ဖားကန့်၊လုံးခင်းတွင် လက်လုပ်မိုင်းများကြောင့် ဒေသခံတို့ စိုးရိမ်မှုမြင့်တက်

 245

သက်ပိုင် (NP News) - ဇွန် ၃၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် လက်လုပ်မိုင်းများကို လူအများ သွားလာရာနေ ရာများတွင် တွေ့ရှိလာသည့်အတွက် ဒေသခံများစိုးရိမ်မှုမြင့်တက်လျက်ရှိနေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ လက်လုပ်မိုင်းများကို လူအများစုဝေးရာဖြစ်သည့် ကျောက်ဝိုင်းများအနီး၊ လူသွားလူလာများသည့် လမ်းဆုံလမ်းခွများအနီးတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မှော်ဆီဇာကျောက်ဝိုင်းလမ်းဆုံမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်လောက်ကတည်းက တွေ့တာကို အခုထိ ဘယ်သူမှ လာမရှင်းသေးဘူး။ မိုင်းကြောင့် ကျောက်ဝိုင်းလည်းသိပ်မစည်ဘူး။ အချို့ကတော့ ဒီလက်လုပ်မိုင်းတွေကို KIA က ထောင်ထားတာလို့ ပြောကြပါတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်ကလည်း ဖားကန့်-ဆိုင်းတောင်လမ်းပေါ်တွင်ရှိသော ယူမာကျေးရွာမှ လမ်းဘေးရေအိုးစင်အနီးသို့ သွားရောက် ရေသောက်ခဲ့သော ဒေသခံတစ်ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေခံများထံမှ သိရသည်။
ယခုကဲ့သို့ လက်လုပ်မိုင်းများကို အများပြည်သူများ သွားလာရာနေရာများတွင် တွေ့ရှိလာသည့်အပေါ် ပြည်သူ များအနေဖြင့် ထိတ်လန့်လျှက်ရှိကြောင်းနှင့် ယခုကဲ့သို့ လူအများသွားလာရာနေရာတွင် လက်လုပ်မိုင်းများ ထားရှိ သည့်အဖွဲ့အစည်းအပေါ် များစွာ ရှုတ်ချကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

Zawgyi Version:
ဖားကန႔္၊လုံးခင္းတြင္ လက္လုပ္မိုင္းမ်ားေၾကာင့္ ေဒသခံတို႔ စိုးရိမ္မႈျမင့္တက္
သက္ပိုင္ (NP News) - ဇြန္ ၃၀
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စုတြင္ လက္လုပ္မိုင္းမ်ားကို လူအမ်ား သြားလာရာေန ရာမ်ားတြင္ ေတြ႕ရွိလာသည့္အတြက္ ေဒသခံမ်ားစိုးရိမ္မႈျမင့္တက္လ်က္ရွိေနေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ လက္လုပ္မိုင္းမ်ားကို လူအမ်ားစုေဝးရာျဖစ္သည့္ ေက်ာက္ဝိုင္းမ်ားအနီး၊ လူသြားလူလာမ်ားသည့္ လမ္းဆုံလမ္းခြမ်ားအနီးတြင္ ေတြ႕ရွိရျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
“ေမွာ္ဆီဇာေက်ာက္ဝိုင္းလမ္းဆုံမွာ ၿပီးခဲ့တဲ့ ဇြန္လ ၂၈ ရက္ေလာက္ကတည္းက ေတြ႕တာကို အခုထိ ဘယ္သူမွ လာမရွင္းေသးဘူး။ မိုင္းေၾကာင့္ ေက်ာက္ဝိုင္းလည္းသိပ္မစည္ဘူး။ အခ်ိဳ႕ကေတာ့ ဒီလက္လုပ္မိုင္းေတြကို KIA က ေထာင္ထားတာလို႔ ေျပာၾကပါတယ္” ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
ထို႔အတူ ၿပီးခဲ့သည့္ ဇြန္လ ၂၈ ရက္ကလည္း ဖားကန႔္-ဆိုင္းေတာင္လမ္းေပၚတြင္ရွိေသာ ယူမာေက်း႐ြာမွ လမ္းေဘးေရအိုးစင္အနီးသို႔ သြားေရာက္ ေရေသာက္ခဲ့ေသာ ေဒသခံတစ္ဦးမွာ မိုင္းေပါက္ကြဲမႈေၾကာင့္ ေျခေထာက္ဒဏ္ရာအျပင္းအထန္ရရွိခဲ့ေၾကာင္း ေဒခံမ်ားထံမွ သိရသည္။
ယခုကဲ့သို႔ လက္လုပ္မိုင္းမ်ားကို အမ်ားျပည္သူမ်ား သြားလာရာေနရာမ်ားတြင္ ေတြ႕ရွိလာသည့္အေပၚ ျပည္သူ မ်ားအေနျဖင့္ ထိတ္လန႔္လွ်က္ရွိေၾကာင္းႏွင့္ ယခုကဲ့သို႔ လူအမ်ားသြားလာရာေနရာတြင္ လက္လုပ္မိုင္းမ်ား ထားရွိ သည့္အဖြဲ႕အစည္းအေပၚ မ်ားစြာ ရႈတ္ခ်ေၾကာင္း ေဒသခံျပည္သူမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.