နော်ဝေးမှာ ထီကုမ္ပဏီရဲ့မှားယွင်းကြေညာမှုကြောင့် လူထောင်ပေါင်းများစွာ ထီပေါက်

2698

ရောင်နီ (NP News) - ဇူလိုင် ၂
နော်ဝေနိုင်ငံမှာ Eurojackpot ကံစမ်းမဲထီမှာ မှားယွင်းဖော်ပြမှုကြောင့် နော်ဝေနိုင်ငံသား ထောင်ပေါင်း များစွာ ထီပေါက်ခဲ့ပေမယ့် ကုမ္ပဏီက နာရီပိုင်းအတွင်း system error အဖြစ် အသိပေးခဲ့တာကြောင့် ဆုငွေထုတ်ယူ နိုင်ခြင်းတော့ မရှိကြပါဘူး။
Eurojackpot ထီမှာ လူထောင်ပေါင်းများစွာကို ဆုတွေ မှားယွင်းကြေညာမိခဲ့တယ်လို့ နိုင်ငံပိုင် လောင်းကစားအော်ပရေတာ Norsk Tipping က ဇွန်လ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ်က တောင်းပန်ခဲ့ပြီး နောက်တစ်နေ့ ရာထူးမှ နုတ်ထွက်ခဲ့ရပါတယ်။
Norsk Tipping ရဲ့ပြောကြားချက်အရ “ဆုငွေပမာဏဟာ Euro cents မှ Norwegian kroner ကို ပြောင်းလဲရာမှ ဖြစ်လာတဲ့ အမှားအယွင်းဖြစ်တယ်လို့ ဆိုပါတယ်။ အမှားကိုရှာဖွေတွေ့ရှိတာ အရမ်းနောက်ကျသွားတဲ့အတွက် ကစားသမားထောင်ပေါင်းများစွာဟာ မှားယွင်းတဲ့သတိပေးချက်တွေရခဲ့ပါတယ်" လို့ Norsk Tipping က ဇွန်လ ၂၈ ရက်နေ့ထုတ် မီဒီယာတစ်ခုမှာ ပြောကြားပါတယ်။
Norsk Tipping က မှန်ကန်တဲ့ ထီပေါက်သူ အရေအတွက်ကို ၎င်းတို့ဘ်ဆိုဒ်နဲ့ အက်ပ်မှာ ဇွန်လ ၂၈ ရက်ညက အပ်လုဒ်ပြန်တင်ခဲ့ပြီး မှားယွင်းထီပေါက်သူတွေအတွက် ပေးချေမှုတွေပြုလုပ်ခြင်း မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။

Zawgyi Version:
ေနာ္ေဝးမွာ ထီကုမၸဏီရဲ႕မွားယြင္းေၾကညာမႈေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ ထီေပါက္
ေရာင္နီ (NP News) - ဇူလိုင္ ၂
ေနာ္ေဝႏိုင္ငံမွာ Eurojackpot ကံစမ္းမဲထီမွာ မွားယြင္းေဖာ္ျပမႈေၾကာင့္ ေနာ္ေဝႏိုင္ငံသား ေထာင္ေပါင္း မ်ားစြာ ထီေပါက္ခဲ့ေပမယ့္ ကုမၸဏီက နာရီပိုင္းအတြင္း system error အျဖစ္ အသိေပးခဲ့တာေၾကာင့္ ဆုေငြထုတ္ယူ ႏိုင္ျခင္းေတာ့ မရွိၾကပါဘူး။
Eurojackpot ထီမွာ လူေထာင္ေပါင္းမ်ားစြာကို ဆုေတြ မွားယြင္းေၾကညာမိခဲ့တယ္လို႔ ႏိုင္ငံပိုင္ ေလာင္းကစားေအာ္ပေရတာ Norsk Tipping က ဇြန္လ ၂၇ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ကုမၸဏီရဲ႕အမႈေဆာင္အရာရွိခ်ဳပ္က ေတာင္းပန္ခဲ့ၿပီး ေနာက္တစ္ေန႔ ရာထူးမွ ႏုတ္ထြက္ခဲ့ရပါတယ္။
Norsk Tipping ရဲ႕ေျပာၾကားခ်က္အရ “ဆုေငြပမာဏဟာ Euro cents မွ Norwegian kroner ကို ေျပာင္းလဲရာမွ ျဖစ္လာတဲ့ အမွားအယြင္းျဖစ္တယ္လို႔ ဆိုပါတယ္။ အမွားကိုရွာေဖြေတြ႕ရွိတာ အရမ္းေနာက္က်သြားတဲ့အတြက္ ကစားသမားေထာင္ေပါင္းမ်ားစြာဟာ မွားယြင္းတဲ့သတိေပးခ်က္ေတြရခဲ့ပါတယ္" လို႔ Norsk Tipping က ဇြန္လ ၂၈ ရက္ေန႔ထုတ္ မီဒီယာတစ္ခုမွာ ေျပာၾကားပါတယ္။
Norsk Tipping က မွန္ကန္တဲ့ ထီေပါက္သူ အေရအတြက္ကို ၎တို႔ဘ္ဆိုဒ္နဲ႔ အက္ပ္မွာ ဇြန္လ ၂၈ ရက္ညက အပ္လုဒ္ျပန္တင္ခဲ့ၿပီး မွားယြင္းထီေပါက္သူေတြအတြက္ ေပးေခ်မႈေတြျပဳလုပ္ျခင္း မရွိဘူးလို႔ အတည္ျပဳခဲ့ပါတယ္။