ဟာသ သရုပ်ဆောင်၊ လူရွှင်တော် ငွေတောင် ကွယ်လွန်

 2697

သုတကျော် (NP News) - ဇူလိုင် ၅

လူရွှင်တော်အဖြစ်သာမက ဟာသ သရုပ်ဆောင်အဖြစ်ပါ အောင်မြင်ခဲ့သော ငွေတောင် သည် ယနေ့ (ဇူလိုင်လ ၅) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း ၄င်း၏ သူငယ်ချင်းဖြစ်သော သရုပ်ဆောင် ငွေတိုး က NP News ကို ပြောသည်။

ငွေတောင်သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီးနောက် အင်တာဗျူးတစ်ခုမှတဆင့် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့ရာ အဆိုပါ အင်တာဗျူးအတွင်း အနုပညာလောကသို့ ပြန်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

ယင်းနောက် ဇူလိုင်လ ၅ ရက်တွင် ၄င်းနေထိုင်ရာ ပျဥ်းမနားမြို့နယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူက နဂိုတည်းက ကျန်းမာရေး မကောင်းဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တည်းက ဆိုင်ကယ်မှောက်ပြီးတော့ သတိတွေ ဘာတွေလစ်သွားသေးတယ်။ မှတ်ညာဏ်တွေ ဘာတွေ ထိသွားသေးတယ်။ နေက သိပ်မကောင်းတော့ဘူးလေ။ ဆိုင်ကယ်မှောက်တည်းက" ဟု သရုပ်ဆောင် ငွေတိုး က ဆိုသည်။

Zawgyi Version:
ဟာသ သ႐ုပ္ေဆာင္၊ လူ႐ႊင္ေတာ္ ေငြေတာင္ ကြယ္လြန္
သုတေက်ာ္ (NP News) - ဇူလိုင္ ၅

လူ႐ႊင္ေတာ္အျဖစ္သာမက ဟာသ သ႐ုပ္ေဆာင္အျဖစ္ပါ ေအာင္ျမင္ခဲ့ေသာ ေငြေတာင္ သည္ ယေန႔ (ဇူလိုင္လ ၅) ရက္တြင္ ကြယ္လြန္ခဲ့ေၾကာင္း ၄င္း၏ သူငယ္ခ်င္းျဖစ္ေသာ သ႐ုပ္ေဆာင္ ေငြတိုး က NP News ကို ေျပာသည္။

ေငြေတာင္သည္ လူျမင္ကြင္းမွ ေပ်ာက္ကြယ္ေနခဲ့ၿပီးေနာက္ အင္တာဗ်ဴးတစ္ခုမွတဆင့္ လူျမင္ကြင္းသို႔ ျပန္လည္ထြက္ေပၚလာခဲ့ရာ အဆိုပါ အင္တာဗ်ဴးအတြင္း အႏုပညာေလာကသို႔ ျပန္လာမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ေသးသည္။

ယင္းေနာက္ ဇူလိုင္လ ၅ ရက္တြင္ ၄င္းေနထိုင္ရာ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"သူက နဂိုတည္းက က်န္းမာေရး မေကာင္းဘူး။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္တည္းက ဆိုင္ကယ္ေမွာက္ၿပီးေတာ့ သတိေတြ ဘာေတြလစ္သြားေသးတယ္။ မွတ္ညာဏ္ေတြ ဘာေတြ ထိသြားေသးတယ္။ ေနက သိပ္မေကာင္းေတာ့ဘူးေလ။ ဆိုင္ကယ္ေမွာက္တည္းက" ဟု သ႐ုပ္ေဆာင္ ေငြတိုး က ဆိုသည္။

Related news

© 2021. All rights reserved.