အာရှအမျိုးသမီးဖလား ခြေစစ်ပွဲတွင်ဘင်္ဂလားဒေ့ရှ်ကို မြန်မာရှုံးနိမ့်

2574
သက်ပိုင်(NP News) – ဇူလိုင် ၂
ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းကြီးတွင် လက်ခံကျင်းပနေသော အာရှအမျိုးသမီးဖလား ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းအား (1-2) ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။
အဆိုပါ အာရှခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ တာ့မင်နစ္စတန်အသင်းများနှင့်အတူ ခြေစစ်ပွဲ အုပ်စု C တွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။
အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက (8-0)ဟူသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းကလည်း ဘာရိန်းကို (7-0) ဟူသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အာရှခြေစစ်ပွဲသို့ အုပ်စုတစ်ခုချင်းမှ ပထမရသော အသင်းများသာ တက်ရောက်ခွင့်ရမည်ဖြစ်သော ကြောင့် တောင်အာရှ၏ လက်ရှိချန်ပီယံ ဘင်္ဂလားဒေ့ရှ်အမျိုးသမီး ဘောလုံးအသင်းထံ ရှုံးနိမ့်ခဲ့သော မြန်မာအသင်းအနေဖြင့် အာရှခြေစစ်ပွဲနှင့် လွဲချော်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။
Zawgyi Version:
အာရွအမ်ိဳးသမီးဖလား ေျခစစ္ပြဲတြင္ဘဂၤလားေဒ့ရွ္ကို ျမန္မာရႈံးနိမ့္
သက္ပိုင္(NP News) – ဇူလိုင္ ၂
ရန္ကုန္ၿမိဳ႕၊ သုဝဏၰအားကစားကြင္းႀကီးတြင္ လက္ခံက်င္းပေနေသာ အာရွအမ်ိဳးသမီးဖလား ေျခစစ္ပြဲတြင္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းအေနျဖင့္ ဘဂၤလားေဒ့ရွ္အမ်ိဳးသမီးေဘာလုံးအသင္းအား (1-2) ရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ အာရွေျခစစ္ပြဲတြင္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းအေနျဖင့္ ဘဂၤလားေဒ့ရွ္၊ ဘာရိန္း၊ တာ့မင္နစၥတန္အသင္းမ်ားႏွင့္အတူ ေျခစစ္ပြဲ အုပ္စု C တြင္ပါဝင္ခဲ့ျခင္းျဖစ္သည္။
အဖြင့္ပြဲစဥ္တြင္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းက (8-0)ဟူေသာ ရလဒ္ျဖင့္ အႏိုင္ရရွိခဲ့ၿပီး ဘဂၤလားေဒ့ရွ္အမ်ိဳးသမီးေဘာလုံးအသင္းကလည္း ဘာရိန္းကို (7-0) ဟူေသာ ရလဒ္ျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။
အာရွေျခစစ္ပြဲသို႔ အုပ္စုတစ္ခုခ်င္းမွ ပထမရေသာ အသင္းမ်ားသာ တက္ေရာက္ခြင့္ရမည္ျဖစ္ေသာ ေၾကာင့္ ေတာင္အာရွ၏ လက္ရွိခ်န္ပီယံ ဘဂၤလားေဒ့ရွ္အမ်ိဳးသမီး ေဘာလုံးအသင္းထံ ရႈံးနိမ့္ခဲ့ေသာ ျမန္မာအသင္းအေနျဖင့္ အာရွေျခစစ္ပြဲႏွင့္ လြဲေခ်ာ္ႏိုင္ဖြယ္ ရွိေနေၾကာင္း သိရသည္။