ဖားကန့်ဒေသတွင် ပြည်သူအချို့ ပဟေဠိဆန်ဆန် လက်သည်မပေါ်ဘဲ ပစ်သတ်ခံနေရ

 385

သက်ပိုင် (NP News) - ဇူလိုင် ၆
ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းတွင် ပြည်သူအချို့ပဟေဠိဆန်ဆန် လက်သည်မပေါ် ဘဲ ပစ်သတ်ခံနေရမှုများမှာ နေ့စဉ်ရက်ဆက်ဆိုသကဲ့သို့ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက NP News သို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ(၁)ရက်မှစတင်ကာ လုံးခင်းကျေးရွာအုပ်စုတွင် သေဆုံးသူ(၃၀) ကျော်ခန့် ရှိနေပြီဖြစ် ကြောင်း နှင့် သေဆုံးသူအားလုံးမှာ သေနတ်ဒဏ်ရာများဖြင့်သေဆုံးခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခဲ့သည့် တရားခံကိုမူ ယခုအချိန်အထိ ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
“တချို့လူတွေက ဒီသေဆုံးသူတွေဟာ တပ်ကပစ်လို့ သေတယ်ဆိုပြီး ပြောဆိုကြတာတွေကို လိုင်းပေါ်မှာ လည်း အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ သူတို့မသိတာက ဒီသေဆုံးသူတွေကို သေနတ်နဲ့လာပစ်တာက ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ဆိုတာပဲ။ သေတဲ့သူတော်တော်များများကို ဒီဆိုင်ကယ် စီးတဲ့သူတွေပဲ လိုက်ပစ်နေတာ” ဟု ၎င်းက ပြောသည်။
သေဆုံးသူအများစုမှာ အိမ်ခြေမဲ့များဖြစ်သည့်အပြင် မူးယစ်ဆေးသုံးစွဲသူများဖြစ်နေကြသည်မှာ တူညီသောအချက် ဖြစ်ကြောင်းနှင့်ပစ်ခတ်ခံရသည့် အချိန်မှာ ညအချိန်နှင့် နံနက်ပိုင်း အချိန်များတွင် အများဆုံးတွေ့ရလေ့ရှိကြောင်း ဒေသခံများက ဆို သည်။
“သေနတ်နဲ့အပစ်ခံရပြီးသေတဲ့သူတွေ အားလုံးနီးပါက ဆေးသမားတွေချည်းပဲ။ သူတို့က လမ်းဘေး ဈေးဆိုင်တွေမှာ ညဘက်ခိုကပ်အိပ်နေကြပြီး ဟိုလူခိုင်းတာလုပ်၊ ဒီလူခိုင်းတာလုပ်၊ ပြီးရင် ဆေးချတဲ့လူတွေများ တယ်။ မနက်ဆိုရင် သူတို့ကို သေနတ်ဒဏ်ရာနဲ့သေတာ၊ ဒဏ်ရာရတာတွေကို နေ့တိုင်းနီးပါး ကြားနေမြင်နေ ကြရတာ” ဟု အမည်မဖော်လိုသည့် လုံးခင်းဒေသခံတစ်ဦးက ရှင်းပြသည်။
တပ်မတော်စစ်ကြောင်း ဖားကန့်ဒေသသို့ မေလ (၂၇) ရက်က ရောက်ရှိခဲ့ပြီးနောက် KIA အဖွဲ့က ဇွန်လ (၁) ရက်မှစတင်ကာ ဖားကန့်ဒေသတွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည် ထိုသို့ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက် လုံးခင်းကျေးရွာအုပ်စုအတွင်း နေ့စဉ်ရက်ဆက်ဆိုသကဲ့သို့ သေနတ်ဒဏ်ရာဖြင့် သေဆုံး၊ ဒဏ်ရာရသူများကို တွေ့ရှိလာခဲ့ခြင်းလည်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version:
ဖားကန႔္ေဒသတြင္ ျပည္သူအခ်ိဳ႕ ပေဟဠိဆန္ဆန္ လက္သည္မေပၚဘဲ ပစ္သတ္ခံေနရ
သက္ပိုင္ (NP News) - ဇူလိုင္ ၆
ကခ်င္ျပည္နယ္ ဖားကန႔္ေဒသ လုံးခင္းေက်း႐ြာအုပ္စုအတြင္းတြင္ ျပည္သူအခ်ိဳ႕ပေဟဠိဆန္ဆန္ လက္သည္မေပၚ ဘဲ ပစ္သတ္ခံေနရမႈမ်ားမွာ ေန႔စဥ္ရက္ဆက္ဆိုသကဲ့သို႔ျဖစ္ပြားလ်က္ရွိေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ ဇြန္လ(၁)ရက္မွစတင္ကာ လုံးခင္းေက်း႐ြာအုပ္စုတြင္ ေသဆုံးသူ(၃၀) ေက်ာ္ခန႔္ ရွိေနၿပီျဖစ္ ေၾကာင္း ႏွင့္ ေသဆုံးသူအားလုံးမွာ ေသနတ္ဒဏ္ရာမ်ားျဖင့္ေသဆုံးခဲ့ျခင္းျဖစ္ၿပီး ပစ္ခတ္ခဲ့သည့္ တရားခံကိုမူ ယခုအခ်ိန္အထိ ေဖာ္ထုတ္အေရးယူႏိုင္ျခင္းမရွိေသးေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ဆိုသည္။
“တခ်ိဳ႕လူေတြက ဒီေသဆုံးသူေတြဟာ တပ္ကပစ္လို႔ ေသတယ္ဆိုၿပီး ေျပာဆိုၾကတာေတြကို လိုင္းေပၚမွာ လည္း အမ်ားႀကီးေတြ႕ေနရတယ္။ ဒါေပမဲ့ သူတို႔မသိတာက ဒီေသဆုံးသူေတြကို ေသနတ္နဲ႔လာပစ္တာက ဆိုင္ကယ္တစ္စီးနဲ႔ လူႏွစ္ေယာက္ဆိုတာပဲ။ ေသတဲ့သူေတာ္ေတာ္မ်ားမ်ားကို ဒီဆိုင္ကယ္ စီးတဲ့သူေတြပဲ လိုက္ပစ္ေနတာ” ဟု ၎က ေျပာသည္။
ေသဆုံးသူအမ်ားစုမွာ အိမ္ေျခမဲ့မ်ားျဖစ္သည့္အျပင္ မူးယစ္ေဆးသုံးစြဲသူမ်ားျဖစ္ေနၾကသည္မွာ တူညီေသာအခ်က္ ျဖစ္ေၾကာင္းႏွင့္ပစ္ခတ္ခံရသည့္ အခ်ိန္မွာ ညအခ်ိန္ႏွင့္ နံနက္ပိုင္း အခ်ိန္မ်ားတြင္ အမ်ားဆုံးေတြ႕ရေလ့ရွိေၾကာင္း ေဒသခံမ်ားက ဆို သည္။
“ေသနတ္နဲ႔အပစ္ခံရၿပီးေသတဲ့သူေတြ အားလုံးနီးပါက ေဆးသမားေတြခ်ည္းပဲ။ သူတို႔က လမ္းေဘး ေဈးဆိုင္ေတြမွာ ညဘက္ခိုကပ္အိပ္ေနၾကၿပီး ဟိုလူခိုင္းတာလုပ္၊ ဒီလူခိုင္းတာလုပ္၊ ၿပီးရင္ ေဆးခ်တဲ့လူေတြမ်ား တယ္။ မနက္ဆိုရင္ သူတို႔ကို ေသနတ္ဒဏ္ရာနဲ႔ေသတာ၊ ဒဏ္ရာရတာေတြကို ေန႔တိုင္းနီးပါး ၾကားေနျမင္ေန ၾကရတာ” ဟု အမည္မေဖာ္လိုသည့္ လုံးခင္းေဒသခံတစ္ဦးက ရွင္းျပသည္။
တပ္မေတာ္စစ္ေၾကာင္း ဖားကန႔္ေဒသသို႔ ေမလ (၂၇) ရက္က ေရာက္ရွိခဲ့ၿပီးေနာက္ KIA အဖြဲ႕က ဇြန္လ (၁) ရက္မွစတင္ကာ ဖားကန႔္ေဒသတြင္ ညမထြက္ရအမိန႔္ထုတ္ျပန္ခဲ့သည္ ထိုသို႔ ညမထြက္ရ အမိန႔္ထုတ္ျပန္ၿပီးေနာက္ လုံးခင္းေက်း႐ြာအုပ္စုအတြင္း ေန႔စဥ္ရက္ဆက္ဆိုသကဲ့သို႔ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံး၊ ဒဏ္ရာရသူမ်ားကို ေတြ႕ရွိလာခဲ့ျခင္းလည္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.