ကျားဖျန့်နှင့် ဆိုက်ဘာမှုခင်းများ၏ ဗဟိုချက်နိုင်ငံအဖြစ် ကမ္ဘောဒီးယား ပြောင်းလဲနေရာယူ

 1346

Htay Oung (NP News) - ဇူလိုင် ၂

ကျားဖျန့်အွန်လိုင်းလိမ်လည်မှုနဲ့ ဆိုက် ဘာမှုခင်းတို့ရဲ့ဗဟိုချက်တိုင်းပြည်လို့ပြောရင် မြန်မာ နိုင်ငံကို အတော်များများက ပြေးမြင်မိကြပါလိမ့်မယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အခုနောက်ဆုံးလေ့လာ တွေ့ရှိချက်အရ လောလောဆယ် ကမ္ဘောဒီးယားနိုင်ငံဟာ အွန်လိုင်းလိမ်လည်မှုနဲ့ ဆိုက်ဘာမှုခင်းတို့ ကျယ်ပြန့်စွာဖြစ်ပွားရာ ကမ္ဘာ့အဓိကနေရာတစ်ခုဖြစ်နေကြောင်း သိရှိရတယ်လို့ စကင်ကာပူအခြေစိုက် “စထရိတ် တိုင်းမ်စ်”(18 June 2025) ကရေးသားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ် မှုခင်းဆိုင်ရာရုံး(UNODC)ရဲ့အစီရင်ခံစာအရ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် အထူးသ ဖြင့် သီဟာနုဗီးလ်မြို့၊ ပွိုင်ပေ့မြို့နဲ့ ဖနွမ်းပင်မြို့တော် အပါအဝင်နေရာတွေမှာ ကျားဖျန့်စင်တာတွေ အများအပြားတည်ရှိနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံ ဟာ အဓိကအချက်အချာနေရာဖြစ်တယ်လို့ အများကယူ ဆထားပေမယ့် ကုလသမဂ္ဂရဲ့မြေပုံအသစ်အရ ကမ္ဘောဒီးယားဟာ လိမ်လည်လှည်ဖြားမှုလုပ်ငန်းတွေမှာ ဦးဆောင်တိုင်းပြည်ဖြစ်နေကြောင်း ဖော်ပြ ထားပါတယ်။
အဲဒီလိမ်လည်မှုလှည်ဖြားမှုတွေဟာ မကြာခဏဆိုသလိုပဲ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေးခေါင်း ဆောင်တွေ၊ သူတို့နဲ့နီးစပ်သူတွေနဲ့ဆက်စပ်နေပါတယ်။ ဥပမာအားဖြင့် “LYP Group စီးပွားရေးလုပ်ငန်း” ဆိုရင် အမေရိကန်အစိုးရရဲ့ အမည်ပျက်စာရင်း (Bla­cklisted) ဝင်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု၊ လူကုန် ကူးမှုနဲ့ အွန်လိုင်းလိမ်လည်လှည်ဖြားမှုတို့မှာ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံထားရပါတယ်။
ကမ္ဘောဒီးယားရဲ့ ယိမ်းယိုင်လာတဲ့စီးပွားရေးအခြေအနေ၊ တိုးပွားလာတဲ့ ဆင်းရဲချမ်းသာ လူမှု စနစ် မညီမျှမှုနဲ့ ဥပဒေစိုးမိုးရေးအားနည်းမှုတို့ဟာ ဆိုက်ဘာမှုခင်းတွေ တစ်ရှိန်ထိုးကြီးထွားလာစေဖို့ အထောက်အကူဖြစ်စေကြောင်း၊ အခုအခါ နယ်စပ်မြို့ငယ်လေးများသာမဟုတ်တော့ဘဲ မြို့ကြီးတွေအ ထိပျံ့နှံ့လာတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အထူးသဖြင့် လိမ်လည်လှည်ဖြားမှုတချို့ဟာ တရားဝင်စီးပွားရေးလုပ်ငန်းအသွင် မျက်နှာဖုံးစွပ် ထားပြီး အာဏာရှိသူနိုင်ငံရေးသမားတို့က အကာအကွယ်ပေးနေတယ်လို့ယူဆရတဲ့အတွက် အပြည်ပြည် ဆိုင်ရာအသိုင်းအဝိုင်းအနေနဲ့ စိုးရိမ်မှုတွေတိုးပွားလျက်ရှိပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ မိသားစုဝင်တွေဟာ အွန်လိုင်းလိမ်လည်မှုအတော်များများနဲ့ အကြီးအကျယ်ဆက်စပ်နေတဲ့ အတွက် စုံစမ်းစစ်ဆေးခံနေရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တူအရင်းတော်စပ်သူ “ဟွန်တို”ဟာ (၂၀၂၁) ခုနှစ် ကတည်းက အွန်လိုင်းလိမ်လည်မှုလုပ် ငန်းတွေမှာ ပါဝင်ပတ်သက်နေပြီး သူ့လုပ်ရပ်က ဒီဂျစ်တယ် ပိုင် ဆိုင်မှု ဒေါ်လာ (၄၉)ဘီလျံကျော် ဆုံးရှုံးရတာနဲ့ဆက်စပ်နေတယ်လို့ စွပ်စွဲခံရပါတယ်။ သူဟာ Huione Group “ဟွိုင်ဝမ်းဂရု” စီးပွားရေးလုပ်ငန်း နဲ့လည်းဆက်နွှယ်နေပြီး ငွေကြေးဆိုင်ရာ တရားမဝင် လုပ်ငန်း တွေ၊ ဆိုက်ဘာခိုးယူမှုတွေနဲ့ ငွေကြေးလျှို့ဝှက်ဆောင်ရွက်မှုတွေအတွက် အဲဒီကုမ္ပဏီကို အမေရိကန် နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားပါတယ်။
ထိုင်းနိုင်ငံသားတွေကိုပစ်မှတ်ထားတဲ့ လိမ်လည်မှုတွေဟာ အဲဒီအုပ်စုနဲ့ဆက်စပ်နေတယ် လို့ ထိုင်းဆိုက်ဘာရာဇဝတ်မှုခင်းရဲတပ်ဖွဲ့က ဆိုပါ တယ်။ လှည့်ဖြားမှုမှရရှိတဲ့ငွေတွေကို အတုအယောင် ဘဏ်အကောင့်တွေကတစ်ဆင့် ဒီဂျစ်တယ်ငွေကြေး (Cryptocurrency) အဖြစ်ပြောင်းလဲပြီး နောက်ဆုံး မှာ ငွေသားနဲ့ တခြားအရင်းအနှီးတွေဖြစ်သွားတယ် လို့မှန်းဆရပါတယ်။ အဲဒီလုပ်ငန်းစဉ်အားလုံးဟာ ဟွိုင်ဝမ်းဂရု စီးပွားရေးလုပ်ငန်းကို ဖြတ်သန်းသွားတယ်လို့ ယုံကြည်ရပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပေမယ့် ဟွိုင်ဝမ်း ဂရုမှာအပြစ်ရှိကြောင်း တရားဝင်ကြေညာထားခြင်းမရှိသေးပါဘူး။ သက်သေအထောက်အ ထားတောင်းဆိုမှုတွေကိုလည်း ကမ္ဘောဒီးယားဘက်က တစ်စိတ်တစ်ပိုင်းသာ ပူးပေါင်းဆောင်ရွက် ပေးခဲ့ပါတယ်။
ဟွိုင်ဝမ်းဂရုဟာ ကမ္ဘောဒီးယား အာဏာရ “ဟွန်မိသားစု” နဲ့နီးစပ်တယ်လို့သိရှိရပြီး ဟွန်တို ကိုယ်တိုင်မှာလည်း ကုမ္ပဏီရဲ့ ဒီဂျစ်တယ်ငွေပေးချေ ရေးလုပ်ငန်း (Huione Pay) မှာ အမှုဆောင် အရာရှိ ချုပ်ဖြစ်ပါတယ်။ ဒါ့ပြင် ကုမ္ပဏီဟာ “ခရစ်တိုကာရင်စီ ငွေကြေးရောင်းဝယ်ရေး”နဲ့ အွန်လိုင်းရောင်းဝယ် ရေးဈေးကွက်တစ်ခုကိုလုပ်ကိုင်နေပြီး အဲဒီလုပ်ငန်းတွေကလည်း တရားမဝင်ကိစ္စတွေနဲ့ဆက်စပ်နေ တယ်လို့ သံသယဖြစ်ဖွယ်ရှိပါတယ်။
ယခုထိတော့ ဟွန်တိုရဲ့အခန်းကဏ္ဍနဲ့ ဟွိုင်ဝမ်းဂရုရဲ့ တရားဝင် ပါဝင်မှုအပြည့်အစုံကို အတည် ပြုနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ကောက်ချက်ချမှတ်ဖို့ အပြီးသတ် နိုင် ခြင်း မရှိသေးပါဘူး။ ဟွိုင်ဝမ်းဂရုဟာ ဒေသတွင်းသာမက နိုင်ငံတကာ လျှို့ဝှက်ငွေကြေးခဝါချမှုကြီးရဲ့ အဓိက ချိတ်ဆက်နေရာဖြစ်လာနေတယ်လို့ဆိုပါတယ်။ “ဟွိုင်ဝမ်းခရက်တို” “ဟွိုင်ဝမ်းဂရန်တီ” ပလက် ဖောင်းတွေကတစ်ဆင့် ဘီလျံချီတဲ့ဒေါ်လာငွေများကို ဒုစရိုက်အုပ်စုတွေ၊ လိမ်လည်မှုကွန်ရက်တွေနဲ့ မြောက်ကိုရီးယားဟက်ကာတွေအတွက် လျှို့ဝှက်ဖြန့် ဖြူးပေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အ စည်းတွေကစွပ်စွဲထားပါတယ်။
ဥပဒေချိုးဖောက်မှုတွေကြောင့် (၂၀၂၅) ခုနှစ် မတ်လမှာ ကမ္ဘောဒီးယားဗဟိုဘဏ်က Huione Pay “ဟွိုင်ဝမ်းပေး” ရဲ့လုပ်ငန်းလိုင်စင်ကို ရုပ်သိမ်းခဲ့ပါတယ်။ မေ (၁) ရက်မှာ အမေရိကန်ဘဏ္ဍာရေး ဌာန ရာဇဝတ်မှုခင်းဆိုင်ရာ ကွန်ရက်(FinCEN) က ဟွိုင်ဝမ်းဂရုကို အမည်ပျက်စာရင်းထည့်သွင်းပြီး လိမ် လည်လှည်ဖြားမှု၊ ရာဇဝတ်ဆင်ဒီကိတ်တွေရဲ့ အဓိကငွေကြေးခဝါချရာနေရာအဖြစ် သတ်မှတ်ခဲ့ပါ တယ်။
ဟွိုင်ဝမ်းဂရုစနစ်တွေကတစ်ဆင့် ခဝါချခံရတဲ့ ငွေကြေးပမာဏဟာ အမေရိကန်ဒေါ်လာ (၄) ဘီလျံကျော်အထိရှိခဲ့ကြောင်းသိရှိရပြီး အဲဒီအထဲမှာ မြောက်ကိုရီးယားဟက်ကာတွေရဲ့ ဆိုက်ဘာတိုက် ခိုက်မှုမှ ဒေါ်လာ (၃၇)သန်း၊ ခရက်တိုကာရင်စီငွေကြေးရင်းနှီးမြှုပ်နှံမှုမှ လိမ်လည်လှည့်ဖျားခံရငွေ ဒေါ် လာ (၃၆)သန်း၊ တခြား ဆိုက်ဘာငွေကြေးမသမာမှု အစီအစဉ်အမျိုးမျိုးမှ ဒေါ်လာ (၃၀ဝ)သန်းတို့ ပါဝင် တယ်လို့ဆိုပါတယ်။
ဟွိုင်ဝမ်းဂရုဟာ သံသယဖြစ်ဖွယ် ငွေလွှဲလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ (၂၇) ဘီလျံ ကျော်ကိုကိုင်တွယ်ခဲ့ပြီး “သမိုင်းတစ်လျှောက် အကြီးမားဆုံး ဒုစရိုက်မှုခင်းဆိုင်ရာဈေးကွက်”ဖြစ်တယ်လို့ နိုင်ငံတကာငွေကြေးစီးဆင်းမှုတွေကို လေ့လာနေတဲ့ “အီလစ်ပ်တစ်” အမည်ရှိ ငွေကြေး စိစစ်လေ့လာ ရေး ကုမ္ပဏီကပြောပါတယ်။
ဒီအတွက် ဟွိုင်ဝမ်းဂရုနဲ့ ဘယ်လိုဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းမျိုးမျှ ပတ်သက်ခြင်းမပြုရန် အမေ ရိကန်အစိုးရကတားမြစ်ခဲ့ပါတယ်။ တယ်လီဂရမ် လူမှုကွန်ရက်ပလက်ဖောင်းကလည်း ဟွိုင်ဝမ်းနဲ့ ဆက် စပ်နေတဲ့ ကျားဖျန့်လိမ်လည်လောင်းကစား ချန်နယ်ထောင်ပေါင်းများစွာတို့ကို ပိတ်ချခဲ့ပါတယ်။ မြောက် ကိုရီးယားအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဒုစရိုက်သမားတွေက သာမန်ပြည်သူတွေရဲ့ ငွေကြေးတွေကို ခိုးယူ ရာမှာ ဟွိုင်ဝမ်းကကူညီပေးနေတယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။
လက်ရှိအချိန် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသမှာ စစ်ရေးနဲ့နိုင်ငံရေးအရ တင်းမာမှုတွေ ဆက် လက်ဖြစ်ပေါ်နေပါတယ်။ “ပရာဝိဟာ ဘုရားကျောင်း” ကိစ္စဟာ အဓိကအချက်ဖြစ်ပါတယ်။ ဘုရား ကျောင်းနယ်မြေဟာ ကမ္ဘောဒီးယားအပိုင်ဖြစ်တယ်လို့ (၁၉၆၂)ခုနှစ် ICJ (နိုင်ငံတကာတရားရုံး)က ဆုံး ဖြတ်ပေးခဲ့ပေမယ့် ထိုင်းဘက်က အပြည့်အဝလက်မခံသေးပါဘူး။ (၂၀၁၁)ခုနှစ်မှာ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံစလုံးမှစစ်သားတွေ ကျဆုံးခဲ့ရဖူးပါတယ်။
ဒီကြားထဲ ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ရဲ့ တယ်လီဖုန်းဆက်သွယ်မှု အသံသွင်း မှတ်တမ်းတွေပေါက်ကြားတာဟာ ထိုင်းပြည်တွင်း မှာ ကြီးမားတဲ့နိုင်ငံရေးမုန်တိုင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီး ထိုင်းအစိုးရပြုတ်ကျသည် အထိအန္တရာယ်ရှိ ကြောင်း သုံးသပ်သူတွေက သတိပေးလျက်ရှိပါတယ်။
ပေါက်ကြားတဲ့စကားပြောဆိုချက်တွေမှာ နယ်စပ်ပဋိပက္ခ၊ ကမ္ဘောဒီးယားရဲ့ ကျားဖျန့်ကိစ္စတွေနဲ့ နိုင်ငံတကာဖိအားတွေအကြောင်း ဆွေးနွေးထားတယ် လို့သိရှိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ကမ္ဘောဒီး ယား နဲ့ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံရပြီး ဒီကိစ္စဟာ ထိုင်းရဲ့အမျိုးသား လုံခြုံရေးကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်ခံနေရပါတယ်။ ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါလျက် နိုင်ငံတော်အ ကျိုးစီးပွားကို စွန့်လွှတ်သူအဖြစ် ထိုင်းအတိုက်အခံနိုင် ငံရေးပါတီတွေနဲ့ လူမှုမီဒီယာတို့က ပြင်းထန်စွာ ဝေဖန်နေကြပါတယ်။ ဒီကိစ္စကို အာဏာသိမ်းဖို့အကြောင်းပြချက်အဖြစ် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်ဟောင်း တွေက အသုံးချနိုင်တယ်လို့ စိုးရိမ်မှုတွေရှိနေပါတယ်။
ဟွန်ဆန်ကတော့ ဆက်သွယ်မှုဟာ ပုံမှန် သံတမန်ရေးရာ အလှည့်အပြောင်းမျှသာဖြစ်ကြောင်း ငြင်းဆိုထားပေမယ့် အသံဖိုင်ပေါက်ကြားမှုမှာ လျှို့ဝှက်အကျိုးစီးပွားတွေအတွက်ဖြစ်နိုင်တယ်လို့ ထိုင်း ဘက်ကသံသယရှိပါတယ်။
တိုက်ဆိုင်စွာပဲ ဟွိုင်ဝမ်းဂရုတို့လို ကမ္ဘောဒီးယားရဲ့ အာဏာရှိသူတွေနဲ့ဆက်နွှယ်နေတဲ့အဖွဲ့ အစည်းတွေဟာ လျှို့ဝှက်ငွေကြေးခဝါချတာ၊ ဆိုက် ဘာမှုခင်းတွေမှာပါဝင်နေကြောင်း အမေရိကန်နဲ့ နိုင် ငံတကာအဖွဲ့အစည်းတွေရဲ့ဖော်ထုတ်ချက်ဟာ ခပ်စိတ်စိတ်ဖြစ်လာပြီး ခုနောက်ပိုင်း ကုလသမဂ္ဂပါ ပါဝင် လာခြင်းဖြစ်ပါတယ်။
ပရာဝိဟာဘုရားကျောင်းကိစ္စ ICJ ကိုတင်ဖို့လုပ်နေတဲ့ ကမ္ဘောဒီးယားရဲ့ ကမ္ဘာလုံးဆိုင်ရာလှည့် ဖြားမှုနဲ့ “မီးခိုးရောင်စီးပွားရေး”တို့ဟာ ကမ္ဘာတစ်ဝန်း ရှိပြည်သူတွေကို ထိခိုက်နစ်နာစေလျက်ရှိစဉ် ဖနွမ်းပင် အခွင့်ထူးခံလူတန်းစားတွေက အမြတ်ထုတ်သာယာနေတဲ့အချက်ကိုလည်း ကုလသမဂ္ဂမှာ ဖော်ထုတ်သင့်တယ်လို့ပြောပါတယ်။

zawgyi version
က်ားဖ်န႔္ႏွင့္ ဆိုက္ဘာမႈခင္းမ်ား၏ ဗဟိုခ်က္ႏိုင္ငံအျဖစ္ ကေမာၻဒီးယား ေျပာင္းလဲေနရာယူ
Htay Oung (NP News) - ဇူလိုင္ ၂

က်ားဖ်န႔္အြန္လိုင္းလိမ္လည္မႈနဲ႔ ဆိုက္ ဘာမႈခင္းတို႔ရဲ႕ဗဟိုခ်က္တိုင္းျပည္လို႔ေျပာရင္ ျမန္မာ ႏိုင္ငံကို အေတာ္မ်ားမ်ားက ေျပးျမင္မိၾကပါလိမ့္မယ္။ ဒါေပမဲ့ ကုလသမဂၢရဲ႕ အခုေနာက္ဆုံးေလ့လာ ေတြ႕ရွိခ်က္အရ ေလာေလာဆယ္ ကေမာၻဒီးယားႏိုင္ငံဟာ အြန္လိုင္းလိမ္လည္မႈနဲ႔ ဆိုက္ဘာမႈခင္းတို႔ က်ယ္ျပန႔္စြာျဖစ္ပြားရာ ကမာၻ႔အဓိကေနရာတစ္ခုျဖစ္ေနေၾကာင္း သိရွိရတယ္လို႔ စကင္ကာပူအေျခစိုက္ “စထရိတ္ တိုင္းမ္စ္”(18 June 2025) ကေရးသားပါတယ္။
ကမာၻ႔ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္ မႈခင္းဆိုင္ရာ႐ုံး(UNODC)ရဲ႕အစီရင္ခံစာအရ ထိုင္း-ကေမာၻဒီးယားနယ္စပ္တစ္ေလွ်ာက္ အထူးသ ျဖင့္ သီဟာႏုဗီးလ္ၿမိဳ႕၊ ပြိဳင္ေပ့ၿမိဳ႕နဲ႔ ဖႏြမ္းပင္ၿမိဳ႕ေတာ္ အပါအဝင္ေနရာေတြမွာ က်ားဖ်န႔္စင္တာေတြ အမ်ားအျပားတည္ရွိေနတယ္လို႔ဆိုပါတယ္။ ျမန္မာႏိုင္ငံ ဟာ အဓိကအခ်က္အခ်ာေနရာျဖစ္တယ္လို႔ အမ်ားကယူ ဆထားေပမယ့္ ကုလသမဂၢရဲ႕ေျမပုံအသစ္အရ ကေမာၻဒီးယားဟာ လိမ္လည္လွည္ျဖားမႈလုပ္ငန္းေတြမွာ ဦးေဆာင္တိုင္းျပည္ျဖစ္ေနေၾကာင္း ေဖာ္ျပ ထားပါတယ္။
အဲဒီလိမ္လည္မႈလွည္ျဖားမႈေတြဟာ မၾကာခဏဆိုသလိုပဲ ကေမာၻဒီးယားရဲ႕ ႏိုင္ငံေရးေခါင္း ေဆာင္ေတြ၊ သူတို႔နဲ႔နီးစပ္သူေတြနဲ႔ဆက္စပ္ေနပါတယ္။ ဥပမာအားျဖင့္ “LYP Group စီးပြားေရးလုပ္ငန္း” ဆိုရင္ အေမရိကန္အစိုးရရဲ႕ အမည္ပ်က္စာရင္း (Bla­cklisted) ဝင္ျဖစ္ၿပီး အက်င့္ပ်က္ျခစားမႈ၊ လူကုန္ ကူးမႈနဲ႔ အြန္လိုင္းလိမ္လည္လွည္ျဖားမႈတို႔မွာ ပါဝင္ပတ္သက္ေနေၾကာင္း စြပ္စြဲခံထားရပါတယ္။
ကေမာၻဒီးယားရဲ႕ ယိမ္းယိုင္လာတဲ့စီးပြားေရးအေျခအေန၊ တိုးပြားလာတဲ့ ဆင္းရဲခ်မ္းသာ လူမႈ စနစ္ မညီမွ်မႈနဲ႔ ဥပေဒစိုးမိုးေရးအားနည္းမႈတို႔ဟာ ဆိုက္ဘာမႈခင္းေတြ တစ္ရွိန္ထိုးႀကီးထြားလာေစဖို႔ အေထာက္အကူျဖစ္ေစေၾကာင္း၊ အခုအခါ နယ္စပ္ၿမိဳ႕ငယ္ေလးမ်ားသာမဟုတ္ေတာ့ဘဲ ၿမိဳ႕ႀကီးေတြအ ထိပ်ံ႕ႏွံ႔လာတယ္လို႔ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။
အထူးသျဖင့္ လိမ္လည္လွည္ျဖားမႈတခ်ိဳ႕ဟာ တရားဝင္စီးပြားေရးလုပ္ငန္းအသြင္ မ်က္ႏွာဖုံးစြပ္ ထားၿပီး အာဏာရွိသူႏိုင္ငံေရးသမားတို႔က အကာအကြယ္ေပးေနတယ္လို႔ယူဆရတဲ့အတြက္ အျပည္ျပည္ ဆိုင္ရာအသိုင္းအဝိုင္းအေနနဲ႔ စိုးရိမ္မႈေတြတိုးပြားလ်က္ရွိပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္ရဲ႕ မိသားစုဝင္ေတြဟာ အြန္လိုင္းလိမ္လည္မႈအေတာ္မ်ားမ်ားနဲ႔ အႀကီးအက်ယ္ဆက္စပ္ေနတဲ့ အတြက္ စုံစမ္းစစ္ေဆးခံေနရပါတယ္။
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္ရဲ႕ တူအရင္းေတာ္စပ္သူ “ဟြန္တို”ဟာ (၂၀၂၁) ခုႏွစ္ ကတည္းက အြန္လိုင္းလိမ္လည္မႈလုပ္ ငန္းေတြမွာ ပါဝင္ပတ္သက္ေနၿပီး သူ႔လုပ္ရပ္က ဒီဂ်စ္တယ္ ပိုင္ ဆိုင္မႈ ေဒၚလာ (၄၉)ဘီလ်ံေက်ာ္ ဆုံးရႈံးရတာနဲ႔ဆက္စပ္ေနတယ္လို႔ စြပ္စြဲခံရပါတယ္။ သူဟာ Huione Group “ဟြိဳင္ဝမ္းဂ႐ု” စီးပြားေရးလုပ္ငန္း နဲ႔လည္းဆက္ႏႊယ္ေနၿပီး ေငြေၾကးဆိုင္ရာ တရားမဝင္ လုပ္ငန္း ေတြ၊ ဆိုက္ဘာခိုးယူမႈေတြနဲ႔ ေငြေၾကးလွ်ိဳ႕ဝွက္ေဆာင္႐ြက္မႈေတြအတြက္ အဲဒီကုမၸဏီကို အေမရိကန္ နဲ႔ အေနာက္ႏိုင္ငံေတြက ပိတ္ဆို႔အေရးယူထားပါတယ္။
ထိုင္းႏိုင္ငံသားေတြကိုပစ္မွတ္ထားတဲ့ လိမ္လည္မႈေတြဟာ အဲဒီအုပ္စုနဲ႔ဆက္စပ္ေနတယ္ လို႔ ထိုင္းဆိုက္ဘာရာဇဝတ္မႈခင္းရဲတပ္ဖြဲ႕က ဆိုပါ တယ္။ လွည့္ျဖားမႈမွရရွိတဲ့ေငြေတြကို အတုအေယာင္ ဘဏ္အေကာင့္ေတြကတစ္ဆင့္ ဒီဂ်စ္တယ္ေငြေၾကး (Cryptocurrency) အျဖစ္ေျပာင္းလဲၿပီး ေနာက္ဆုံး မွာ ေငြသားနဲ႔ တျခားအရင္းအႏွီးေတြျဖစ္သြားတယ္ လို႔မွန္းဆရပါတယ္။ အဲဒီလုပ္ငန္းစဥ္အားလုံးဟာ ဟြိဳင္ဝမ္းဂ႐ု စီးပြားေရးလုပ္ငန္းကို ျဖတ္သန္းသြားတယ္လို႔ ယုံၾကည္ရပါတယ္။
ထိုင္းအာဏာပိုင္ေတြအေနနဲ႔ကေတာ့ စုံစမ္းစစ္ေဆးမႈေတြဆက္လက္လုပ္ေဆာင္ေနေပမယ့္ ဟြိဳင္ဝမ္း ဂ႐ုမွာအျပစ္ရွိေၾကာင္း တရားဝင္ေၾကညာထားျခင္းမရွိေသးပါဘူး။ သက္ေသအေထာက္အ ထားေတာင္းဆိုမႈေတြကိုလည္း ကေမာၻဒီးယားဘက္က တစ္စိတ္တစ္ပိုင္းသာ ပူးေပါင္းေဆာင္႐ြက္ ေပးခဲ့ပါတယ္။
ဟြိဳင္ဝမ္းဂ႐ုဟာ ကေမာၻဒီးယား အာဏာရ “ဟြန္မိသားစု” နဲ႔နီးစပ္တယ္လို႔သိရွိရၿပီး ဟြန္တို ကိုယ္တိုင္မွာလည္း ကုမၸဏီရဲ႕ ဒီဂ်စ္တယ္ေငြေပးေခ် ေရးလုပ္ငန္း (Huione Pay) မွာ အမႈေဆာင္ အရာရွိ ခ်ဳပ္ျဖစ္ပါတယ္။ ဒါ့ျပင္ ကုမၸဏီဟာ “ခရစ္တိုကာရင္စီ ေငြေၾကးေရာင္းဝယ္ေရး”နဲ႔ အြန္လိုင္းေရာင္းဝယ္ ေရးေဈးကြက္တစ္ခုကိုလုပ္ကိုင္ေနၿပီး အဲဒီလုပ္ငန္းေတြကလည္း တရားမဝင္ကိစၥေတြနဲ႔ဆက္စပ္ေန တယ္လို႔ သံသယျဖစ္ဖြယ္ရွိပါတယ္။
ယခုထိေတာ့ ဟြန္တိုရဲ႕အခန္းက႑နဲ႔ ဟြိဳင္ဝမ္းဂ႐ုရဲ႕ တရားဝင္ ပါဝင္မႈအျပည့္အစုံကို အတည္ ျပဳႏိုင္ဖို႔ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္လ်က္ရွိၿပီး ေကာက္ခ်က္ခ်မွတ္ဖို႔ အၿပီးသတ္ ႏိုင္ ျခင္း မရွိေသးပါဘူး။ ဟြိဳင္ဝမ္းဂ႐ုဟာ ေဒသတြင္းသာမက ႏိုင္ငံတကာ လွ်ိဳ႕ဝွက္ေငြေၾကးခဝါခ်မႈႀကီးရဲ႕ အဓိက ခ်ိတ္ဆက္ေနရာျဖစ္လာေနတယ္လို႔ဆိုပါတယ္။ “ဟြိဳင္ဝမ္းခရက္တို” “ဟြိဳင္ဝမ္းဂရန္တီ” ပလက္ ေဖာင္းေတြကတစ္ဆင့္ ဘီလ်ံခ်ီတဲ့ေဒၚလာေငြမ်ားကို ဒုစ႐ိုက္အုပ္စုေတြ၊ လိမ္လည္မႈကြန္ရက္ေတြနဲ႔ ေျမာက္ကိုရီးယားဟက္ကာေတြအတြက္ လွ်ိဳ႕ဝွက္ျဖန႔္ ျဖဴးေပးေနတယ္လို႔ အျပည္ျပည္ဆိုင္ရာ အဖြဲ႕အ စည္းေတြကစြပ္စြဲထားပါတယ္။
ဥပေဒခ်ိဳးေဖာက္မႈေတြေၾကာင့္ (၂၀၂၅) ခုႏွစ္ မတ္လမွာ ကေမာၻဒီးယားဗဟိုဘဏ္က Huione Pay “ဟြိဳင္ဝမ္းေပး” ရဲ႕လုပ္ငန္းလိုင္စင္ကို ႐ုပ္သိမ္းခဲ့ပါတယ္။ ေမ (၁) ရက္မွာ အေမရိကန္ဘ႑ာေရး ဌာန ရာဇဝတ္မႈခင္းဆိုင္ရာ ကြန္ရက္(FinCEN) က ဟြိဳင္ဝမ္းဂ႐ုကို အမည္ပ်က္စာရင္းထည့္သြင္းၿပီး လိမ္ လည္လွည္ျဖားမႈ၊ ရာဇဝတ္ဆင္ဒီကိတ္ေတြရဲ႕ အဓိကေငြေၾကးခဝါခ်ရာေနရာအျဖစ္ သတ္မွတ္ခဲ့ပါ တယ္။
ဟြိဳင္ဝမ္းဂ႐ုစနစ္ေတြကတစ္ဆင့္ ခဝါခ်ခံရတဲ့ ေငြေၾကးပမာဏဟာ အေမရိကန္ေဒၚလာ (၄) ဘီလ်ံေက်ာ္အထိရွိခဲ့ေၾကာင္းသိရွိရၿပီး အဲဒီအထဲမွာ ေျမာက္ကိုရီးယားဟက္ကာေတြရဲ႕ ဆိုက္ဘာတိုက္ ခိုက္မႈမွ ေဒၚလာ (၃၇)သန္း၊ ခရက္တိုကာရင္စီေငြေၾကးရင္းႏွီးျမႇဳပ္ႏွံမႈမွ လိမ္လည္လွည့္ဖ်ားခံရေငြ ေဒၚ လာ (၃၆)သန္း၊ တျခား ဆိုက္ဘာေငြေၾကးမသမာမႈ အစီအစဥ္အမ်ိဳးမ်ိဳးမွ ေဒၚလာ (၃၀ဝ)သန္းတို႔ ပါဝင္ တယ္လို႔ဆိုပါတယ္။
ဟြိဳင္ဝမ္းဂ႐ုဟာ သံသယျဖစ္ဖြယ္ ေငြလႊဲလုပ္ငန္းေတြကေန အေမရိကန္ေဒၚလာ (၂၇) ဘီလ်ံ ေက်ာ္ကိုကိုင္တြယ္ခဲ့ၿပီး “သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံး ဒုစ႐ိုက္မႈခင္းဆိုင္ရာေဈးကြက္”ျဖစ္တယ္လို႔ ႏိုင္ငံတကာေငြေၾကးစီးဆင္းမႈေတြကို ေလ့လာေနတဲ့ “အီလစ္ပ္တစ္” အမည္ရွိ ေငြေၾကး စိစစ္ေလ့လာ ေရး ကုမၸဏီကေျပာပါတယ္။
ဒီအတြက္ ဟြိဳင္ဝမ္းဂ႐ုနဲ႔ ဘယ္လိုဘ႑ာေရးဆိုင္ရာလုပ္ငန္းမ်ိဳးမွ် ပတ္သက္ျခင္းမျပဳရန္ အေမ ရိကန္အစိုးရကတားျမစ္ခဲ့ပါတယ္။ တယ္လီဂရမ္ လူမႈကြန္ရက္ပလက္ေဖာင္းကလည္း ဟြိဳင္ဝမ္းနဲ႔ ဆက္ စပ္ေနတဲ့ က်ားဖ်န႔္လိမ္လည္ေလာင္းကစား ခ်န္နယ္ေထာင္ေပါင္းမ်ားစြာတို႔ကို ပိတ္ခ်ခဲ့ပါတယ္။ ေျမာက္ ကိုရီးယားအပါအဝင္ ကမာၻတစ္ဝန္းရွိ ဒုစ႐ိုက္သမားေတြက သာမန္ျပည္သူေတြရဲ႕ ေငြေၾကးေတြကို ခိုးယူ ရာမွာ ဟြိဳင္ဝမ္းကကူညီေပးေနတယ္လို႔ အေမရိကန္အရာရွိေတြကေျပာပါတယ္။
လက္ရွိအခ်ိန္ ထိုင္း-ကေမာၻဒီးယား နယ္စပ္ေဒသမွာ စစ္ေရးနဲ႔ႏိုင္ငံေရးအရ တင္းမာမႈေတြ ဆက္ လက္ျဖစ္ေပၚေနပါတယ္။ “ပရာဝိဟာ ဘုရားေက်ာင္း” ကိစၥဟာ အဓိကအခ်က္ျဖစ္ပါတယ္။ ဘုရား ေက်ာင္းနယ္ေျမဟာ ကေမာၻဒီးယားအပိုင္ျဖစ္တယ္လို႔ (၁၉၆၂)ခုႏွစ္ ICJ (ႏိုင္ငံတကာတရား႐ုံး)က ဆုံး ျဖတ္ေပးခဲ့ေပမယ့္ ထိုင္းဘက္က အျပည့္အဝလက္မခံေသးပါဘူး။ (၂၀၁၁)ခုႏွစ္မွာ နယ္စပ္တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ႏွစ္ႏိုင္ငံစလုံးမွစစ္သားေတြ က်ဆုံးခဲ့ရဖူးပါတယ္။
ဒီၾကားထဲ ထိုင္းဝန္ႀကီးခ်ဳပ္ ေပတုန္တန္ ရွင္နာဝပ္ထရာနဲ႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္တို႔ရဲ႕ တယ္လီဖုန္းဆက္သြယ္မႈ အသံသြင္း မွတ္တမ္းေတြေပါက္ၾကားတာဟာ ထိုင္းျပည္တြင္း မွာ ႀကီးမားတဲ့ႏိုင္ငံေရးမုန္တိုင္းတစ္ခုကိုျဖစ္ေပၚေစခဲ့ၿပီး ထိုင္းအစိုးရျပဳတ္က်သည္ အထိအႏၲရာယ္ရွိ ေၾကာင္း သုံးသပ္သူေတြက သတိေပးလ်က္ရွိပါတယ္။
ေပါက္ၾကားတဲ့စကားေျပာဆိုခ်က္ေတြမွာ နယ္စပ္ပဋိပကၡ၊ ကေမာၻဒီးယားရဲ႕ က်ားဖ်န႔္ကိစၥေတြနဲ႔ ႏိုင္ငံတကာဖိအားေတြအေၾကာင္း ေဆြးေႏြးထားတယ္ လို႔သိရွိရပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ကေမာၻဒီး ယား နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔သေဘာတူညီမႈေတြရွိခဲ့တယ္လို႔ စြပ္စြဲခံရၿပီး ဒီကိစၥဟာ ထိုင္းရဲ႕အမ်ိဳးသား လုံၿခဳံေရးကို စိန္ေခၚမႈတစ္ရပ္အျဖစ္ ရႈျမင္ခံေနရပါတယ္။ ဝန္ႀကီးခ်ဳပ္တစ္ဦးျဖစ္ပါလ်က္ ႏိုင္ငံေတာ္အ က်ိဳးစီးပြားကို စြန႔္လႊတ္သူအျဖစ္ ထိုင္းအတိုက္အခံႏိုင္ ငံေရးပါတီေတြနဲ႔ လူမႈမီဒီယာတို႔က ျပင္းထန္စြာ ေဝဖန္ေနၾကပါတယ္။ ဒီကိစၥကို အာဏာသိမ္းဖို႔အေၾကာင္းျပခ်က္အျဖစ္ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕ဝင္ေဟာင္း ေတြက အသုံးခ်ႏိုင္တယ္လို႔ စိုးရိမ္မႈေတြရွိေနပါတယ္။
ဟြန္ဆန္ကေတာ့ ဆက္သြယ္မႈဟာ ပုံမွန္ သံတမန္ေရးရာ အလွည့္အေျပာင္းမွ်သာျဖစ္ေၾကာင္း ျငင္းဆိုထားေပမယ့္ အသံဖိုင္ေပါက္ၾကားမႈမွာ လွ်ိဳ႕ဝွက္အက်ိဳးစီးပြားေတြအတြက္ျဖစ္ႏိုင္တယ္လို႔ ထိုင္း ဘက္ကသံသယရွိပါတယ္။
တိုက္ဆိုင္စြာပဲ ဟြိဳင္ဝမ္းဂ႐ုတို႔လို ကေမာၻဒီးယားရဲ႕ အာဏာရွိသူေတြနဲ႔ဆက္ႏႊယ္ေနတဲ့အဖြဲ႕ အစည္းေတြဟာ လွ်ိဳ႕ဝွက္ေငြေၾကးခဝါခ်တာ၊ ဆိုက္ ဘာမႈခင္းေတြမွာပါဝင္ေနေၾကာင္း အေမရိကန္နဲ႔ ႏိုင္ ငံတကာအဖြဲ႕အစည္းေတြရဲ႕ေဖာ္ထုတ္ခ်က္ဟာ ခပ္စိတ္စိတ္ျဖစ္လာၿပီး ခုေနာက္ပိုင္း ကုလသမဂၢပါ ပါဝင္ လာျခင္းျဖစ္ပါတယ္။
ပရာဝိဟာဘုရားေက်ာင္းကိစၥ ICJ ကိုတင္ဖို႔လုပ္ေနတဲ့ ကေမာၻဒီးယားရဲ႕ ကမာၻလုံးဆိုင္ရာလွည့္ ျဖားမႈနဲ႔ “မီးခိုးေရာင္စီးပြားေရး”တို႔ဟာ ကမာၻတစ္ဝန္း ရွိျပည္သူေတြကို ထိခိုက္နစ္နာေစလ်က္ရွိစဥ္ ဖႏြမ္းပင္ အခြင့္ထူးခံလူတန္းစားေတြက အျမတ္ထုတ္သာယာေနတဲ့အခ်က္ကိုလည္း ကုလသမဂၢမွာ ေဖာ္ထုတ္သင့္တယ္လို႔ေျပာပါတယ္။

© 2021. All rights reserved.