အလေးချိန် (၃၁ ဒသမ ၄၄၆) ကီလိုဂရမ်ရှိသည့် သခွားမွှေးသီးကို စပိန်ဆယ်ကျော်သက်တစ်ဦး စိုက်ပျိုးနိုင်ခဲ့

 252

Pika (NP News) - ဇူလိုင် ၁

စပိန်နိုင်ငံမှ အသက်(၁၉)နှစ်သာရှိသေးသော Llorenç ဟုအမည်ရသည့် ဆယ်ကျော်သက် တစ်ဦး သည် အလေးချိန်(၃၁ ဒသမ ၄၄၆)ကီလိုဂရမ် ရှိသော သခွားမွှေးသီးကို စိုက်ပျိုးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ သခွားမွှေးသီး၏အလေးချိန်သည် ပျမ်းမျှအားဖြင့် အလေးချိန်(၂၅)ကီလိုဂရမ်ရှိသည့် အသက်(၈)နှစ်အရွယ်ကလေးငယ်နှင့် အလေးချိန်(၃၀)ကီလို ဂရမ်ရှိသည့်အရွယ်ရောက်ပြီးသော Golden Retriever ခွေးတစ်ကောင်ထက် အလေးချိန်ပိုများကြောင်း လည်းသိရသည်။

ထို့ပြင် ပုံမှန်အဝတ်လျှော်စက်တစ်ခုသည် အလေးချိန်(၃၀)ကီလိုဂရမ်ဝန်းကျင်သာရှိပြီး Llorenç စိုက်ပျိုးခဲ့သည့် သခွားမွှေးသီးက အဝတ်လျှော်စက်ထက်ပင် အလေးချိန်ပိုများကြောင်း သိရသည်။ Llorenç က ၎င်းသည် ကိုယ်ပိုင်အောင်မြင်မှုဖြင့် အဆိုပါဂင်းနစ်စံချိန်ကို ချိုးဖျက်လိုသောကြောင့် ယခု ကဲ့သို့စိုက်ပျိုးမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Llorenc စိုက်ပျိုးခဲ့သော သခွားမွှေးသီးသည် ယခင်စံချိန်ဟောင်းထက် (၁)ကီလိုဂရမ် နီးပါး အလေးချိန်ပိုများခဲ့ပြီးနောက် ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလေးချိန် အများဆုံး သခွားမွှေးသီးနှင့်ပတ်သက်သည့် ယခင်စံချိန်ဟောင်းမှာ (၂၀၁၉)ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းအလေးချိန်မှာ (၃၀ ဒသမ ၄၇)ကီလို ဂရမ်ရှိကြောင်းသိရသည်။

zawgyi version
အေလးခ်ိန္ (၃၁ ဒသမ ၄၄၆) ကီလိုဂရမ္ရွိသည့္ သခြားေမႊးသီးကို စပိန္ဆယ္ေက်ာ္သက္တစ္ဦး စိုက္ပ်ိဳးႏိုင္ခဲ့
Pika (NP News) - ဇူလိုင္ ၁

စပိန္ႏိုင္ငံမွ အသက္(၁၉)ႏွစ္သာရွိေသးေသာ Llorenç ဟုအမည္ရသည့္ ဆယ္ေက်ာ္သက္ တစ္ဦး သည္ အေလးခ်ိန္(၃၁ ဒသမ ၄၄၆)ကီလိုဂရမ္ ရွိေသာ သခြားေမႊးသီးကို စိုက္ပ်ိဳးႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္ စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါ သခြားေမႊးသီး၏အေလးခ်ိန္သည္ ပ်မ္းမွ်အားျဖင့္ အေလးခ်ိန္(၂၅)ကီလိုဂရမ္ရွိသည့္ အသက္(၈)ႏွစ္အ႐ြယ္ကေလးငယ္ႏွင့္ အေလးခ်ိန္(၃၀)ကီလို ဂရမ္ရွိသည့္အ႐ြယ္ေရာက္ၿပီးေသာ Golden Retriever ေခြးတစ္ေကာင္ထက္ အေလးခ်ိန္ပိုမ်ားေၾကာင္း လည္းသိရသည္။

ထို႔ျပင္ ပုံမွန္အဝတ္ေလွ်ာ္စက္တစ္ခုသည္ အေလးခ်ိန္(၃၀)ကီလိုဂရမ္ဝန္းက်င္သာရွိၿပီး Llorenç စိုက္ပ်ိဳးခဲ့သည့္ သခြားေမႊးသီးက အဝတ္ေလွ်ာ္စက္ထက္ပင္ အေလးခ်ိန္ပိုမ်ားေၾကာင္း သိရသည္။ Llorenç က ၎သည္ ကိုယ္ပိုင္ေအာင္ျမင္မႈျဖင့္ အဆိုပါဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္လိုေသာေၾကာင့္ ယခု ကဲ့သို႔စိုက္ပ်ိဳးမႈကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ Llorenc စိုက္ပ်ိဳးခဲ့ေသာ သခြားေမႊးသီးသည္ ယခင္စံခ်ိန္ေဟာင္းထက္ (၁)ကီလိုဂရမ္ နီးပါး အေလးခ်ိန္ပိုမ်ားခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အေလးခ်ိန္ အမ်ားဆုံး သခြားေမႊးသီးႏွင့္ပတ္သက္သည့္ ယခင္စံခ်ိန္ေဟာင္းမွာ (၂၀၁၉)ခုႏွစ္တြင္ စံခ်ိန္တင္ခဲ့ျခင္း ျဖစ္ၿပီး စုစုေပါင္းအေလးခ်ိန္မွာ (၃၀ ဒသမ ၄၇)ကီလို ဂရမ္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.