ဘောလိဝုဒ်မင်းသမီး ဒီပီကာ ပါဒါခွန် Hollywood Walk of Fame မှာ ပထမဆုံး ဂုဏ်ထူးဆောင် ကြယ်ပွင့်ရတဲ့ အိန္ဒိယမင်းသမီးဖြစ်လာ

103

ရောင်နီ (NP News) - ဇူလိုင် ၆
အိန္ဒိယသရုပ်ဆောင် မင်းသမီး ဘောလိဝုဒ်မင်းသမီး ဒီပီကာ ပါဒါခွန် ဟာ Hollywood Walk of Fame မှာ ဂုဏ်ထူးဆောင် ကြယ်ပွင့်ရရှိတဲ့ ပထမဆုံး အိန္ဒိယမင်းသမီးအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။
The Hollywood Chamber of Commerce က Class of 2026 ဂုဏ်ထူးဆောင်တွေအတွက် ကြေညာချက်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂ ရက်) မှာ ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပါဒါခွန် ရဲ့ ခင်ပွန်းဖြစ်တဲ့ ဘောလိဝုဒ်မင်းသား ရန်ဗီရာဆင့် က ဇနီးဖြစ်သူရဲ့အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုပေးခဲ့ပါတယ်။ The Hollywood Chamber of Commerce က အမျိုးအစားငါးမျိုး (Motion Picture, ရုပ်မြင်သံကြား၊ ပြဇာတ်၊ အသံသွင်း၊ ဖျော်ဖြေမှု) နဲ့ ရွေးချယ်ထားတဲ့ ဂုဏ်ထူးဆောင် ၃၅ ဦး စာရင်းကို ကြေညာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ မင်းသမီး အမ်မလီဘလန့်၊ ရေချယ်မက်အက်ဒန်စ်၊ ဒီမီမိုရီ နဲ့ ဂေါ်ဒန်ရမ်ဆေ တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
သရုပ်ဆောင် မင်းသမီး ပါဒါခွန်ဟာ ဘောလိဝုဒ်အကျော်အမော် မင်းသား ရှာရွတ်ခမ်းနဲ့ ၂၀၀၇ ခုနှစ်က ပွဲဦးထွက်ဇာတ်ကား Om Shanti Om နဲ့ နာမည် ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူမက "Vin Diesel" "Return Of Xander Cage" ဇာတ်ကားတွေနဲ့ နာမည်ကျော်ခဲ့ပါတယ်။

Zawgyi Version:
ေဘာလိဝုဒ္မင္းသမီး ဒီပီကာ ပါဒါခြန္ Hollywood Walk of Fame မွာ ပထမဆုံး ဂုဏ္ထူးေဆာင္ ၾကယ္ပြင့္ရတဲ့ အိႏၵိယမင္းသမီးျဖစ္လာ
ေရာင္နီ (NP News) - ဇူလိုင္ ၆
အိႏၵိယသ႐ုပ္ေဆာင္ မင္းသမီး ေဘာလိဝုဒ္မင္းသမီး ဒီပီကာ ပါဒါခြန္ ဟာ Hollywood Walk of Fame မွာ ဂုဏ္ထူးေဆာင္ ၾကယ္ပြင့္ရရွိတဲ့ ပထမဆုံး အိႏၵိယမင္းသမီးအျဖစ္ သမိုင္းဝင္ခဲ့ပါတယ္။
The Hollywood Chamber of Commerce က Class of 2026 ဂုဏ္ထူးေဆာင္ေတြအတြက္ ေၾကညာခ်က္ကို ဗုဒၶဟူးေန႔ (ဇူလိုင္ ၂ ရက္) မွာ ကမာၻလုံးဆိုင္ရာ တိုက္႐ိုက္ထုတ္လႊင့္မႈမွ တစ္ဆင့္ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ပါဒါခြန္ ရဲ႕ ခင္ပြန္းျဖစ္တဲ့ ေဘာလိဝုဒ္မင္းသား ရန္ဗီရာဆင့္ က ဇနီးျဖစ္သူရဲ႕ေအာင္ျမင္မႈအတြက္ ခ်ီးက်ဴးဂုဏ္ျပဳေပးခဲ့ပါတယ္။ The Hollywood Chamber of Commerce က အမ်ိဳးအစားငါးမ်ိဳး (Motion Picture, ႐ုပ္ျမင္သံၾကား၊ ျပဇာတ္၊ အသံသြင္း၊ ေဖ်ာ္ေျဖမႈ) နဲ႔ ေ႐ြးခ်ယ္ထားတဲ့ ဂုဏ္ထူးေဆာင္ ၃၅ ဦး စာရင္းကို ေၾကညာခဲ့တာျဖစ္ၿပီး အဲဒီထဲမွာ မင္းသမီး အမ္မလီဘလန႔္၊ ေရခ်ယ္မက္အက္ဒန္စ္၊ ဒီမီမိုရီ နဲ႔ ေဂၚဒန္ရမ္ေဆ တို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။
သ႐ုပ္ေဆာင္ မင္းသမီး ပါဒါခြန္ဟာ ေဘာလိဝုဒ္အေက်ာ္အေမာ္ မင္းသား ရွာ႐ြတ္ခမ္းနဲ႔ ၂၀၀၇ ခုႏွစ္က ပြဲဦးထြက္ဇာတ္ကား Om Shanti Om နဲ႔ နာမည္ ေက်ာ္ၾကားလာခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ သူမက "Vin Diesel" "Return Of Xander Cage" ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္ခဲ့ပါတယ္။