အမေရိကန်ဒေါ်လာ(၁၃၂)သန်းကျော်တန်ဖိုးရှိ ကိုကင်းတွေကို ဗြိတိန်အာဏာပိုင်တွေ ဖမ်းဆီးရမိ

 75

Pika (NP News) - ဇွန် ၃ဝ
ဗြိတိန်အာဏာပိုင်တွေဟာ ပနားမားကနေ အင်္ဂလန်နိုင်ငံကို ရောက်ရှိလာတဲ့သင်္ဘောတစ်စီးပေါ်မှာ အလေးချိန်(၂ ဒသမ ၄) မက်ထရစ်တန်ရှိတဲ့ကိုကင်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိမှုဟာ နှစ်ပေါင်းများစွာအတွင်း ဗြိတိန်နိုင်ငံမှာ အကြီးဆုံးမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေထဲက တစ်ခုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ အမေရိကန်ဒေါ်လာ(၁၃၂)သန်းကျော်တန်ဖိုးရှိပြီး လန်ဒန်ဂိတ် ဝေးဆိပ်ကမ်းမှာရှိတဲ့သင်္ဘောရဲ့ကွန်တိန်နာတွေအောက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ထောက်လှမ်းရေးဦးဆောင်တဲ့စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေ ကပြောကြားခဲ့ပြီးနောက် ယခုလိုဖမ်းဆီးရမိမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိမှုဟာ ကိုကင်း ဖမ်းဆီးမှုမှတ်တမ်းမှာ ခြောက်ခုမြောက် အကြီးဆုံးဖမ်းဆီးမှုတစ်ခုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောကြားခဲ့ပါတယ်။
ဗြိတိန်နယ်ခြားစောင့်တပ်ဖွဲ့ရေကြောင်းဒါရိုက်တာ Charlie Eastaugh က ”ဒီဖမ်းဆီးရမိမှုက နယ်ခြားစောင့် တပ်ဖွဲ့တွေက ကျွန်တော်တို့ရဲ့လုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ရာဇဝတ်ဂိုဏ်းတွေထက် ခြေတစ်လှမ်းသာနေ တယ်ဆိုတာကို ပြသနေတာမျိုးဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ေဒၚလာ(၁၃၂)သန္းေက်ာ္တန္ဖိုးရွိ ကိုကင္းေတြကို ၿဗိတိန္အာဏာပိုင္ေတြ ဖမ္းဆီးရမိ
Pika (NP News) - ဇြန္ ၃ဝ
ၿဗိတိန္အာဏာပိုင္ေတြဟာ ပနားမားကေန အဂၤလန္ႏိုင္ငံကို ေရာက္ရွိလာတဲ့သေဘၤာတစ္စီးေပၚမွာ အေလးခ်ိန္(၂ ဒသမ ၄) မက္ထရစ္တန္ရွိတဲ့ကိုကင္းေတြကို ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။ အဲဒီဖမ္းဆီးရမိမႈဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း ၿဗိတိန္ႏိုင္ငံမွာ အႀကီးဆုံးမူးယစ္ေဆးဝါး ဖမ္းဆီးရမိမႈေတြထဲက တစ္ခုျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြဟာ အေမရိကန္ေဒၚလာ(၁၃၂)သန္းေက်ာ္တန္ဖိုးရွိၿပီး လန္ဒန္ဂိတ္ ေဝးဆိပ္ကမ္းမွာရွိတဲ့သေဘၤာရဲ႕ကြန္တိန္နာေတြေအာက္မွာ ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ေထာက္လွမ္းေရးဦးေဆာင္တဲ့စစ္ဆင္ေရးတစ္ခုကို လုပ္ေဆာင္ခဲ့တယ္လို႔ တာဝန္ရွိသူေတြ ကေျပာၾကားခဲ့ၿပီးေနာက္ ယခုလိုဖမ္းဆီးရမိမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီဖမ္းဆီးရမိမႈဟာ ကိုကင္း ဖမ္းဆီးမႈမွတ္တမ္းမွာ ေျခာက္ခုေျမာက္ အႀကီးဆုံးဖမ္းဆီးမႈတစ္ခုျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန ေျပာၾကားခဲ့ပါတယ္။
ၿဗိတိန္နယ္ျခားေစာင့္တပ္ဖြဲ႕ေရေၾကာင္းဒါ႐ိုက္တာ Charlie Eastaugh က ”ဒီဖမ္းဆီးရမိမႈက နယ္ျခားေစာင့္ တပ္ဖြဲ႕ေတြက ကြၽန္ေတာ္တို႔ရဲ႕လုံၿခဳံေရးကိုၿခိမ္းေျခာက္ေနတဲ့ရာဇဝတ္ဂိုဏ္းေတြထက္ ေျခတစ္လွမ္းသာေန တယ္ဆိုတာကို ျပသေနတာမ်ိဳးျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.