အရင်းမပျောက်မတည်ငွေအဖြစ် (၇၆၇) ဘီလီဘံကျပ်ခန့်အထိ ထုတ်ချေးပေးထား

161

(NP News)- ဇူလိုင် ၅ ရက်
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် နွေစပါး၊ မိုးစပါးအစီအစဉ်အဖြစ် ငွေကျေပ် (၇၆၇) ဒသမ (၀၅၄)ဘီလီယံကို တောင်သူတွေဆီ အရင်းမပျောက် မတည်ငွေအဖြစ် ပံ့ပိုးပေးပြီးဖြစ်ကြောင်း
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေး က သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ရဲ့ (၁/၂၀၂၅) အစည်းအဝေးကိုဇူလိုင် (၄) ရက်မှာ နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ မှာ ကျင်းပခဲ့ခြင်းဖြစ်သည်။
" တောင်သူတွေဆီ ပံ့ပိုးတာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့တွေ က ကြီးကြပ်ကာ တောင်သူလယ်သမား အစုအဖွဲ့ သမဝါယမအသင်းတွေ၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူတွေ ပါဝင်တဲ့ အစုအဖွဲ့တွေ နဲ့ သွင်းအားစု ရောင်းချသူတွေ အစုအဖွဲ့တွေ က အဓိကပါဝင် ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာပြောကြားခဲ့သည်။
အခြားသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း စတဲ့ အသင်းများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်းသိရသည်။
နွေစပါး၊ မိုးစပါးအစီအစဉ်အဖြစ် မတည်ငွေကျပ် (၂၃၀) ဘီလီယံအပေါ်မှာ စုစုပေါင်းကျပ် (၇၆၇) ဒသမ (၀၅၄) ဘီလီယံကို တောင်သူကို အရင်းမပျောက် မတည်ငွေအဖြစ် ပံ့ပိုးပေးထားခြင်းဖြစ်သည်။
အလားတူ တောင်သူများအတွက် ဆီထွက်သီးနှံ နှင့် ပတ်သတ်ပြီး ပံ့ပိုးကူညီတာတွေဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Zawgyi Version:
အရင္းမေပ်ာက္မတည္ေငြအျဖစ္ ၇၆၇ ဘီလီဘံက်ပ္ ခန႔္အထိထုတ္ေခ်းေပးထား
(NP News)- ဇူလိုင္ ၅ ရက္
ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး ရန္ပုံေငြႏွင့္ ေႏြစပါး၊ မိုးစပါးအစီအစဥ္အျဖစ္ ေငြေက်ပ္ (၇၆၇) ဒသမ (၀၅၄)ဘီလီယံကို ေတာင္သူေတြဆီ အရင္းမေပ်ာက္ မတည္ေငြအျဖစ္ ပံ့ပိုးေပးၿပီးျဖစ္ေၾကာင္း
စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း ႀကီးၾကပ္မႈေကာ္မတီ အစည္းအေဝး က သိရသည္။
ႏိုင္ငံ့စီးပြားျမႇင့္တင္ေရး ရန္ပုံေငြ ျဖင့္ ေဆာင္႐ြက္သည့္ ျပည္ေထာင္စုအဆင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း ႀကီးၾကပ္မႈေကာ္မတီ ရဲ႕ (၁/၂၀၂၅) အစည္းအေဝးကိုဇူလိုင္ (၄) ရက္မွာ ေနျပည္ေတာ္ရွိ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံး စုေဝးေဆာင္ခန္းမ မွာ က်င္းပခဲ့ျခင္းျဖစ္သည္။
" ေတာင္သူေတြဆီ ပံ့ပိုးတာမွာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက တာဝန္ယူႀကီးၾကပ္ၿပီး သက္ဆိုင္ရာ တိုင္းေဒသႀကီး ျပည္နယ္အစိုးရ အဖြဲ႕ေတြ က ႀကီးၾကပ္ကာ ေတာင္သူလယ္သမား အစုအဖြဲ႕ သမဝါယမအသင္းေတြ၊ ဝယ္ယူ၊ ႀကိတ္ခြဲ၊ တင္ပို႔သူေတြ ပါဝင္တဲ့ အစုအဖြဲ႕ေတြ နဲ႔ သြင္းအားစု ေရာင္းခ်သူေတြ အစုအဖြဲ႕ေတြ က အဓိကပါဝင္ ေဆာင္႐ြက္ေပးၾကတာျဖစ္ပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးက အစည္းအေဝးမွာေျပာၾကားခဲ့သည္။
အျခားေသာ သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ ႏွမ္းကုန္သည္မ်ားအသင္း၊ ျမန္မာႏိုင္ငံ ေျမဩဇာ၊ မ်ိဳးေစ့ႏွင့္ စိုက္ပ်ိဳးေရးေဆးလုပ္ငန္းရွင္မ်ား၊ ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ား အသင္း စတဲ့ အသင္းမ်ားကလည္း ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
ေႏြစပါး၊ မိုးစပါးအစီအစဥ္အျဖစ္ မတည္ေငြက်ပ္ (၂၃၀) ဘီလီယံအေပၚမွာ စုစုေပါင္းက်ပ္ (၇၆၇) ဒသမ (၀၅၄) ဘီလီယံကို ေတာင္သူကို အရင္းမေပ်ာက္ မတည္ေငြအျဖစ္ ပံ့ပိုးေပးထားျခင္းျဖစ္သည္။
အလားတူ ေတာင္သူမ်ားအတြက္ ဆီထြက္သီးႏွံ ႏွင့္ ပတ္သတ္ၿပီး ပံ့ပိုးကူညီတာေတြေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။