ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်တွင် အောင်မြင်မှုများ ရရှိခဲ့သော နစကဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ

843

ပီယ (NP News) - ဇွန် ၂၉
ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ (ဇွန်လ ၂၉ ရက်) ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) သို့တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင် လိုက်ပါသွားကြသည့်အဖွဲ့ဝင်များ ပြန်လည်လိုက်ပါလာကြသည်။
အဆိုပါခရီးစဉ်များအတွင်း နစကဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)သို့ တက်ရောက်ခြင်း၊ EAEU ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ Eurasian Economic Union - EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ ရောက်ရှိချိန်တွင်လည်း စက်ရုံ၊ အလုပ်ရုံများသို့သွားရောက်လေ့လာခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာ စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ခိုင်မာအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော် တပ်မတော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ဘယ္လာ႐ုစ္ႏိုင္ငံ ခရီးစဥ္တြင္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ေသာ နစကဥကၠ႒ ျမန္မာႏိုင္ငံသို႔ ျပန္လည္ ေရာက္ရွိ
ပီယ (NP News) - ဇြန္ ၂၉
ဘယ္လာ႐ုစ္ႏိုင္ငံ ခရီးစဥ္တြင္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ၿပီးေနာက္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာအဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔ (ဇြန္လ ၂၉ ရက္) ညေနပိုင္းတြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဘယ္လာ႐ုစ္ႏိုင္ငံ၊ မင့္စ္ၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့သည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္ (EEF 2025) သို႔တက္ေရာက္ခဲ့ၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ Buryatia ျပည္နယ္သို႔ တရားဝင္ခ်စ္ၾကည္ေရးခရီးစဥ္ေရာက္ရွိေနေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ မြန္းလြဲပိုင္းတြင္ Buryatia ျပည္နယ္၊ Ulan-Ude ၿမိဳ႕၊ Baikal အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ျမန္မာႏိုင္ငံသို႔ အထူးေလယာဥ္ျဖင့္ ျပန္လည္ထြက္ခြာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦးႏွင့္ဇနီး၊ ခရီးစဥ္တြင္ လိုက္ပါသြားၾကသည့္အဖြဲ႕ဝင္မ်ား ျပန္လည္လိုက္ပါလာၾကသည္။
အဆိုပါခရီးစဥ္မ်ားအတြင္း နစကဥကၠ႒သည္ ဘယ္လာ႐ုစ္ႏိုင္ငံ၊ မင့္စ္ၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့သည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွစီးပြားေရးဖိုရမ္(EEF 2025)သို႔ တက္ေရာက္ျခင္း၊ EAEU ၏ အလွည့္က် ဥကၠ႒ျဖစ္သည့္ ဘယ္လာ႐ုစ္ႏိုင္ငံသမၼတႏွင့္ သီးျခားေတြ႕ဆုံေဆြးေႏြးျခင္း၊ ဥေရာပ-အာရွ စီးပြားေရးေကာ္မရွင္ဘုတ္အဖြဲ႕ဥကၠ႒ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔ သြားေရာက္ေလ့လာျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ၿပီး ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာမ်ားႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား၊ Eurasian Economic Union - EAEU အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာကိစၥရပ္မ်ားကို ပိုမိုတိုးတက္ခိုင္မာေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ Buryatia ျပည္နယ္သို႔ ေရာက္ရွိခ်ိန္တြင္လည္း စက္႐ုံ၊ အလုပ္႐ုံမ်ားသို႔သြားေရာက္ေလ့လာခဲ့ၿပီး ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး၊ သိပၸံႏွင့္နည္းပညာဆိုင္ရာ၊ စက္မႈနည္းပညာဆိုင္ရာ စသည့္ က႑အသီးသီးတြင္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား တိုးတက္ခိုင္မာေအာင္ ေဆာင္႐ြက္ ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ညေနပိုင္းတြင္ ေနျပည္ေတာ္ တပ္မေတာ္ ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိရာ တာဝန္ရွိသူမ်ားက ႀကိဳဆိုခဲ့ၾကေၾကာင္း သိရသည္။