လောက်ကိုင်တွင် ရေလှောင်တမံကျိုးကျ၍ (၃)ဦး သေဆုံးကာ ထိခိုက်ပျက်စီးမှုများပြား

760

သန့်ဇင်(NP News)ဇူလိုင် ၅
ရှမ်းပြည်နယ်၊ အထူးဒေသ(၁) လောက်ကိုင်၊ ကျင်းရှမ်ချိန်(Jin Xiang Cheng)မြို့နယ်၊ ဆီအောကျေးရွာအထက်ပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်က (၃)ရက်၊ မွန်းလွဲပိုင်းက ရေလှောင်တမံကျိုးကျမှုကြောင့် လူ(၃)ဦးသေဆုံးကာ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြရေး သားချက်အရ သိရသည်။
အဆိုပါ ရေလှောင်တမံကျိုးကျမှုကြောင့် ဆီအောကျေးရွာအတွင်းရှိ လယ်ကွင်းများနှင့် မြစ်ကမ်းဘေးရှိ အိမ်များရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး
တဲအိမ်တစ်လုံးအတွင်းနေထိုင်သည့် လင်မယား(၂)ဦးနှင့် မြေးဖြစ်သူတို့ ရေးစီးနှင့်မျောပါ သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ (၃)ဦး၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကာ လောက်ကိုင်မြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲပြီး ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများနှင့် နေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ရေဘေးသင့်ပြည်သူများစွာရှိခဲ့ကြောင်း သိရသည်။
အဆိုပါရေလှောင်ကန်မပျိုကျမီ ရက်ပိုင်းကလည်း ယင်းဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းစိုက်ခင်းများစွာ ပျက်စီးခဲ့ ရကြောင်း ဒေသတွင်းမီဒီယာတစ်ခု၏ ဖော်ပြရေးသားချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မိုးရွာသွန်းမှုကြောင့် ကွမ်းလုံမြို့၊ ဖောင်ဆိပ်တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားကာ ပျက်စီး ထိခိုက်မှု အချို့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့တွင်လည်း ပြီးခဲ့သည့် ဇူလိုင် ၃ရက်က ရေကြီးရေလျှံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတူ မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်လည်း ဇူလိုင် ၄ ရက်၊ နံနက်ပိုင်းကလည်း မိုးသည်း ထန်စွာရွာသွန်းမှု ကြောင့် တောင်ကျရေများစီးဆင်းကာ ပုန်းထွန်၊တံတား (၁) ၊ တာလော့ ၊မာကာဟိုခမ်း ၊ ဆန်ဆိုင်း၊ မဲခေါင်စသည့် ရပ်ကွက်များပေါ် တွေရေ ကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေလာက္ကိုင္တြင္ ေရေလွာင္တမံက်ိဳးက်၍ (၃)ဦး ေသဆုံးကာ ထိခိုက္ပ်က္စီးမႈမ်ားျပား
သန႔္ဇင္(NP News)ဇူလိုင္ ၅
ရွမ္းျပည္နယ္၊ အထူးေဒသ(၁) ေလာက္ကိုင္၊ က်င္းရွမ္ခ်ိန္(Jin Xiang Cheng)ၿမိဳ႕နယ္၊ ဆီေအာေက်း႐ြာအထက္ပိုင္းတြင္ ၿပီးခဲ့သည့္ ဇူလိုင္က (၃)ရက္၊ မြန္းလြဲပိုင္းက ေရေလွာင္တမံက်ိဳးက်မႈေၾကာင့္ လူ(၃)ဦးေသဆုံးကာ ထိခိုက္ပ်က္စီးမႈမ်ားျပားခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ ေဖာ္ျပေရး သားခ်က္အရ သိရသည္။
အဆိုပါ ေရေလွာင္တမံက်ိဳးက်မႈေၾကာင့္ ဆီေအာေက်း႐ြာအတြင္းရွိ လယ္ကြင္းမ်ားႏွင့္ ျမစ္ကမ္းေဘးရွိ အိမ္မ်ားေရလႊမ္းမိုးမႈျဖစ္ပြားခဲ့ၿပီး
တဲအိမ္တစ္လုံးအတြင္းေနထိုင္သည့္ လင္မယား(၂)ဦးႏွင့္ ေျမးျဖစ္သူတို႔ ေရးစီးႏွင့္ေမ်ာပါ ေသဆုံးခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ေသဆုံးသူ (၃)ဦး၏ အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ကာ ေလာက္ကိုင္ၿမိဳ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲၿပီး ေရႀကီးေရလွ်ံမႈေၾကာင့္ စိုက္ခင္းမ်ားႏွင့္ ေနအိမ္မ်ားစြာပ်က္စီးဆုံးရႈံးခဲ့ရသည့္အျပင္ ေရေဘးသင့္ျပည္သူမ်ားစြာရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါေရေလွာင္ကန္မပ်ိဳက်မီ ရက္ပိုင္းကလည္း ယင္းေဒသ၌ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေဒသတြင္းစိုက္ခင္းမ်ားစြာ ပ်က္စီးခဲ့ ရေၾကာင္း ေဒသတြင္းမီဒီယာတစ္ခု၏ ေဖာ္ျပေရးသားခ်က္အရ သိရသည္။
အလားတူ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း မိုး႐ြာသြန္းမႈေၾကာင့္ ကြမ္းလုံၿမိဳ႕၊ ေဖာင္ဆိပ္တြင္လည္း ေရႀကီးေရလွ်ံမႈျဖစ္ပြားကာ ပ်က္စီး ထိခိုက္မႈ အခ်ိဳ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာ-တ႐ုတ္နယ္စပ္၊ မူဆယ္ၿမိဳ႕နယ္၊ က်င္စန္းေက်ာ့တြင္လည္း ၿပီးခဲ့သည့္ ဇူလိုင္ ၃ရက္က ေရႀကီးေရလွ်ံျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ျမန္မာ-ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္လည္း ဇူလိုင္ ၄ ရက္၊ နံနက္ပိုင္းကလည္း မိုးသည္း ထန္စြာ႐ြာသြန္းမႈ ေၾကာင့္ ေတာင္က်ေရမ်ားစီးဆင္းကာ ပုန္းထြန္၊တံတား (၁) ၊ တာေလာ့ ၊မာကာဟိုခမ္း ၊ ဆန္ဆိုင္း၊ မဲေခါင္စသည့္ ရပ္ကြက္မ်ားေပၚ ေတြေရ ႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။