မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် သံတန်ချိန် ၁)သန်းခန့်အသုံးပြုနေသော်လည်း (၈) သိန်းကိုပြည်ပမှတင်သွင်းနေရ

218

အမရာဟန်(NP News) ဇွန်၂၉
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် သံတန်ချိန် ၁သန်းခန့်အသုံးပြုနေသော်လည်း ၈သိန်းကိုပြည်ပမှတင်သွင်းနေရကြောင်းကို ဇွန်လ ၂၈ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပခဲ့သည့် "ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရေးပါမှုနှင့်အသုံးပြုနိုင်မှု” အသိပညာပေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရသိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်တွင်းမှ ထုတ်လုပ်သည့် သံ၊ သံမဏိများနှင့်ပတ်သက်၍ မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း ၃ ခု သတ်မှတ်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားပြီး မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့် သံမဏိများကို တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့် အသုံးပြုနေပြီး ပြည်တွင်း၌ တန်ချိန် နှစ်သိန်းကျော်သာ ထုတ်လုပ်နိုင်သဖြင့် ပြည်ပမှ တန်ချိန်ရှစ်သိန်းခန့် တင်သွင်းနေရကြောင်း ရှင်းပြခဲ့သည်ကိုလည်းသိရသည်။
ထို့ကြောင့် ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပမှ တင်သွင်းမှု နှစ်မျိုးလုံးတွင် အရည်အသွေးနှင့် စံချိန်စံညွှန်း ထိန်းသိမ်းနိုင်ရန် လိုအပ်ကြောင်းနှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် သံ၊ သံမဏိများ ထုတ်လုပ်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသံနှင့်သံမဏိအသင်းဥက္ကဋ္ဌက "သံနှင့် သံမဏိစံချိန်စံညွှန်းဆိုင်ရာ အသိပညာများ"၊ သိပ္ပံနည်းပညာအင်ဂျင်နီယာက "ဆောက်လုပ်ရေးလုပ်ငန်းသုံး သိကောင်းစရာများ"၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက "ငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရေးပါမှုနှင့် အသုံးပြုနိုင်မှု"၊ "ပိုမိုစိတ်ချရသော သံမဏိဆီသို့ ဦးတည်နိုင်မည့် လမ်းကြောင်းများ" နှင့် "ငလျင်ဒဏ်ခံနိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်စေရန် ပြည်တွင်းစက်ရုံများအား အဆင့်မြှင့်တင်ခြင်း" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က "ဥပဒေအရ သံချောင်းများ အရည်အသွေးပြည့်ဝစွာထုတ်လုပ်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက "သံကူကွန်ကရစ်အတွက် အစင်းပါကာဗွန်သံမဏိချောင်းနှင့် ဗြောင်ကာဗွန်သံမဏိချောင်းများ၏ မြန်မာစံချိန်စံညွှန်း (MM ASTM A615/ A615M – 18) အတွက် အသေးစိတ်စံနှုန်းများဆိုင်ရာ စံချိန်စံညွှန်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဌာန ပါမောက္ခ၊ ဌာနမှူးက "တည်ဆောက်ရေးလုပ်ငန်းများအတွက် သံချောင်းများ၏ အရေးပါပုံ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက "ငလျင်ဒဏ်ခံ သံမဏိ၏ အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာများက "သံရည်ကျိုစက်ရုံများ စစ်ဆေးခဲ့မှုနှင့် ထုတ်လုပ်သည့် သံ၊ သံမဏိများအား အရည်အသွေးစစ်ဆေးခဲ့မှု" ကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ သံတန္ခ်ိန္ ၁)သန္းခန႔္အသုံးျပဳေနေသာ္လည္း ၈သိန္းကိုျပည္ပမွတင္သြင္းေနရ
အမရာဟန္(NP News) ဇြန္၂၉
ျမန္မာႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ သံတန္ခ်ိန္ ၁သန္းခန႔္အသုံးျပဳေနေသာ္လည္း ၈သိန္းကိုျပည္ပမွတင္သြင္းေနရေၾကာင္းကို ဇြန္လ ၂၈ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လမ္းမေတာ္ၿမိဳ႕နယ္ရွိ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ႐ုံး၌ က်င္းပခဲ့သည့္ "ငလ်င္ဒဏ္ခံႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းသုံး သံမဏိမ်ား၏ အေရးပါမႈႏွင့္အသုံးျပဳႏိုင္မႈ” အသိပညာေပးေဆြးေႏြးပြဲတြင္ ျပည္ေထာင္စုဝန္ႀကီး၏ ေျပာၾကားခ်က္အရသိရသည္။
ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက ျပည္တြင္းမွ ထုတ္လုပ္သည့္ သံ၊ သံမဏိမ်ားႏွင့္ပတ္သက္၍ မျဖစ္မေနလိုက္နာရမည့္ စံခ်ိန္စံၫႊန္း ၃ ခု သတ္မွတ္ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း ေျပာၾကားၿပီး ျမန္မာႏိုင္ငံတြင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး သံႏွင့္ သံမဏိမ်ားကို တစ္ႏွစ္လွ်င္ ပ်မ္းမွ်တန္ခ်ိန္ တစ္သန္းခန႔္ အသုံးျပဳေနၿပီး ျပည္တြင္း၌ တန္ခ်ိန္ ႏွစ္သိန္းေက်ာ္သာ ထုတ္လုပ္ႏိုင္သျဖင့္ ျပည္ပမွ တန္ခ်ိန္ရွစ္သိန္းခန႔္ တင္သြင္းေနရေၾကာင္း ရွင္းျပခဲ့သည္ကိုလည္းသိရသည္။
ထို႔ေၾကာင့္ ျပည္တြင္းထုတ္လုပ္မႈႏွင့္ ျပည္ပမွ တင္သြင္းမႈ ႏွစ္မ်ိဳးလုံးတြင္ အရည္အေသြးႏွင့္ စံခ်ိန္စံၫႊန္း ထိန္းသိမ္းႏိုင္ရန္ လိုအပ္ေၾကာင္းႏွင့္ စံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီၿပီး အရည္အေသြးေကာင္းမြန္သည့္ သံ၊ သံမဏိမ်ား ထုတ္လုပ္ရန္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီဥကၠ႒က ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ျမန္မာႏိုင္ငံသံႏွင့္သံမဏိအသင္းဥကၠ႒က "သံႏွင့္ သံမဏိစံခ်ိန္စံၫႊန္းဆိုင္ရာ အသိပညာမ်ား"၊ သိပၸံနည္းပညာအင္ဂ်င္နီယာက "ေဆာက္လုပ္ေရးလုပ္ငန္းသုံး သိေကာင္းစရာမ်ား"၊ ျမန္မာႏိုင္ငံသံမဏိလုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒က "ငလ်င္အၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား၌ ငလ်င္ဒဏ္ခံႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းသုံး သံမဏိမ်ား၏ အေရးပါမႈႏွင့္ အသုံးျပဳႏိုင္မႈ"၊ "ပိုမိုစိတ္ခ်ရေသာ သံမဏိဆီသို႔ ဦးတည္ႏိုင္မည့္ လမ္းေၾကာင္းမ်ား" ႏွင့္ "ငလ်င္ဒဏ္ခံႏိုင္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားျဖစ္ေစရန္ ျပည္တြင္းစက္႐ုံမ်ားအား အဆင့္ျမႇင့္တင္ျခင္း" ေခါင္းစဥ္မ်ားျဖင့္လည္းေကာင္း၊ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္က "ဥပေဒအရ သံေခ်ာင္းမ်ား အရည္အေသြးျပည့္ဝစြာထုတ္လုပ္ေရး" ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ အမွတ္ (၁) အႀကီးစားစက္မႈလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉးက "သံကူကြန္ကရစ္အတြက္ အစင္းပါကာဗြန္သံမဏိေခ်ာင္းႏွင့္ ေျဗာင္ကာဗြန္သံမဏိေခ်ာင္းမ်ား၏ ျမန္မာစံခ်ိန္စံၫႊန္း (MM ASTM A615/ A615M – 18) အတြက္ အေသးစိတ္စံႏႈန္းမ်ားဆိုင္ရာ စံခ်ိန္စံၫႊန္း" ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ စစ္ကိုင္းနည္းပညာတကၠသိုလ္၊ ၿမိဳ႕ျပအင္ဂ်င္နီယာဌာန ပါေမာကၡ၊ ဌာနမႉးက "တည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ သံေခ်ာင္းမ်ား၏ အေရးပါပုံ" ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးက "ငလ်င္ဒဏ္ခံ သံမဏိ၏ အခန္းက႑" ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ အမွတ္ (၁) အႀကီးစားစက္မႈလုပ္ငန္း ဒုတိယအေထြေထြမန္ေနဂ်ာမ်ားက "သံရည္က်ိဳစက္႐ုံမ်ား စစ္ေဆးခဲ့မႈႏွင့္ ထုတ္လုပ္သည့္ သံ၊ သံမဏိမ်ားအား အရည္အေသြးစစ္ေဆးခဲ့မႈ" ကိုလည္းေကာင္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။