အွန်လိုင်းတွင် ထွက်ပေါ်ခဲ့သောဝေဖန်မှုနှင့်ပတ်သက်၍ မဟာဖြေဆေး ဘက်က ပြန်လည်ဖြေရှင်းအသိပေး

 22566

ချယ်ရီ (NP News) - ဇွန် ၃၀
လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ထွက်ပေါ်ခဲ့သော ဝေဖန်မှုနှင့်ပတ်သက်၍ မဟာဖြေဆေးကို ထုတ်လုပ်သော ဝုန်းဝမ်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး (ရန်ကုန်) က နိုင်ငံပိုင် သတင်းစာကတဆင့် ပြန်လည် ဖြေရှင်းအသိပေးထားကြောင်း တွေ့မြင်ရသည်။
ဦးစိုင်းလိတ်၏ ကျားနှင့်နေ အမှတ်တံဆိပ်ဖြင့် မဟာဖြေဆေး ဆေးမှုန့်ကို တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် (TMR-008287(1124) ) ဖြင့် တရားဝင်ခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ လျက်ရှိကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
မဟာဖြေဆေးသည် နှစ်ကာလကြာရှည်စွာ ကောင်းမွန်သော နာမည်ဂုဏ်သတင်းကြီးစွာဖြင့် ယနေ့အချိန်အထိ တိုင် ရပ်တည်နေသော ဆေးဝါးဖြစ်သည့်အပြင် ကောင်းမွန်သော အရည်အသွေးကြောင့်လည်းကောင်း၊ ထက်မြတ်သည့် ဆေးစွမ်းအာနိသင်ကောင်းမွန်မှုကြောင့် နိုင်ငံတစ်ဝှမ်းလုံးရှိ အများပြည်သူများမှ ယုံကြည်စွာ လက်ခံသုံးစွဲနေကြခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ယခုတွင် အဆိုပါဖြေဆေး၏ အကျိုးပျက်စီးစေရန် လူတစ်ချို့မှ ရည်ရွယ်ချက်ရှိရှိဖြင့် Facebook လူမှုကွန်ယက်ကို အသုံးပြုကာ အထက်ပါဆေးဝါးကို သုံးစွဲခြင်းကြောင့် ကျန်းမာရေးထိခိုက်စေကြောင်း၊ မဟာဖြေဆေး၏အန္တရာယ်ဟု ကုန်ပစ္စည်းဆေးဘူးနှင့်တွဲလျက် မမှန်မကန်ရေးသားဖော်ပြမှုများကို David Mike Facebook Account အမည်ဖြင့် ပြုလုပ်ခဲ့ပြီး Love Myanmar Facebook Page မှ ပြီးခဲ့သည့်ဇွန်လ (၂၇) ရက်က ပြန်လည်မျှဝေထားသည်ကို တွေ့ရှိရကြောင်း ရေးသားထားသည်။
ထို့ပြင် Henary peter Tun Facebook Account နှင့် အခြားသူများမှလည်းပြန်လည်မျှဝေခြင်း၊ နာမည်ဂုဏ် သတင်းပျက်ပြားအောင် Comment များတွင် လူအနည်းငယ်မှ မှတ်ချက်ပြုရေးသားထားသည်ကို တွေ့ရှိရ၍ အဆိုပါကုန်အမှတ်တံဆိပ်နှင့် မဟာဖြေဆေးအား Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နာမည်ဂုဏ် သတင်းပျက်ပြားစေရန် ရေးသားဖြန့်ဝေနေခြင်းများ၊ Like ၊ Share နှင့် Comment တို့ဖြင့် ထိခိုက်အောင် ပြုလုပ်ခြင်းများကို မည်သူမျှ မပြုလုပ်ကြရန် အသိပေးကြေညာထားသည်။
ပြုလုပ်ထားသူများအနေဖြင့် လူမှုကွန်ရက်ပေါ်မှ ကြော်ငြာပါသည့်နေ့မှစ၍ ချက်ခြင်း ဖယ်ရှားပယ်ဖျက်ပေးရန် နှင့် ကြော်ငြာစာပါ အသိပေးတားမြစ်ချက်များကို လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Zawgyi Version:
အြန္လိုင္းတြင္ ထြက္ေပၚခဲ့ေသာေဝဖန္မႈႏွင့္ပတ္သက္၍ မဟာေျဖေဆး ဘက္က ျပန္လည္ေျဖရွင္းအသိေပး
ခ်ယ္ရီ (NP News) - ဇြန္ ၃၀
လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ထြက္ေပၚခဲ့ေသာ ေဝဖန္မႈႏွင့္ပတ္သက္၍ မဟာေျဖေဆးကို ထုတ္လုပ္ေသာ ဝုန္းဝမ္းတိုင္းရင္းေဆးဝါးထုတ္လုပ္ေရး (ရန္ကုန္) က ႏိုင္ငံပိုင္ သတင္းစာကတဆင့္ ျပန္လည္ ေျဖရွင္းအသိေပးထားေၾကာင္း ေတြ႕ျမင္ရသည္။
ဦးစိုင္းလိတ္၏ က်ားႏွင့္ေန အမွတ္တံဆိပ္ျဖင့္ မဟာေျဖေဆး ေဆးမႈန႔္ကို တိုင္းရင္းေဆးဝါးမွတ္ပုံတင္အမွတ္ (TMR-008287(1124) ) ျဖင့္ တရားဝင္ခြင့္ျပဳခ်က္ရယူၿပီး ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးသို႔ ထုတ္လုပ္ျဖန႔္ျဖဴး ေရာင္းခ် လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
မဟာေျဖေဆးသည္ ႏွစ္ကာလၾကာရွည္စြာ ေကာင္းမြန္ေသာ နာမည္ဂုဏ္သတင္းႀကီးစြာျဖင့္ ယေန႔အခ်ိန္အထိ တိုင္ ရပ္တည္ေနေသာ ေဆးဝါးျဖစ္သည့္အျပင္ ေကာင္းမြန္ေသာ အရည္အေသြးေၾကာင့္လည္းေကာင္း၊ ထက္ျမတ္သည့္ ေဆးစြမ္းအာနိသင္ေကာင္းမြန္မႈေၾကာင့္ ႏိုင္ငံတစ္ဝွမ္းလုံးရွိ အမ်ားျပည္သူမ်ားမွ ယုံၾကည္စြာ လက္ခံသုံးစြဲေနၾကျခင္း ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
ယခုတြင္ အဆိုပါေျဖေဆး၏ အက်ိဳးပ်က္စီးေစရန္ လူတစ္ခ်ိဳ႕မွ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ Facebook လူမႈကြန္ယက္ကို အသုံးျပဳကာ အထက္ပါေဆးဝါးကို သုံးစြဲျခင္းေၾကာင့္ က်န္းမာေရးထိခိုက္ေစေၾကာင္း၊ မဟာေျဖေဆး၏အႏၲရာယ္ဟု ကုန္ပစၥည္းေဆးဘူးႏွင့္တြဲလ်က္ မမွန္မကန္ေရးသားေဖာ္ျပမႈမ်ားကို David Mike Facebook Account အမည္ျဖင့္ ျပဳလုပ္ခဲ့ၿပီး Love Myanmar Facebook Page မွ ၿပီးခဲ့သည့္ဇြန္လ (၂၇) ရက္က ျပန္လည္မွ်ေဝထားသည္ကို ေတြ႕ရွိရေၾကာင္း ေရးသားထားသည္။
ထို႔ျပင္ Henary peter Tun Facebook Account ႏွင့္ အျခားသူမ်ားမွလည္းျပန္လည္မွ်ေဝျခင္း၊ နာမည္ဂုဏ္ သတင္းပ်က္ျပားေအာင္ Comment မ်ားတြင္ လူအနည္းငယ္မွ မွတ္ခ်က္ျပဳေရးသားထားသည္ကို ေတြ႕ရွိရ၍ အဆိုပါကုန္အမွတ္တံဆိပ္ႏွင့္ မဟာေျဖေဆးအား Facebook လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ နာမည္ဂုဏ္ သတင္းပ်က္ျပားေစရန္ ေရးသားျဖန႔္ေဝေနျခင္းမ်ား၊ Like ၊ Share ႏွင့္ Comment တို႔ျဖင့္ ထိခိုက္ေအာင္ ျပဳလုပ္ျခင္းမ်ားကို မည္သူမွ် မျပဳလုပ္ၾကရန္ အသိေပးေၾကညာထားသည္။
ျပဳလုပ္ထားသူမ်ားအေနျဖင့္ လူမႈကြန္ရက္ေပၚမွ ေၾကာ္ျငာပါသည့္ေန႔မွစ၍ ခ်က္ျခင္း ဖယ္ရွားပယ္ဖ်က္ေပးရန္ ႏွင့္ ေၾကာ္ျငာစာပါ အသိေပးတားျမစ္ခ်က္မ်ားကို လိုက္နာေဆာင္႐ြက္မႈ မရွိပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

Picture

ᏗᏬᏁᎶ ᎷᎩᎧ ᏦᎧ

03/07/2025 03:41

👍

Related news

© 2021. All rights reserved.