မလေးရှား သိပ္ပံပညာရှင်တွေက ကြမ်းပိုးတွေဟာ မှုခင်းဆေးပညာဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေမှာ ကူညီပေးနိုင်ကြောင်း တွေ့ရှိ

 996

ရောင်နီ (NP News) - ဇူလိုင် ၆
မလေးရှားသိပ္ပံပညာရှင်တွေက ကြမ်းပိုးတွေ စားသုံးလိုက်တဲ့သွေးထဲမှာ သွေးပိုင်ရှင် လူရဲ့ DNA ကိုပါ ရှာဖွေ တွေ့ရှိနိုင်တယ်လို့ ဆိုပါတယ်။
Universiti Sains Malaysia (USM) ဆိုတဲ့ လေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ်ရဲ့ လေဆိပ်နားနေခန်း ဆိုဖာတွေမှ ကြမ်းပိုးနမူနာတွေကို စုဆောင်းပြီး အသေးစိတ် လေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပြီး တွေ့ရှိချက်တွေကို Scientific Reports မှာ ထုတ်ဝေခဲ့ပါတယ်။ USM ရဲ့သုတေသီအစီရင်ခံချက်အရ Cimex hemipterus - အပူပိုင်းဒေသ ကြမ်းပိုးမျိုးစိတ်ဟာ အစာစားပြီး ၄၅ ရက်အထိ သူတို့ရဲ့ အူထဲမှာ လူသား DNA ကို ထိန်းသိမ်းထား နိုင်တယ်လို့ ဆိုပါတယ်။
ဒီအချက်အလက်ဟာ ဟိုတယ်ခန်း (သို့မဟုတ်)တိုက်ခန်းမှာ ရာဇ၀တ်မှုခင်းတစ်ခုဖြစ်တဲ့အခါ ကြမ်းပိုးတွေကို တွေ့ရှိမယ်ဆိုရင် အဲဒီနေရာမှာ မကြာသေးခင်က နေသွားသူတွေရဲ့ DNA ကိုပါ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဒီနည်းနဲ့ ကြမ်းပိုးတွေဟာ အမှုအခင်းတွေမှာ အကျိုးပြုနိုင်မယ်လို့ အကြံပြုထားပါတယ်။ အဆိုပါ သုတေသနလုပ်ငန်းကို ဇီဝဗေဒပညာရှင် အဒူလ်ဟာဖစ်အက်မာဂျက် နဲ့ ဇီဝဗေဒသိပ္ပံကျောင်းမှ ပါရဂူဘွဲ့လွန်သုတေသီ လင်လီ တို့က ဦးဆောင်ကာ လေ့လာခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လကလည်း USM အဖွဲ့က Forensic Science International မှာ ထုတ်ဝေခဲ့တဲ့ သုတေသန စာတမ်းမှာ အပူပိုင်းဒေသကြမ်းပိုးတွေ စုဆောင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းအကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

Zawgyi Version:
မေလးရွား သိပၸံပညာရွင္ေတြက ၾကမ္းပိုးေတြဟာ မႈခင္းေဆးပညာဆိုင္ရာစုံစမ္းစစ္ေဆးမႈေတြမွာ ကူညီေပးႏိုင္ေၾကာင္း ေတြ႕ရွိ
ေရာင္နီ (NP News) - ဇူလိုင္ ၆
မေလးရွားသိပၸံပညာရွင္ေတြက ၾကမ္းပိုးေတြ စားသုံးလိုက္တဲ့ေသြးထဲမွာ ေသြးပိုင္ရွင္ လူရဲ႕ DNA ကိုပါ ရွာေဖြ ေတြ႕ရွိႏိုင္တယ္လို႔ ဆိုပါတယ္။
Universiti Sains Malaysia (USM) ဆိုတဲ့ ေလ့လာေရးအဖြဲ႕တစ္ဖြဲ႕ဟာ ၂၀၂၄ ခုႏွစ္ရဲ႕ ေလဆိပ္နားေနခန္း ဆိုဖာေတြမွ ၾကမ္းပိုးနမူနာေတြကို စုေဆာင္းၿပီး အေသးစိတ္ ေလ့လာမႈျပဳလုပ္ခဲ့တာျဖစ္ၿပီး ေတြ႕ရွိခ်က္ေတြကို Scientific Reports မွာ ထုတ္ေဝခဲ့ပါတယ္။ USM ရဲ႕သုေတသီအစီရင္ခံခ်က္အရ Cimex hemipterus - အပူပိုင္းေဒသ ၾကမ္းပိုးမ်ိဳးစိတ္ဟာ အစာစားၿပီး ၄၅ ရက္အထိ သူတို႔ရဲ႕ အူထဲမွာ လူသား DNA ကို ထိန္းသိမ္းထား ႏိုင္တယ္လို႔ ဆိုပါတယ္။
ဒီအခ်က္အလက္ဟာ ဟိုတယ္ခန္း (သို႔မဟုတ္)တိုက္ခန္းမွာ ရာဇ၀တ္မႈခင္းတစ္ခုျဖစ္တဲ့အခါ ၾကမ္းပိုးေတြကို ေတြ႕ရွိမယ္ဆိုရင္ အဲဒီေနရာမွာ မၾကာေသးခင္က ေနသြားသူေတြရဲ႕ DNA ကိုပါ စစ္ေဆးႏိုင္မွာျဖစ္ပါတယ္။ ဒီနည္းနဲ႔ ၾကမ္းပိုးေတြဟာ အမႈအခင္းေတြမွာ အက်ိဳးျပဳႏိုင္မယ္လို႔ အႀကံျပဳထားပါတယ္။ အဆိုပါ သုေတသနလုပ္ငန္းကို ဇီဝေဗဒပညာရွင္ အဒူလ္ဟာဖစ္အက္မာဂ်က္ နဲ႔ ဇီဝေဗဒသိပၸံေက်ာင္းမွ ပါရဂူဘြဲ႕လြန္သုေတသီ လင္လီ တို႔က ဦးေဆာင္ကာ ေလ့လာခဲ့တာျဖစ္ပါတယ္။
၂၀၂၄ ခုႏွစ္ ၾသဂုတ္လကလည္း USM အဖြဲ႕က Forensic Science International မွာ ထုတ္ေဝခဲ့တဲ့ သုေတသန စာတမ္းမွာ အပူပိုင္းေဒသၾကမ္းပိုးေတြ စုေဆာင္းျခင္း၊ ခြဲျခမ္းစိတ္ျဖာျခင္းအေၾကာင္း ေဖာ္ျပခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.