ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်များ အကြားမှာပင် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်

1298

သုတကျော် (NP News)- ဇူလိုင် ၅
အနာဂတ်တွင် ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်များအကြားမှာပင် တိုက်ပွဲများထပ်မံ ဖြစ်ပွားနိုင်ကြောင်း ချင်းပြည်နယ်မှ သတင်းရင်းမြစ် တစ်ဦးက NP News သို့ သုံးသပ် ပြောကြားသည်။
ချင်းပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့များအဖြစ် CNF/CNA အဖွဲ့ ၊ CDF အမည်ခံ ဒေသအလိုက်အဖွဲ့များ၊ ချင်းညီနောင်အဖွဲ့ဟုခေါ်သော ချင်းလက်နက်ကိုင်အချို့ စုပေါင်းထားသည့် CB အဖွဲ့၊ အခြားလက်နက်ကိုင် အဖွဲ့ငယ် အချို့တို့ သာမက AA ကလည်း ချင်းပြည်နယ်မှ ဒေသအချို့ တွင် ရှိနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ထိန်းချုပ်နယ်မြေ အငြင်းပွားကာ CNDF နှင့် CDF – Hualngoram တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းမတိုင်မီကလည်း ချင်းလက်နက်ကိုင်များအကြားတွင် ပွတ်တိုက်မှုများ ဖြစ် ပေါ်ခဲ့ပြီး အပြန်အလှန်လူဖမ်းသောဖြစ်စဉ် အချို့ လည်းရှိခဲ့သည်။
‘’ချင်းအနေအထားကမှာ (၂၀၂၁) နောက်ပိုင်း CDF တွေ ပေါ်လာတယ်။ CDF သည် တနည်းအားဖြင့် CNF က လေ့ကျင့်ပေးတဲ့သူတွေပေါ့။ နောက်ပိုင်းမှာ CNDF ပေါ်လာတာပေါ့။ မတူပီ ဆိုရင်သူတို့အပြော တပ်မဟာ (၂)ခုရှိတယ်။ တပ်မဟာ (၂) သည် CNF ကို ထောက်ခံတဲ့ အဖွဲ့ပေါ့။ CNF ကို မဝင်ပဲ CDF ဆိုပြီး လုပ်ကြတာပေါ့။ တပ်မဟာ(၁)သည် CNF ကို လက်မခံတဲ့ အဖွဲ့။ အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ လက်မခံတဲ့ အဖွဲ့ တချို့က CB ဆိုပြီး ဖြစ်သွားတယ်။ မင်းတပ်မှာ ဆိုရင် CB တွေသည် AA မဟာမိတ်။ အခုဖြစ်တဲ့ CDF ဆိုတာက CDF နာမည်ပါတာ အများစုသည် CNF လက်အောက်ခံပေါ့။ သူ့ဂိတ် ငါ့ဂိတ်ဖြစ် ရင်းပစ်ကြတယ်လို့ အကြမ်းဖျင်းကြားတယ်။ အချင်းချင်း ဒရုန်းတွေနဲ့ပစ်ကြတယ် ပြောတယ်။ ဖြစ်တာက မြို့နယ်တိုင်းမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ယခင်က လက်နက်ကိုင်နိုင်သူကို ဆရာ တင်ကြသော်လည်း အားလုံးက လက်နက်ကိုင်လာ သည့်အခါ အင်အားနည်းလျှင် ခံရမည် ဖြစ်သော ကြောင့် မခံလိုလျှင် ဦးအောင်ချ ဆိုသော အခြေအနေ ဖြစ်လာကြောင်းလည်း ၎င်းက သုံးသပ်သည်။
“မင်းတပ်မှာလည်း တစ်ခါ ဖမ်းသွားတယ်။ တောင်ပိုင်းမှာက CB အားကောင်းသလို ဖြစ်နေတာပေါ့။ CB ဆိုတာက AA လက်အောက်ခံပေါ့ဗျာ မဟာမိတ် ဖြစ်သွားတာပေါ့။ မြောက်ပိုင်းမှာကတော့ CNA ဆို မြောက်ပိုင်းသားထောင်တဲ့ တပ် ဖြစ်နေတာ ပေါ့။ ဖလမ်းကတော့ မြောက်ပိုင်းလေ ဒါပေမယ့် ထူးထူးခြားခြားတောင်ပိုင်းနဲ့ မဟာမိတ် ဖွဲ့ပြီးတော့ ဦးဆောင်မှု အခန်းကဏ္ဍ ယူနေတယ် ပြောရမှာပေါ့” ဟု ၎င်းက ဆိုသည်။
မတူပီမြို့နယ်ဆိုလျှင် အဓိကနှစ်ဖွဲ့ ကွဲ သည်သာမက တစ်မြို့နယ်အတွင်းမှာပင် ချင်းလက် နက်ကိုင်(၄)ဖွဲ့ရှိကြောင်း ၎င်းကဆိုသည်။
‘အဝေးကြီးမကြည့်နဲ့ မတူပီဆို လေးဖွဲ့လေ။ တပ်မဟာ(၁)သည် CB နဲ့ ပေါင်းတယ်။ တပ်မဟာ (၂)သည် CNF နဲ့ ပေါင်း တယ်။ မတူပီ ထဲမှာတင် MDF ဆိုတာ ရှိတယ်။ MDF ဆိုတာ မရာ လက်နက်ကိုင် အဖွဲ့ပေါ့။ မရာ မှာ (၂)ဖွဲ့ဖြစ်တယ်။ အချင်းချင်း ချတယ်။ တစ်ဖွဲ့က CNF အားကို ယူတယ်။ တစ်ဖွဲ့ က AA အားကို ယူတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ခ်င္းျပည္နယ္အတြင္းက လက္နက္ကိုင္မ်ား အၾကားမွာပင္ တိုက္ပြဲမ်ား ထပ္မံ ျဖစ္ပြားႏိုင္
သုတေက်ာ္ (NP News)- ဇူလိုင္ ၅
အနာဂတ္တြင္ ခ်င္းျပည္နယ္အတြင္းက လက္နက္ကိုင္မ်ားအၾကားမွာပင္ တိုက္ပြဲမ်ားထပ္မံ ျဖစ္ပြားႏိုင္ေၾကာင္း ခ်င္းျပည္နယ္မွ သတင္းရင္းျမစ္ တစ္ဦးက NP News သို႔ သုံးသပ္ ေျပာၾကားသည္။
ခ်င္းျပည္နယ္တြင္ လက္နက္ကိုင္အဖြဲ႕မ်ားအျဖစ္ CNF/CNA အဖြဲ႕ ၊ CDF အမည္ခံ ေဒသအလိုက္အဖြဲ႕မ်ား၊ ခ်င္းညီေနာင္အဖြဲ႕ဟုေခၚေသာ ခ်င္းလက္နက္ကိုင္အခ်ိဳ႕ စုေပါင္းထားသည့္ CB အဖြဲ႕၊ အျခားလက္နက္ကိုင္ အဖြဲ႕ငယ္ အခ်ိဳ႕တို႔ သာမက AA ကလည္း ခ်င္းျပည္နယ္မွ ေဒသအခ်ိဳ႕ တြင္ ရွိေနျခင္း ျဖစ္သည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္အတြင္း ထိန္းခ်ဳပ္နယ္ေျမ အျငင္းပြားကာ CNDF ႏွင့္ CDF – Hualngoram တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ယင္းမတိုင္မီကလည္း ခ်င္းလက္နက္ကိုင္မ်ားအၾကားတြင္ ပြတ္တိုက္မႈမ်ား ျဖစ္ ေပၚခဲ့ၿပီး အျပန္အလွန္လူဖမ္းေသာျဖစ္စဥ္ အခ်ိဳ႕ လည္းရွိခဲ့သည္။
‘’ခ်င္းအေနအထားကမွာ (၂၀၂၁) ေနာက္ပိုင္း CDF ေတြ ေပၚလာတယ္။ CDF သည္ တနည္းအားျဖင့္ CNF က ေလ့က်င့္ေပးတဲ့သူေတြေပါ့။ ေနာက္ပိုင္းမွာ CNDF ေပၚလာတာေပါ့။ မတူပီ ဆိုရင္သူတို႔အေျပာ တပ္မဟာ (၂)ခုရွိတယ္။ တပ္မဟာ (၂) သည္ CNF ကို ေထာက္ခံတဲ့ အဖြဲ႕ေပါ့။ CNF ကို မဝင္ပဲ CDF ဆိုၿပီး လုပ္ၾကတာေပါ့။ တပ္မဟာ(၁)သည္ CNF ကို လက္မခံတဲ့ အဖြဲ႕။ အဲဒီေတာ့ ဘာျဖစ္လဲ ဆိုေတာ့ လက္မခံတဲ့ အဖြဲ႕ တခ်ိဳ႕က CB ဆိုၿပီး ျဖစ္သြားတယ္။ မင္းတပ္မွာ ဆိုရင္ CB ေတြသည္ AA မဟာမိတ္။ အခုျဖစ္တဲ့ CDF ဆိုတာက CDF နာမည္ပါတာ အမ်ားစုသည္ CNF လက္ေအာက္ခံေပါ့။ သူ႔ဂိတ္ ငါ့ဂိတ္ျဖစ္ ရင္းပစ္ၾကတယ္လို႔ အၾကမ္းဖ်င္းၾကားတယ္။ အခ်င္းခ်င္း ဒ႐ုန္းေတြနဲ႔ပစ္ၾကတယ္ ေျပာတယ္။ ျဖစ္တာက ၿမိဳ႕နယ္တိုင္းမွာ ျဖစ္တယ္” ဟု ၎က ဆိုသည္။
ယခင္က လက္နက္ကိုင္ႏိုင္သူကို ဆရာ တင္ၾကေသာ္လည္း အားလုံးက လက္နက္ကိုင္လာ သည့္အခါ အင္အားနည္းလွ်င္ ခံရမည္ ျဖစ္ေသာ ေၾကာင့္ မခံလိုလွ်င္ ဦးေအာင္ခ် ဆိုေသာ အေျခအေန ျဖစ္လာေၾကာင္းလည္း ၎က သုံးသပ္သည္။
“မင္းတပ္မွာလည္း တစ္ခါ ဖမ္းသြားတယ္။ ေတာင္ပိုင္းမွာက CB အားေကာင္းသလို ျဖစ္ေနတာေပါ့။ CB ဆိုတာက AA လက္ေအာက္ခံေပါ့ဗ်ာ မဟာမိတ္ ျဖစ္သြားတာေပါ့။ ေျမာက္ပိုင္းမွာကေတာ့ CNA ဆို ေျမာက္ပိုင္းသားေထာင္တဲ့ တပ္ ျဖစ္ေနတာ ေပါ့။ ဖလမ္းကေတာ့ ေျမာက္ပိုင္းေလ ဒါေပမယ့္ ထူးထူးျခားျခားေတာင္ပိုင္းနဲ႔ မဟာမိတ္ ဖြဲ႕ၿပီးေတာ့ ဦးေဆာင္မႈ အခန္းက႑ ယူေနတယ္ ေျပာရမွာေပါ့” ဟု ၎က ဆိုသည္။
မတူပီၿမိဳ႕နယ္ဆိုလွ်င္ အဓိကႏွစ္ဖြဲ႕ ကြဲ သည္သာမက တစ္ၿမိဳ႕နယ္အတြင္းမွာပင္ ခ်င္းလက္ နက္ကိုင္(၄)ဖြဲ႕ရွိေၾကာင္း ၎ကဆိုသည္။
‘အေဝးႀကီးမၾကည့္နဲ႔ မတူပီဆို ေလးဖြဲ႕ေလ။ တပ္မဟာ(၁)သည္ CB နဲ႔ ေပါင္းတယ္။ တပ္မဟာ (၂)သည္ CNF နဲ႔ ေပါင္း တယ္။ မတူပီ ထဲမွာတင္ MDF ဆိုတာ ရွိတယ္။ MDF ဆိုတာ မရာ လက္နက္ကိုင္ အဖြဲ႕ေပါ့။ မရာ မွာ (၂)ဖြဲ႕ျဖစ္တယ္။ အခ်င္းခ်င္း ခ်တယ္။ တစ္ဖြဲ႕က CNF အားကို ယူတယ္။ တစ္ဖြဲ႕ က AA အားကို ယူတယ္” ဟု ၎က ေျပာသည္။