အာတိတ်ဒေသသို့ စစ်သင်္ဘောများဖြန့်ကြက်ချထားမှုကို ဂျာမနီအစိုးရကြေညာ

236

Pika (NP News) - ဇူလိုင် ၆
အာတိတ်ဒေသတွင် ရုရှား၏ စစ်အင်အား တည်ရှိမှုကြီးထွားလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဂျာမနီအစိုးရသည် အာတိတ်ရေပြင်တွင် ကင်းလှည့်ရန် ရေတပ်သင်္ဘောများကို စေလွှတ်သွားမည်ဖြစ် ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတိုးရီးယက်စ်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ရုရှားအစိုးရသည် ၎င်း၏ ကီလိုမီတာ (၂၄၀ဝဝ) ရှည်လျားသည့် အာတိတ်ကမ်းရိုးတန်း တစ်လျှောက် အချုပ်အခြာအာဏာကို ထိပါးလာနိုင်သည့် အလားအလာရှိသော ကျူးကျော်တိုက်ခိုက်မှု များအတွက် သင့်လျော်သောလက်တုံ့ပြန်မှု မဟာဗျူဟာကို အကောင်အထည်ဖော်နေကြောင်း ရုရှား သမ္မတပူတင်က ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဘိုးရစ်ပစ်စတိုးရီးယက်စ်က “ဒီနှစ်မှာပဲ ဂျာမနီဟာ မြောက်အတ္တလန္တိတ်နဲ့ အာတိတ်ဒေသမှာ ၎င်းရဲ့တည်ရှိမှုကို ပြသပါလိမ့်မယ်” ဟု ပြောခဲ့သည်။ “Atlantic Bear” ဟု အမည်ပေးထားသည့် အဆိုပါ ဖြန့်ကြက်ချထားမှုသည် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများတိုးလာနေခြင်းအတွက် လက်တုံ့ပြန်မှု တစ်ခုဖြစ်ကြောင်း ဘိုးရစ်ပစ်စတိုးရီးယက်စ်က ပြောကြားခဲ့သည်။
ထို့ပြင် ဒိန်းမတ်၊ နော်ဝေး နှင့် ကနေဒါနိုင်ငံတို့ အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ပူးတွဲ စစ် ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် ဂျာမနီ ထောက်ပံ့ရေးသင်္ဘောတစ်စင်းသည် အိုက်စလန်နိုင်ငံမှ ဂရင်းလန်းကျွန်းသို့သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကနေဒါကို သွားရောက်မည်ဖြစ်ကြောင်း ဘိုးရစ်ပစ် စတိုးရီးယက်စ်က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
အာတိတ္ေဒသသို႔ စစ္သေဘၤာမ်ားျဖန႔္ၾကက္ခ်ထားမႈကို ဂ်ာမနီအစိုးရေၾကညာ
Pika (NP News) - ဇူလိုင္ ၆
အာတိတ္ေဒသတြင္ ႐ုရွား၏ စစ္အင္အား တည္ရွိမႈႀကီးထြားလာျခင္းကို တုံ႔ျပန္သည့္အေနျဖင့္ ဂ်ာမနီအစိုးရသည္ အာတိတ္ေရျပင္တြင္ ကင္းလွည့္ရန္ ေရတပ္သေဘၤာမ်ားကို ေစလႊတ္သြားမည္ျဖစ္ ေၾကာင္း ဂ်ာမနီကာကြယ္ေရးဝန္ႀကီး ဘိုးရစ္ပစ္စတိုးရီးယက္စ္က ထုတ္ျပန္ေၾကညာခဲ့သည္။
ထို႔ျပင္ ႐ုရွားအစိုးရသည္ ၎၏ ကီလိုမီတာ (၂၄၀ဝဝ) ရွည္လ်ားသည့္ အာတိတ္ကမ္း႐ိုးတန္း တစ္ေလွ်ာက္ အခ်ဳပ္အျခာအာဏာကို ထိပါးလာႏိုင္သည့္ အလားအလာရွိေသာ က်ဴးေက်ာ္တိုက္ခိုက္မႈ မ်ားအတြက္ သင့္ေလ်ာ္ေသာလက္တုံ႔ျပန္မႈ မဟာဗ်ဴဟာကို အေကာင္အထည္ေဖာ္ေနေၾကာင္း ႐ုရွား သမၼတပူတင္က ယခုႏွစ္အေစာပိုင္းတြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
ဘိုးရစ္ပစ္စတိုးရီးယက္စ္က “ဒီႏွစ္မွာပဲ ဂ်ာမနီဟာ ေျမာက္အတၱလႏၲိတ္နဲ႔ အာတိတ္ေဒသမွာ ၎ရဲ႕တည္ရွိမႈကို ျပသပါလိမ့္မယ္” ဟု ေျပာခဲ့သည္။ “Atlantic Bear” ဟု အမည္ေပးထားသည့္ အဆိုပါ ျဖန႔္ၾကက္ခ်ထားမႈသည္ ေရေၾကာင္းဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ားတိုးလာေနျခင္းအတြက္ လက္တုံ႔ျပန္မႈ တစ္ခုျဖစ္ေၾကာင္း ဘိုးရစ္ပစ္စတိုးရီးယက္စ္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ဒိန္းမတ္၊ ေနာ္ေဝး ႏွင့္ ကေနဒါႏိုင္ငံတို႔ အပါအဝင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္ ပူးတြဲ စစ္ ေရးေလ့က်င့္မႈတြင္ ပါဝင္ရန္အတြက္ ဂ်ာမနီ ေထာက္ပံ့ေရးသေဘၤာတစ္စင္းသည္ အိုက္စလန္ႏိုင္ငံမွ ဂရင္းလန္းကြၽန္းသို႔သြားမည္ျဖစ္ၿပီး ေနာက္ပိုင္းတြင္ ကေနဒါကို သြားေရာက္မည္ျဖစ္ေၾကာင္း ဘိုးရစ္ပစ္ စတိုးရီးယက္စ္က ထပ္မံေျပာၾကားခဲ့သည္။