးဖလွယ္ရာေဒသမ်ားအနက္ ဧရာဝတီတိုင္း ေဒသႀကီးလည္းပါဝင္ေလရာ ဂြ-ငါး သိုင္းေခ်ာင္းလမ္းမွာ “တိုင္း၍ရက္သည့္ပကၠလာ မိုး႐ြာသည္ႏွင့္အဆင္သင့္” ျဖစ္ခဲ့ရ သည္။
“ရခိုင္ပစၥည္းအမ်ားစုက ဧရာဝတီတို႔ ဘာ တို႔ကလည္းသုံးၾကတယ္။ ကုန္ပစၥည္းလာၿပီဆိုရင္ ေရနံ႔သာ၊ အသုတ္၊ ေရၾကည္ အဲဒီမွာ ပစၥည္းေတြကိုထားၿပီး ဆက္ပို႔တာေတြလုပ္ၾကတယ္။ အေရးပါတယ္။ ေနာက္ၿပီးေတာ့ ဂြမွာ အပန္းေျဖ စခန္းရွိေတာ့ အဲဒီကို သြားတာလည္းရွိတယ္” ဟု ၎ကဆိုသည္။
ရန္ကုန္ၿမိဳ႕မွ ရခိုင္ျပည္နယ္ေတာင္ပိုင္းရွိ ၿမိဳ႕မ်ားသို႔သြားလိုသူမ်ားအတြက္ ေနာက္ပိုင္းတြင္ ဂြ -ငါးသိုင္းေခ်ာင္း လမ္းသည္ အမ်ားစုေ႐ြးခ်ယ္စရာ ျဖစ္လာခဲ့သည္။ ရန္ကုန္ၿမိဳ႕က ကားဂိတ္မ်ားတြင္ “ဂြဘက္ကသြားတဲ့ ကားရွိေသး လား”ဟုေမးၿပီး ဝယ္သူမ်ားလာ၏။ တိုးတက္လာေသာေခတ္ႏွင့္အတူ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္အၾကား မွာလည္း ယင္းလမ္းကိုအသုံးျပဳကာ ကုန္စည္ဖလွယ္ ျခင္း၊ သြားလာျခင္းမ်ား တိုးပြားလာသည္။
ယင္းသို႔ႏွယ္ လူသုံးမ်ားလာၿပီး ထပ္မံတိုး တက္ရန္အရွိန္ယူေနေသာ ဂြ-ငါးသိုင္းေခ်ာင္းလမ္း၏ ထင္ေပၚမႈသည္ လမ္းခုလတ္မွာပင္ရပ္တန႔္သြားခဲ့ရသည္။ ယင္းကိစၥမ်ားအတြက္ တရားခံကား စစ္ပြဲမ်ား ျဖစ္၏။ AA ႏွင့္ ၎၏ အေပါင္း အပါတို႔ယူလာခဲ့ေသာ စစ္ပြဲသည္ ဂြ-ငါးသိုင္းေခ်ာင္းလမ္းကို ေကာသြားေစခဲ့၏။
ရခိုင္ျပည္နယ္ေတာင္ပိုင္းသို႔ စစ္ေရာက္ လာေသာအခ်ိန္အထိ ယင္းလမ္းပိုင္းကို အသုံးျပဳႏိုင္ခဲ့ေသးသည္။ သို႔ေသာ္ လမ္းပိုင္းတြင္ ကားသြားလာမႈက တစ္စတစ္စက်ဲပါးလာ၏။ အေစာပိုင္းတြင္ မသိသာေသာ္လည္း ဂြ-ငါးသိုင္းေခ်ာင္းလမ္းတြင္ စိုးရိမ္ ပူပန္မႈမ်ားေရာက္ရွိလာသည္။
ထို႔ေနာက္ ဂြၿမိဳ႕အထိ စစ္ေရာက္လာသည္။ ယင္းလမ္းတြင္ တစ္ခ်ိန္က ခရီးသည္တင္ကားမ်ား၊ ကုန္ကားမ်ား၊ အိမ္စီးကားမ်ား ဥဒဟိုသြားလာခဲ့ၾကၿပီး စိုးရိမ္ကင္းစြာအသုံးျပဳခဲ့ရေသာ လမ္းအျဖစ္မွ မိမိတို႔ အိုးအိမ္မ်ားကိုပစ္ထားကာ ရရာအထုပ္ဆြဲၿပီး စိုးရိမ္စိတ္အျပည့္ျဖင့္ စစ္ေဘးေရွာင္ခဲ့ရသူမ်ားအသုံးျပဳရာ ျဖစ္ခဲ့သည္။ ထို႔ေနာက္တြင္မူ ဂြ-ငါးသိုင္း ေခ်ာင္း လမ္းေပၚျဖတ္သန္းေနသည့္ ပရိေဒဝမီးေတာက္ ေလာင္ေနေသာ လူတို႔၏အပူတို႔ ႐ုတ္တရက္ကင္းစင္ သြားခဲ့၏။ အဘယ္ေၾကာင့္ဆိုေသာ္ ယင္းလမ္းကို အ သုံးမျပဳရဲၾကေတာ့ေသာေၾကာင့္ျဖစ္သည္။
“အဓိကေတာ့ အဲဒီလမ္းမွာ ရန္ကုန္ကို လာတာ မရေတာ့ဘူးေျပာတယ္။ အသိရွိတဲ့သူကပဲ AA ကိုပိုက္ဆံေပးၿပီး ထြက္တယ္လို႔ေျပာတယ္။ ဒါကလည္း တစ္ရာမွာတစ္ေယာက္ေလာက္ေပါ့။ လူငယ္ေတြဆို လုံးဝထြက္ခြင့္မေပးဘူး” ဟု ဂြ-ငါးသိုင္း ေခ်ာင္းလမ္း၏ ရခိုင္ျပည္နယ္ဘက္ကအေျခအေနကို ရခိုင္တိုင္းရင္းသားတစ္ဦးကေျပာသည္။
AA က ဂြကိုထိန္းခ်ဳပ္ၿပီးေနာက္ ဧရာဝတီတိုင္းေဒသႀကီးဘက္အထိ စစ္ေရးအရက်ဴးေက်ာ္ တိုက္ခိုက္ျခင္းမ်ား ျပဳလာသည္။ ထိုအခါ ဂြ-ငါးသိုင္း ေခ်ာင္းလမ္းမွာ လုံးဝစိတ္ခ်ရေသာ အေျခအေန မရွိေတာ့။ AA တို႔ယူလာေသာ စစ္၏ ေနာက္ဆက္တြဲအျဖစ္ အသုံးဝင္ေသာလမ္းမႀကီးတစ္ခုျဖစ္ခဲ့သည့္ ဂြ-ငါးသိုင္းေခ်ာင္းလမ္းတြင္ ေဘးအႏၲရာယ္ထူ ေျပာ လာသည္။
႐ုတ္တရက္ လမ္းေပၚထြက္လာႏိုင္ေသာ AA မ်ားေဘးကိုလည္း စိုးရိမ္သည္။ ဖမ္းဆီးခံရမည္ကိုလည္း ျပည္သူ မ်ားကမလိုလားၾကပါ။ ထို႔ျပင္ ယင္းလမ္းပိုင္းတြင္ လက္နက္ကိုင္ ပုန္ကန္ထႂကြျခင္း ကိုအေၾကာင္းျပဳကာ လုယက္ခံရ မည့္ေဘးကိုလည္း ျပည္သူမ်ားအၾကား စိုးရိမ္စိတ္ျမင့္တက္ေနသည္။
“သြားလို႔မရဘူးလားဆိုေတာ့ သြားလို႔ေတာ့ ရမယ္ထင္တယ္။ မေျပာတတ္ဘူး။ ဒါေပမဲ့ စမ္း ၿပီးမသြားရဲၾကဘူး ေလ။ ဘာလို႔လဲဆိုေတာ့ အာမခံခ်က္မွမရွိတာကိုး။ မလိုအပ္ဘဲ ဘယ္သူမွမစြန႔္စားခ်င္ ၾကဘူး။ ဒီလိုပဲ အဆင္ေျပတဲ့ လမ္းေလး ဘာေလး ေ႐ြးသုံးေနၾကရတာပဲ”ဟု ငါးသိုင္းေခ်ာင္းၿမိဳ႕ခံတစ္ဦး ကဆိုသည္။
အဆိုပါလမ္းပိုင္းျဖတ္သန္းရာ ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ေနရာမ်ားတြင္ AA တို႔က စစ္ေရးလႈပ္ရွားမႈ မ်ား ျပဳလုပ္လာေသာေၾကာင့္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားေနသည္။ ထိုအခါ ယင္းလမ္းပိုင္းကို ျပည္သူမ်ား လုံးဝ အသုံးမျပဳရဲၾကေတာ့။ ယင္းလမ္းပိုင္းေပၚတြင္ တိုက္ပြဲမျဖစ္ပြားေစကာမူ စစ္၏အရိပ္အေငြ႕က ပတ္ဝန္းက်င္သို႔ ပ်ံ႕ႏွံ႔သည္ ျဖစ္ရာ ယင္းလမ္းသည္ ျပည္သူတို႔၏စိုးရိမ္စိတ္ျဖင့္ အၾကဥ္ ခံရေသာအေျခအေန ေရာက္လာသည္။
လမ္း၏ မူရင္းရည္႐ြယ္ခ်က္ျဖစ္ေသာ ငါးသိုင္းေခ်ာင္းၿမိဳ႕မွ ဂြၿမိဳ႕သို႔သြားရန္ ခက္ေၾကာင္းကိုကား အားလုံးသိၿပီး ျဖစ္ပါသည္။ ယင္းလမ္း၏ ဧရာဝတီတိုင္း ေဒသႀကီးအတြင္းမွေနရာမ်ားသို႔ပင္ သြားလာရန္ အခက္အခဲရွိသည္။
“အခု ငါးသိုင္းေခ်ာင္းကေန ကြင္းေကာက္ အထိေက်ာ္ၿပီးရင္ ဘယ္သူမွမသြားရဲၾကေတာ့ဘူး။ (AA)ေတြက အေနာက္ဘက္ျခမ္းမွာဆိုေတာ့ စိုးရိမ္ၾကတာေပါ့”ဟု ၎ကဆိုသည္။
ယင္းလမ္းပိုင္း၌ နားလည္မႈျဖင့္သြားေန ၾကသူမ်ားရွိေသာ္လည္း ၎တို႔မွာ လက္တစ္ဆုပ္စာ ထက္ပင္ေလ်ာ့ သည္ဟုဆိုရမည့္အေျခအေနျဖစ္သည္။ အဆိုပါ လက္တစ္ဆုပ္စာဆိုသည္မွာလည္း အၿမဲတမ္းသြားေနျခင္းမ်ိဳး မဟုတ္ေပ။ ယခင္က ကားအစီးေပါင္းမ်ားစြာ ျဖတ္ေက်ာ္သြားလာခဲ့ေသာ ယင္းလမ္းသည္ က်ီးႏွင့္ဖုတ္ဖုတ္ ျဖစ္ေန ေလၿပီ။
တစ္ဖက္တြင္လည္း ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ေရၾကည္ၿမိဳ႕နယ္၊ ငါးသိုင္းေခ်ာင္း ၿမိဳ႕နယ္ႏွင့္ ေလးမ်က္ ႏွာၿမိဳ႕နယ္တို႔တြင္ AA က စစ္ ေရးလႈပ္ရွားမႈမ်ားျပဳလုပ္လာရာ ျပည္သူတို႔မွာ စိုးရိမ္ စိတ္ႀကီးစြာျဖင့္ စစ္ေဘးေရွာင္ျခင္း အမႈကိုျပဳေနၾကရသည္။ တစ္သက္လုံးတြင္တစ္ႀကိမ္မွ် စစ္ကို ႀကဳံဖူး ျခင္းမရွိေသာျပည္သူမ်ားမွာ စစ္ကို နဖူးေတြ႕ ဒူးေတြ႕ ႀကဳံၾကရေသာအခါ လူမႈ၊ စီးပြားဘဝမ်ားကို ထိခိုက္ၾကရေတာ့သည္။
“တိုက္ပြဲသတင္းေတြၾကားရေတာ့ စိုးရိမ္တာေပါ့။ အခုက ဂြ-ငါးသိုင္းေခ်ာင္းလမ္းႀကီးက လည္း လုံးဝပိတ္သြား ၿပီေလ။ ဒါက စစ္ေၾကာင့္ ႀကဳံရတဲ့အေျခအေနေပါ့။ စိတ္မခ်မ္းသာပါဘူး။ တစ္ေန႔ တစ္ေန႔ စိုးရိမ္စိတ္ေတြနဲ႔ေနရတာ အဆင္မေျပဘူး” ဟု ေရၾကည္ၿမိဳ႕နယ္မွ ေဒသခံတစ္ဦးကဆိုသည္။
ဂြ-ငါးသိုင္းေခ်ာင္းလမ္းကဲ့သို႔ ရခိုင္ျပည္နယ္မွ အျခားေဒသမ်ားသို႔ ထြက္ေပါက္လမ္းမ်ားမွာ လက္ရွိအေျခအေန အရ ပိတ္သြားၿပီျဖစ္သည္။ ထိုအခါ AA တို႔ယူလာေသာစစ္မီးကို တိုက္႐ိုက္ခံစားရ သူမ်ားမွာထဲတြင္ ရခိုင္တိုင္းရင္းသား အမ်ားစုပါဝင္၏။ အဘယ္ေၾကာင့္ဆိုေသာ္ ရခိုင္ျပည္နယ္သို႔ အဝင္၊ အထြက္အတြက္ မ်ားစြာစြန႔္စားေနရေသာ ေၾကာင့္ျဖစ္သည္။
‘ရခိုင္ျပန္ဖို႔ ဂြ-ငါးသိုင္းေခ်ာင္းလမ္းကို သုံးတာမရွိဘူး။ ကြၽန္ေတာ္သိသေလာက္ေပါ့ေနာ္။ အခု သံတြဲ ဘာညာ ျပန္တဲ့သူက အမ္းကိုသုံးတယ္။ အမ္းအနီးတစ္ဝိုက္က ၿမိဳ႕တစ္ၿမိဳ႕ကို ကားနဲ႔ေရာက္ ေအာင္သြားတယ္။ တိုက္ပြဲျဖစ္လား အေျခအေန ေစာင့္ၾကည့္ၿပီး ကုန္းတစ္တန္၊ ေရတစ္တန္နဲ႔ ရမ္းၿဗဲ တို႔ေက်ာက္ျဖဴတို႔ဘက္ကို ေရာက္ေအာင္သြားတယ္။ အဲဒီကေန သံတြဲဘက္ကိုျပန္ကူးတာ’ ဟု အထက္ပါ ရခိုင္တိုင္းရင္းသားကဆိုသည္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းအတြက္ ခရီးတို ေသာ္လည္း ခရီးထက္ အဆမ်ားစြာအလုပ္ျဖစ္ေသာ လမ္းကိုမသြား ႏိုင္ေသာေၾကာင့္ ယင္းထက္ အဆမ်ား စြာေဝးေသာခရီးမွ ျပန္ပတ္ေနၾကရျခင္းျဖစ္သည္။
ဂြ-ငါးသိုင္းေခ်ာင္းလမ္းကို ေရစီးသန္စျပဳေနေသာေခ်ာင္းတစ္ေခ်ာင္းအျဖစ္ တင္စားမည္ဆိုပါက ယင္းေခ်ာင္း သည္ ျမစ္အျဖစ္သို႔မေရာက္မီ ေကာသြားေၾကာင္း တင္စားႏိုင္ဖြယ္ရွိသည္။ ေခ်ာင္း ေကာသည္ကို အေကာင္းဘက္မွလွည့္ ေတြးလွ်င္ ယင္းေနရာ၌ ေျမသားထုက်န္ပါေသး၏။ ဂြ-ငါးသိုင္း ေခ်ာင္းလမ္း ေကာစျပဳေနသည္ကား ရခိုင္႐ိုးမေတာင္ တန္းကိုေက်ာ္ရန္ခက္ၿပီး ေဒသတို႔၏စီးပြားေရးကို မ်ားစြာ အက်ိဳးသက္ေရာက္ေစေလသည္။