မန္တလေးတွင် မြေတင်ကားအတိုက်ခံရ၍ (၁၂)နှစ်အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး

267

သန့်ဇင်(NP News)-ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် မြေတင်ကားအတိုက်ခံရ၍ (၁၂)နှစ်အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၃ရက်)၊ နံနက် ၈နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ ၄၉လမ်း၊၁၁၄လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကလေးလေးက စက်ဘီးနဲ့နေတုန်း မြေသယ်ကားနဲတိုက်မိတာထင်တယ်။ ကလေးကတော့ ဖြစ်စဉ်နေရာမှာကျန်ခဲ့တယ်။ စက်ဘီး ကတော့ ကားနဲ့ပါသွားတာဖြစ်မယ်။ တော်တော်ဝေးဝေးကိုရောက်သွားတယ်။ ဘယ်လိုတိုက်မိတာလဲတော့ မပြောတက်ဘူး။ ပုံစံကြည့်ရတာတော့ ကလေးကလမ်းလယ်ခေါင်လောက်မှာရောက်နေတယ်”ဟု နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တွင် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ကလေးလေးကမှောက်လျှက်လေး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကလေးက တော်တော်ကို ဖြူနေပြီ။ ဘယ်နေရာမှာမှ ဒဏ်ရာမတွေ့ဘူး။ ခေါင်းမှာပဲတွေ့တယ်။ နားထဲကနေသွေးထွက်တယ်။ သွေးထွက်တာတော်တော် များပြီးခဲတောင် ခဲနေပြီ။ မန္တလေးမှာက မြေသယ်ယာဉ်တွေကတော်တော်အမောင်းကြမ်းကြတယ်။ ကလေးလေးက ဝက်ရှော့မှာ အလုပ်လုပ်တဲ့ ပုံစံလေး”ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူကလေးငယ်၏ရုပ်အလောင်းကို နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ ေျမတင္ကားအတိုက္ခံရ၍ (၁၂)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-ဇူလိုင္ ၃
မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ေျမတင္ကားအတိုက္ခံရ၍ (၁၂)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ပြဲခ်င္းၿပီးေသဆုံး သြားခဲ့ေၾကာင္း နႏၵာေမတၱာ လူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၃ရက္)၊ နံနက္ ၈နာရီအခ်ိန္ခန႔္က ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၄၉လမ္း၊၁၁၄လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကေလးေလးက စက္ဘီးနဲ႔ေနတုန္း ေျမသယ္ကားနဲတိုက္မိတာထင္တယ္။ ကေလးကေတာ့ ျဖစ္စဥ္ေနရာမွာက်န္ခဲ့တယ္။ စက္ဘီး ကေတာ့ ကားနဲ႔ပါသြားတာျဖစ္မယ္။ ေတာ္ေတာ္ေဝးေဝးကိုေရာက္သြားတယ္။ ဘယ္လိုတိုက္မိတာလဲေတာ့ မေျပာတက္ဘူး။ ပုံစံၾကည့္ရတာေတာ့ ကေလးကလမ္းလယ္ေခါင္ေလာက္မွာေရာက္ေနတယ္”ဟု နႏၵာေမတၱာ လူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၁၂)ႏွစ္အ႐ြယ္ ကေလးငယ္တြင္ ဦးေခါင္းထိခိုက္ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ ကေလးေလးကေမွာက္လွ်က္ေလး။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာကေလးက ေတာ္ေတာ္ကို ျဖဴေနၿပီ။ ဘယ္ေနရာမွာမွ ဒဏ္ရာမေတြ႕ဘူး။ ေခါင္းမွာပဲေတြ႕တယ္။ နားထဲကေနေသြးထြက္တယ္။ ေသြးထြက္တာေတာ္ေတာ္ မ်ားၿပီးခဲေတာင္ ခဲေနၿပီ။ မႏၲေလးမွာက ေျမသယ္ယာဥ္ေတြကေတာ္ေတာ္အေမာင္းၾကမ္းၾကတယ္။ ကေလးေလးက ဝက္ေရွာ့မွာ အလုပ္လုပ္တဲ့ ပုံစံေလး”ဟု ၎ကဆက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူကေလးငယ္၏႐ုပ္အေလာင္းကို နႏၵာေမတၱာ လူမႈကယ္ဆယ္ေရးအဖြဲ႕က မႏၲေလးေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။