တရုတ်တွင် ဆိုလာပြားတပ်ဆင်မှု စံချိန်သစ်တစ်ခုတင်

534

Pika (NP News) - ဇွန် ၂၉
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်မေလတွင် လစဉ်ဆိုလာပြားတပ်ဆင်မှုနှင့်ပတ်သက်ပြီး စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ကြောင်း တရားဝင်ဒေ တာအချက်အလက်များအရသိရသည်။ တရုတ်နိုင်ငံ သည် ပြီးခဲ့သည့်မေလတွင် (၉၃)ဂီဂါဝပ်ရှိသည့် ဆိုလာပြားများကို တပ်ဆင်နိုင်ခဲ့ပြီး အခြားနိုင်ငံများက (၂၀၂၄)ခုနှစ်တစ်နှစ်လုံးအတွင်း တပ်ဆင်ခဲ့သောဆို လာပြားများထက် ပိုများကြောင်း Bloomberg က ရေးသားဖော်ပြခဲ့သည်။
အဆိုပါကိန်းဂဏန်းသည် တရုတ်နိုင်ငံ တွင် ပြီးခဲ့သည့်နှစ်မေလကလုပ်ဆောင်ခဲ့သော ဆိုလာပြားတပ်ဆင်မှုများ၏ လေးဆကျော်ရှိပြီး ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလက သတ်မှတ်ခဲ့သော လစဉ် အမြင့်ဆုံး(၇၁)ဂီဂါဝပ်ကို ကျော်လွန်သွားခဲ့ကြောင်းလည်းသိရသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဈေး နှုန်းများကို သိသိသာသာလျှော့ချရန် မျှော်လင့်ထား သည့် စည်းမျဉ်းအသစ်များမထွက်ပေါ်လာမီ တီထွင်ဖန်တီးသူများက ဆိုလာပြားပရောဂျက်များကို အဆုံးသတ်ရန် အလောတကြီးလုပ်ဆောင်လာမှု နှင့်အတူ ယခုကဲ့သို့မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာ လ၌ ဆိုလာပြားတပ်ဆင်မှုများ တိုးမြင့်လာသည်ကို တွေ့မြင်ခဲ့ရပြီး မျှော်လင့်ထားသည့်မူဝါဒအပြောင်းအလဲများမတိုင်မီ တီထွင်ဖန်တီးသူများက ၎င်းတို့၏လုပ်ဆောင်ချက်များကို ယခုနှစ်အတွင်း အရှိန်မြှင့် လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်မေလ(၁) ရက်တွင် စတင်အသက်ဝင်ခဲ့သော စည်းမျဉ်းအသစ် သည် အိမ်ခေါင်မိုးပေါ်ရှိဆိုလာစနစ်များကို လျှပ်စစ် ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရာတွင် ပိုမိုခက်ခဲလာ အောင်လုပ်ဆောင်ခဲ့ပြီး ဇွန်လ(၁)ရက်နေ့တွင် စတင်ခဲ့သော အခြားမူဝါဒက ဆိုလာပရောဂျက်များ အတွက် အကျိုးအမြတ်များကို အာမခံပေးသည့် ဈေးနှုန်းကာကွယ်မှုများကို ဖယ်ရှားပစ်ခဲ့ကြောင်း လည်းသိရသည်။

Zawgyi Version:
တ႐ုတ္တြင္ ဆိုလာျပားတပ္ဆင္မႈ စံခ်ိန္သစ္တစ္ခုတင္
Pika (NP News) - ဇြန္ ၂၉
တ႐ုတ္ႏိုင္ငံသည္ ၿပီးခဲ့သည့္ေမလတြင္ လစဥ္ဆိုလာျပားတပ္ဆင္မႈႏွင့္ပတ္သက္ၿပီး စံခ်ိန္သစ္တစ္ခုကိုတင္ႏိုင္ခဲ့ေၾကာင္း တရားဝင္ေဒ တာအခ်က္အလက္မ်ားအရသိရသည္။ တ႐ုတ္ႏိုင္ငံ သည္ ၿပီးခဲ့သည့္ေမလတြင္ (၉၃)ဂီဂါဝပ္ရွိသည့္ ဆိုလာျပားမ်ားကို တပ္ဆင္ႏိုင္ခဲ့ၿပီး အျခားႏိုင္ငံမ်ားက (၂၀၂၄)ခုႏွစ္တစ္ႏွစ္လုံးအတြင္း တပ္ဆင္ခဲ့ေသာဆို လာျပားမ်ားထက္ ပိုမ်ားေၾကာင္း Bloomberg က ေရးသားေဖာ္ျပခဲ့သည္။
အဆိုပါကိန္းဂဏန္းသည္ တ႐ုတ္ႏိုင္ငံ တြင္ ၿပီးခဲ့သည့္ႏွစ္ေမလကလုပ္ေဆာင္ခဲ့ေသာ ဆိုလာျပားတပ္ဆင္မႈမ်ား၏ ေလးဆေက်ာ္ရွိၿပီး ၿပီးခဲ့သည့္ႏွစ္ဒီဇင္ဘာလက သတ္မွတ္ခဲ့ေသာ လစဥ္ အျမင့္ဆုံး(၇၁)ဂီဂါဝပ္ကို ေက်ာ္လြန္သြားခဲ့ေၾကာင္းလည္းသိရသည္။ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ေဈး ႏႈန္းမ်ားကို သိသိသာသာေလွ်ာ့ခ်ရန္ ေမွ်ာ္လင့္ထား သည့္ စည္းမ်ဥ္းအသစ္မ်ားမထြက္ေပၚလာမီ တီထြင္ဖန္တီးသူမ်ားက ဆိုလာျပားပေရာဂ်က္မ်ားကို အဆုံးသတ္ရန္ အေလာတႀကီးလုပ္ေဆာင္လာမႈ ႏွင့္အတူ ယခုကဲ့သို႔ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္ဒီဇင္ဘာ လ၌ ဆိုလာျပားတပ္ဆင္မႈမ်ား တိုးျမင့္လာသည္ကို ေတြ႕ျမင္ခဲ့ရၿပီး ေမွ်ာ္လင့္ထားသည့္မူဝါဒအေျပာင္းအလဲမ်ားမတိုင္မီ တီထြင္ဖန္တီးသူမ်ားက ၎တို႔၏လုပ္ေဆာင္ခ်က္မ်ားကို ယခုႏွစ္အတြင္း အရွိန္ျမႇင့္ လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ၿပီးခဲ့သည့္ေမလ(၁) ရက္တြင္ စတင္အသက္ဝင္ခဲ့ေသာ စည္းမ်ဥ္းအသစ္ သည္ အိမ္ေခါင္မိုးေပၚရွိဆိုလာစနစ္မ်ားကို လွ်ပ္စစ္ ဓာတ္အားလိုင္းႏွင့္ ခ်ိတ္ဆက္ရာတြင္ ပိုမိုခက္ခဲလာ ေအာင္လုပ္ေဆာင္ခဲ့ၿပီး ဇြန္လ(၁)ရက္ေန႔တြင္ စတင္ခဲ့ေသာ အျခားမူဝါဒက ဆိုလာပေရာဂ်က္မ်ား အတြက္ အက်ိဳးအျမတ္မ်ားကို အာမခံေပးသည့္ ေဈးႏႈန္းကာကြယ္မႈမ်ားကို ဖယ္ရွားပစ္ခဲ့ေၾကာင္း လည္းသိရသည္။