အဆောက်အအုံများတည်ဆောက်ရာတွင် Myanmar National Building Code-2025ကို လိုက်နာကျင့်သုံးရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ တိုက်တွန်း

 193

စော(NP News)- ဇူလိုင် ၃
အဆောက်အအုံများတည်ဆောက်ရာတွင် Myanmar National Building Code- 2025(အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ) ကို လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက ယမန်နေ့ (ဇူလိုင် ၂ရက်)တွင် အသိပေးတိုက်တွန်းထားသည်။
အဆိုပါ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ-၂၀၂၅ တို့ကို ရည်ညွှန်းကိုးကား လိုက်နာရန်အတွက် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ပုံနှိပ်ထားရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်စေရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဇွန်လ (၃၀)ရက်က ညွှန်ကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွင် မှတ်ပုံတင်ထားသော လက်မှတ်ရ အင်ဂျင်နီယာများအားလုံးအနေဖြင့် ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ Myanmar National Building Code-2025 ကို အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးကြပါရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက အသိပေးကြေညာထားသည်။
အဆိုပါ Myanmar National Building Code တွင် အဆောက်အအုံများအား ရေကြီးမှုဒဏ်၊ လေပြင်းတိုက်ခတ်မှုဒဏ်၊ မြေပြိုမှုဒဏ်၊ မြေငလျင်ဒဏ်အစရှိသည့် ဘေးအန္တရာယ်များခံနိုင်ရည်ရှိရန် ဒီဇိုင်းပြုတည်ဆောက်ရမည့်စံနှုန်းများကို သတ်မှတ်ထားပြီး လိုအပ်သည့် အချက်အလက်များ၊ သဘာဝအန္တရာယ်ပြမြေပုံအစရှိသည်တို့ကို ထည့်သွင်းထားကြောင်းသိရသည်။
ထို့ပြင် မီးဘေးနှင့် အခြားဘေးအမျိုးမျိုးမှလွတ်ကင်းရန် ထွက်ပေါက်များ၊ အရေးပေါ်လှေကားများ အစရှိသည်တို့ကို မဖြစ်မနေထည့်သွင်းစီစဉ်ရန်လည်း သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ (၁၂)ထပ်နှင့်အထက် အဆောက်အဦနှင့် ကွန်ဒိုများကို Myanmar National Building Codeဖြင့် တည်ဆောက်ထားပါက ငလျင်ဒဏ်ကိုခံနိုင်ရည်ရှိကြောင်း ဝါရင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောဆိုခဲ့ဖူးသည်။

Zawgyi Version:
အေဆာက္အအုံမ်ားတည္ေဆာက္ရာတြင္ Myanmar National Building Code-2025ကို လိုက္နာက်င့္သုံးရန္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီ တိုက္တြန္း
ေစာ(NP News)- ဇူလိုင္ ၃
အေဆာက္အအုံမ်ားတည္ေဆာက္ရာတြင္ Myanmar National Building Code- 2025(အေဆာက္အအုံဆိုင္ရာ စံခ်ိန္စံၫႊန္းလမ္းၫႊန္ခ်က္မ်ား) ကို လိုက္နာက်င့္သုံးရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီက ယမန္ေန႔ (ဇူလိုင္ ၂ရက္)တြင္ အသိေပးတိုက္တြန္းထားသည္။
အဆိုပါ အေဆာက္အအုံဆိုင္ရာ စံခ်ိန္စံၫႊန္းလမ္းၫႊန္ခ်က္မ်ား-၂၀၂၅ တို႔ကို ရည္ၫႊန္းကိုးကား လိုက္နာရန္အတြက္ အဂၤလိပ္ဘာသာ၊ ျမန္မာဘာသာျဖင့္ ပုံႏွိပ္ထားရွိၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ ၿပီးခဲ့သည့္ ဇူလိုင္လ (၁)ရက္ေန႔မွ စတင္၍ အေဆာက္အအုံတည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ လိုက္နာေဆာင္႐ြက္ေစေရးကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး႐ုံးမွ ဇြန္လ (၃၀)ရက္က ၫႊန္ၾကားခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီတြင္ မွတ္ပုံတင္ထားေသာ လက္မွတ္ရ အင္ဂ်င္နီယာမ်ားအားလုံးအေနျဖင့္ ဇူလိုင္လ (၁)ရက္ေန႔မွ စတင္၍ Myanmar National Building Code-2025 ကို အေဆာက္အအုံတည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ လိုက္နာက်င့္သုံးၾကပါရန္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီက အသိေပးေၾကညာထားသည္။
အဆိုပါ Myanmar National Building Code တြင္ အေဆာက္အအုံမ်ားအား ေရႀကီးမႈဒဏ္၊ ေလျပင္းတိုက္ခတ္မႈဒဏ္၊ ေျမၿပိဳမႈဒဏ္၊ ေျမငလ်င္ဒဏ္အစရွိသည့္ ေဘးအႏၲရာယ္မ်ားခံႏိုင္ရည္ရွိရန္ ဒီဇိုင္းျပဳတည္ေဆာက္ရမည့္စံႏႈန္းမ်ားကို သတ္မွတ္ထားၿပီး လိုအပ္သည့္ အခ်က္အလက္မ်ား၊ သဘာဝအႏၲရာယ္ျပေျမပုံအစရွိသည္တို႔ကို ထည့္သြင္းထားေၾကာင္းသိရသည္။
ထို႔ျပင္ မီးေဘးႏွင့္ အျခားေဘးအမ်ိဳးမ်ိဳးမွလြတ္ကင္းရန္ ထြက္ေပါက္မ်ား၊ အေရးေပၚေလွကားမ်ား အစရွိသည္တို႔ကို မျဖစ္မေနထည့္သြင္းစီစဥ္ရန္လည္း သတ္မွတ္ထားေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕ရွိ (၁၂)ထပ္ႏွင့္အထက္ အေဆာက္အဦႏွင့္ ကြန္ဒိုမ်ားကို Myanmar National Building Codeျဖင့္ တည္ေဆာက္ထားပါက ငလ်င္ဒဏ္ကိုခံႏိုင္ရည္ရွိေၾကာင္း ဝါရင့္ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာဆိုခဲ့ဖူးသည္။

Related news

© 2021. All rights reserved.