ဗုဒ္ဓဂါယာဘုရားဖူးလုပ်ငန်းများ ဇူလိုင်လအတွင်း နောက်ဆုံးထားမှတ်ပုံပြန်တင်ရမည်

142

NP News ဇူလိုင်(၄)ရက်
ဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်မယ့် ခရီးသွားကုမ္ပဏီများ ဇူလိုင်စတုတ္ထပတ်နောက်ဆုံးထားမှတ်ပုံတင်လျှောက်ထားသွားရမည်ဖြစ်ကြောင်း ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီ မှ သိရသည်။
၂၀၂၅-၂၀၂၆ ဗုဒ္ဓဂယာဘုရားဖူးခရီးသွားရာသီ မှာ ဘုရားဖူးပို့ဆောင်မယ့် ခရီးသွားကုမ္ပဏီ အဟောင်း ၊ အသစ် အားလုံး မှတ်ပုံတင်စာရင်းပေးသွင်းရမည်ဖြစ်သည်။
" ဗုဒ္ဒဂယာ ကို အောက်တိုဘာ ကနေ ဧပြီ လတွေ မှာ အများဆုံးသွားလာကြပါတယ်။ ဒါက သူတို့ နိုင်ငံရဲ့ ရာသီဥတုချိန်ခါရယ် ၊ ၁၀ လပိုင်းလောက်က သွားလာလို့ ကောင်းတဲ့ အချိန်မို့သွားကြတာများပါတယ်လို့ " မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း က ပြောသည်။
ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ရန်နှင့်ပတ်သက်ပြီး ၊ ဇူလိုင် ၁ ရက်က စတင်ကာ ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီထံသို့ မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ပြီး ၊ ဇူလိုင် ၂၁ ရက် တွင် နောက်ဆုံးပေးသွင်းရမည်ဖြစ်သည်။
မှတ်ပုံတင်ကြေး အနေဖြင့် ကျပ် တစ်သိန်း ၊နှစ်စဉ်ကြေး တစ်သိန်း သတ်မှတ်ထားကြောင်းသိရသည်။
မှတ်ပုံတင်စာရင်းပေးသွင်းမည့် သူများသည် အဖွဲ့ဝင်အဖြစ်လျှောက်ထားလွှာ ၊ ကိုယ်ရေးအကျဉ်းချုပ်၊သက်တမ်းရှိ ကုမ္ပဏီလိုင်စင်၊ သက်တမ်းရှိ ကုမ္ပဏီအနှစ်ချုပ် ၊သက်တမ်းရှိ ပြည်တွင်း/ပြည်ဝင် (Inbound Tour) လိုင်စင် ၊ သက်တမ်းရှိ ပြည်ပ လိုင်စင် ၊ MD လျှောက်ထားသူမှတ်ပုံတင် နှင့်၊ MD လျှောက်ထားသူ ၏ ၂ လက်မပတ်လည် ၊ နောက်ခံအဖြူရောင် ကာလာဓါတ်ပုံစသည်များ နှင့် အတူသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ) မှာလျှောက်ထားကြောင်းသိရသည်။

Zawgyi Version:
ဗုဒၶဂါယာဘုရားဖူးလုပ္ငန္းမ်ား ဇူလိုင္လအတြင္း ေနာက္ဆုံးထားမွတ္ပုံျပန္တင္ရမည္
NP News ဇူလိုင္(၄)ရက္
ဗုဒၶဂယာဘုရားဖူးပို႔ေဆာင္မယ့္ ခရီးသြားကုမၸဏီမ်ား ဇူလိုင္စတုတၳပတ္ေနာက္ဆုံးထားမွတ္ပုံတင္ေလွ်ာက္ထားသြားရမည္ျဖစ္ေၾကာင္း ဗုဒၶဂယာဘုရားဖူးေစလႊတ္ေရးလုပ္ငန္းေကာ္မတီ မွ သိရသည္။
၂၀၂၅-၂၀၂၆ ဗုဒၶဂယာဘုရားဖူးခရီးသြားရာသီ မွာ ဘုရားဖူးပို႔ေဆာင္မယ့္ ခရီးသြားကုမၸဏီ အေဟာင္း ၊ အသစ္ အားလုံး မွတ္ပုံတင္စာရင္းေပးသြင္းရမည္ျဖစ္သည္။
" ဗုဒၵဂယာ ကို ေအာက္တိုဘာ ကေန ဧၿပီ လေတြ မွာ အမ်ားဆုံးသြားလာၾကပါတယ္။ ဒါက သူတို႔ ႏိုင္ငံရဲ႕ ရာသီဥတုခ်ိန္ခါရယ္ ၊ ၁၀ လပိုင္းေလာက္က သြားလာလို႔ ေကာင္းတဲ့ အခ်ိန္မို႔သြားၾကတာမ်ားပါတယ္လို႔ " ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း က ေျပာသည္။
ကုမၸဏီမ်ားအေနျဖင့္ မွတ္ပုံတင္ရန္ႏွင့္ပတ္သက္ၿပီး ၊ ဇူလိုင္ ၁ ရက္က စတင္ကာ ဗုဒၶဂယာဘုရားဖူးေစလႊတ္ေရးလုပ္ငန္းေကာ္မတီထံသို႔ မွတ္ပုံတင္စာရင္း ေပးသြင္းႏိုင္ၿပီး ၊ ဇူလိုင္ ၂၁ ရက္ တြင္ ေနာက္ဆုံးေပးသြင္းရမည္ျဖစ္သည္။
မွတ္ပုံတင္ေၾကး အေနျဖင့္ က်ပ္ တစ္သိန္း ၊ႏွစ္စဥ္ေၾကး တစ္သိန္း သတ္မွတ္ထားေၾကာင္းသိရသည္။
မွတ္ပုံတင္စာရင္းေပးသြင္းမည့္ သူမ်ားသည္ အဖြဲ႕ဝင္အျဖစ္ေလွ်ာက္ထားလႊာ ၊ ကိုယ္ေရးအက်ဥ္းခ်ဳပ္၊သက္တမ္းရွိ ကုမၸဏီလိုင္စင္၊ သက္တမ္းရွိ ကုမၸဏီအႏွစ္ခ်ဳပ္ ၊သက္တမ္းရွိ ျပည္တြင္း/ျပည္ဝင္ (Inbound Tour) လိုင္စင္ ၊ သက္တမ္းရွိ ျပည္ပ လိုင္စင္ ၊ MD ေလွ်ာက္ထားသူမွတ္ပုံတင္ ႏွင့္၊ MD ေလွ်ာက္ထားသူ ၏ ၂ လက္မပတ္လည္ ၊ ေနာက္ခံအျဖဴေရာင္ ကာလာဓါတ္ပုံစသည္မ်ား ႏွင့္ အတူသာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန(ရန္ကုန္႐ုံးခြဲ) မွာေလွ်ာက္ထားေၾကာင္းသိရသည္။