တောင်သာတွင် PDF အဖွဲ့က အဓမ္မ ‌ငွေကောက်ခံမှုများ ခပ်စိပ်စိပ်ပြုလုပ်လာ

 499

Pearl (NP News) - ဇူလိုင် ၁

တောင်သာမြို့နယ်တွင် PDF အဖွဲ့က အတင်းအဓမ္မ ‌ငွေကောက်ခံမှုများခပ်စိပ်စိပ် ပြုလုပ်လာ ကြောင်း ဒေသခံများက NP News သို့ ဆက်သွယ်ပြောဆိုလာသည့်အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်‌မှစ၍ တောင်သာ-ဇဂျမ်း-ဘိန်းနွယ်ကုန်း-မြင်းခြံလမ်းကို ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ဖြတ်သန်း သွားလာခြင်းမပြုရန် မြင်းခြံခရိုင် PDF အဖွဲ့က ခြိမ်းခြောက်ထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ထို့သို့ PDF အဖွဲ့၏ ခြိမ်းခြောက်ထုတ်ပြန်မှု များကြောင့် အဆိုပါဒေသရှိ ကျေးရွာအချို့မှ ဒေသခံ များအနေဖြင့် ‌လယ်ယာလုပ်ကိုင်ရာတွင် အဆင်မပြေမှုများရှိနေကြောင်း သိရသည်။ “တောင်သာကမြို့ပေါ်ကနေထွက်လာရင် သူတို့ဂိတ်တွေချည်းပဲ။ ပိုက်ဆံကောက်ရတာနဲ့။ အခု ဆိုလည်း သူတို့ ထုတ်ပြန်ထားတယ်။ တောင်သာ -ဇဂျမ်း-ဘိန်းနွယ်ကုန်း-မြင်းခြံ သွားတဲ့ လမ်းတွေမှာ ည(၈)နာရီကနေ (၄)နာရီအထိ မထွက်ရဘူး ဆိုပြီး ပြောတယ်။ တကယ့်တကယ် ကျွန်တော်တို့ ဒေသ တွေမှာ နွားလှည်းတွေ ဘာတွေနဲ့တောထဲသွား ပြီး ယာထွန်ရတာပေါ့။ လယ်လုပ်ရတာ။ အစောကြီး ထ ပြီးလုပ်ရတာ။ တချို့ဆို (၃)နာရီ၊ (၄)နာရီပေါ့။ အခုဆိုရင် သူတို့ကို ကြောက်လို့သွားဖို့ အဆင်မပြေဖြစ် ပြန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် လယ်ယာလုပ်ကိုင်ရန် အဆင်မပြေမှုများစွာရင်ဆိုင်နေရသော် လည်း PDF အဖွဲ့များအနေဖြင့် အလှူခံသည်ဟုဆိုကာ အတင်းအဓမ္မ ပိုက်ဆံကောက်ခံမှုများကို မကြာ ခဏပြုလုပ်လာကြောင်းလည်း သိရသည်။ “ရွာထဲကလူတွေကိုလည်း အလှူခံတယ်။ ရွာထဲကလူတွေကလည်း တချို့က PDF ကို ကြိုဆို ကြတယ်။ ရွာထဲကိုမဝင်ဝင်အောင်ခေါ်တယ်။ PDF တွေကလည်း အလှူငွေဆိုပြီး ပိုက်ဆံ ခဏခဏ ကောက်တယ်။ ပြည်သူတွေက အဆင်မပြေဘူးလေ။ အဲဒါကို သူတို့တွေက အတင်းအဓမ္မကောက်နေ တာ” ဟု အထက်ပါဒေသခံက ပြောသည်။

အလားတူ PDF အဖွဲ့များကြီးစိုးရာ ဒေသများတွင် အထက်ပါကဲ့သို့ အတင်းအဓမ္မ ငွေကြေး ကောက်ခံမှုများပြုလုပ်နေသည့်အပြင် ဒလန်ဟုစွပ်စွဲ၍ ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုများနှင့် အခြားအကြမ်းဖက်မှုများကြောင့် ဒေသခံများအနေဖြင့် ကျီးလန့်စာစားနေထိုင်နေရမှုများရှိနေကြောင်း သိရသည်။

zawgyi version
ေတာင္သာတြင္ PDF အဖြဲ႕က အဓမၼ ‌ေငြေကာက္ခံမႈမ်ား ခပ္စိပ္စိပ္ျပဳလုပ္လာ
Pearl (NP News) - ဇူလိုင္ ၁

ေတာင္သာၿမိဳ႕နယ္တြင္ PDF အဖြဲ႕က အတင္းအဓမၼ ‌ေငြေကာက္ခံမႈမ်ားခပ္စိပ္စိပ္ ျပဳလုပ္လာ ေၾကာင္း ေဒသခံမ်ားက NP News သို႔ ဆက္သြယ္ေျပာဆိုလာသည့္အခ်က္အလက္မ်ားအရ သိရသည္။ ၿပီးခဲ့သည့္ ဇြန္လ (၂၄)ရက္‌မွစ၍ ေတာင္သာ-ဇဂ်မ္း-ဘိန္းႏြယ္ကုန္း-ျမင္းၿခံလမ္းကို ည(၈)နာရီမွ နံနက္(၄)နာရီအတြင္း ျဖတ္သန္း သြားလာျခင္းမျပဳရန္ ျမင္းၿခံခ႐ိုင္ PDF အဖြဲ႕က ၿခိမ္းေျခာက္ထုတ္ျပန္ ထားသည္ကို ေတြ႕ရသည္။

ထို႔သို႔ PDF အဖြဲ႕၏ ၿခိမ္းေျခာက္ထုတ္ျပန္မႈ မ်ားေၾကာင့္ အဆိုပါေဒသရွိ ေက်း႐ြာအခ်ိဳ႕မွ ေဒသခံ မ်ားအေနျဖင့္ ‌လယ္ယာလုပ္ကိုင္ရာတြင္ အဆင္မေျပမႈမ်ားရွိေနေၾကာင္း သိရသည္။ “ေတာင္သာကၿမိဳ႕ေပၚကေနထြက္လာရင္ သူတို႔ဂိတ္ေတြခ်ည္းပဲ။ ပိုက္ဆံေကာက္ရတာနဲ႔။ အခု ဆိုလည္း သူတို႔ ထုတ္ျပန္ထားတယ္။ ေတာင္သာ -ဇဂ်မ္း-ဘိန္းႏြယ္ကုန္း-ျမင္းၿခံ သြားတဲ့ လမ္းေတြမွာ ည(၈)နာရီကေန (၄)နာရီအထိ မထြက္ရဘူး ဆိုၿပီး ေျပာတယ္။ တကယ့္တကယ္ ကြၽန္ေတာ္တို႔ ေဒသ ေတြမွာ ႏြားလွည္းေတြ ဘာေတြနဲ႔ေတာထဲသြား ၿပီး ယာထြန္ရတာေပါ့။ လယ္လုပ္ရတာ။ အေစာႀကီး ထ ၿပီးလုပ္ရတာ။ တခ်ိဳ႕ဆို (၃)နာရီ၊ (၄)နာရီေပါ့။ အခုဆိုရင္ သူတို႔ကို ေၾကာက္လို႔သြားဖို႔ အဆင္မေျပျဖစ္ ျပန္ၿပီ” ဟု ေဒသခံတစ္ဦးက ေျပာသည္။

လက္ရွိတြင္ ေဒသခံမ်ားအေနျဖင့္ လယ္ယာလုပ္ကိုင္ရန္ အဆင္မေျပမႈမ်ားစြာရင္ဆိုင္ေနရေသာ္ လည္း PDF အဖြဲ႕မ်ားအေနျဖင့္ အလႉခံသည္ဟုဆိုကာ အတင္းအဓမၼ ပိုက္ဆံေကာက္ခံမႈမ်ားကို မၾကာ ခဏျပဳလုပ္လာေၾကာင္းလည္း သိရသည္။ “႐ြာထဲကလူေတြကိုလည္း အလႉခံတယ္။ ႐ြာထဲကလူေတြကလည္း တခ်ိဳ႕က PDF ကို ႀကိဳဆို ၾကတယ္။ ႐ြာထဲကိုမဝင္ဝင္ေအာင္ေခၚတယ္။ PDF ေတြကလည္း အလႉေငြဆိုၿပီး ပိုက္ဆံ ခဏခဏ ေကာက္တယ္။ ျပည္သူေတြက အဆင္မေျပဘူးေလ။ အဲဒါကို သူတို႔ေတြက အတင္းအဓမၼေကာက္ေန တာ” ဟု အထက္ပါေဒသခံက ေျပာသည္။

အလားတူ PDF အဖြဲ႕မ်ားႀကီးစိုးရာ ေဒသမ်ားတြင္ အထက္ပါကဲ့သို႔ အတင္းအဓမၼ ေငြေၾကး ေကာက္ခံမႈမ်ားျပဳလုပ္ေနသည့္အျပင္ ဒလန္ဟုစြပ္စြဲ၍ ျပည္သူမ်ားကို အၾကမ္းဖက္ သတ္ျဖတ္မႈမ်ားႏွင့္ အျခားအၾကမ္းဖက္မႈမ်ားေၾကာင့္ ေဒသခံမ်ားအေနျဖင့္ က်ီးလန႔္စာစားေနထိုင္ေနရမႈမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.