တောင်ကိုရီးယားသရုပ်ဆောင် ရှင်းဆယ်ဂရောင်းကို အသရေဖျက်မှုပြုလုပ်ခဲ့တဲ့ အမျိုးသမီး ထောင်ဒဏ် ၈ လ ချမှတ်ခံရ

111

ရောင်နီ (NP News) - ဇူလိုင် ၆
"High Kick" "Run On" "The Bride of Habaek" ဒရာမာတွေနဲ့ လူသိများတဲ့ တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး ရှင်းဆယ်ဂရောင်းကို ပစ်မှတ်ထားပြီး အွန်လိုင်းမှာ ကြိမ်ဖန်များစွာ ခြိမ်းခြောက် အသရေ ဖျက်တဲ့မက်ဆေ့ချ်တွေ မျှဝေခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဟာ ထောင်ဒဏ် ချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဇူလိုင် ၄ ရက်က ဆိုးလ်အရှေ့ပိုင်းခရိုင်တရားရုံး မှုခင်းဌာနခွဲ ၃ မှ ဖော်ပြချက်အရ တရားသူကြီး လီဟိုဒုန်က တရားခံ မစ္စကင်မ် (၃၅ နှစ်) ကို ခြိမ်းခြောက် အသရေဖျက်မှုနဲ့ ထောင်ဒဏ် ၈ လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ယမန်နှစ် ဇွန်လ ၃ ရက်မှ သြဂုတ်လ ၁၄ ရက်အတွင်း ရှင်းဆယ်ဂရောင်းရဲ့ fan board နဲ့ DC Inside ဝဘ်ဆိုဒ်မှာ ခြိမ်းခြောက်ပြီး စော်ကားတဲ့ ပို့စ်ပေါင်း ၄၅၀ ခန့်ရေးသားခဲ့ခြင်းအတွက် မစ္စကင်ကို တရားစွဲခဲ့တယ်လို့ သိရပါတယ်။ တရားရုံးစီရင်ချက်မှ ပြောကြားချက်အရ မစ္စကင် တင်ခဲ့တဲ့ပို့စ်တွေမှာ သရုပ်ဆောင် ရှင်းဆယ်ဂရောင်းကို အက်ဆစ်နဲ့ ပက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုအပြင် မင်းသမီးရဲ့ ရုပ်ဆင်းသဏ္ဍာန်၊ မိသားစုနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင် ရာ ညစ်ညမ်းတဲ့မှတ်ချက်တွေ ရေးသားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် မစ္စကင်မ်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေဖို့ အမှန်တကယ် ရည်ရွယ်ချက်မရှိကြောင်း ပြောကြား ခဲ့တာကြောင့် မူလက ထောင်ဒဏ် နှစ်နှစ် ချမှတ်ဖို့ စီစဉ်ထားရာမှ ၈ လထိလျှော့ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ရွင္းဆယ္ဂေရာင္းကို အသေရဖ်က္မႈျပဳလုပ္ခဲ့တဲ့ အမ်ိဳးသမီး ေထာင္ဒဏ္ ၈ လ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၆
"High Kick" "Run On" "The Bride of Habaek" ဒရာမာေတြနဲ႔ လူသိမ်ားတဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသမီး ရွင္းဆယ္ဂေရာင္းကို ပစ္မွတ္ထားၿပီး အြန္လိုင္းမွာ ႀကိမ္ဖန္မ်ားစြာ ၿခိမ္းေျခာက္ အသေရ ဖ်က္တဲ့မက္ေဆ့ခ်္ေတြ မွ်ေဝခဲ့တဲ့ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ ေထာင္ဒဏ္ ခ်မွတ္ခံလိုက္ရတယ္လို႔ သိရပါတယ္။
ဇူလိုင္ ၄ ရက္က ဆိုးလ္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး မႈခင္းဌာနခြဲ ၃ မွ ေဖာ္ျပခ်က္အရ တရားသူႀကီး လီဟိုဒုန္က တရားခံ မစၥကင္မ္ (၃၅ ႏွစ္) ကို ၿခိမ္းေျခာက္ အသေရဖ်က္မႈနဲ႔ ေထာင္ဒဏ္ ၈ လ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ ယမန္ႏွစ္ ဇြန္လ ၃ ရက္မွ ၾသဂုတ္လ ၁၄ ရက္အတြင္း ရွင္းဆယ္ဂေရာင္းရဲ႕ fan board နဲ႔ DC Inside ဝဘ္ဆိုဒ္မွာ ၿခိမ္းေျခာက္ၿပီး ေစာ္ကားတဲ့ ပို႔စ္ေပါင္း ၄၅၀ ခန႔္ေရးသားခဲ့ျခင္းအတြက္ မစၥကင္ကို တရားစြဲခဲ့တယ္လို႔ သိရပါတယ္။ တရား႐ုံးစီရင္ခ်က္မွ ေျပာၾကားခ်က္အရ မစၥကင္ တင္ခဲ့တဲ့ပို႔စ္ေတြမွာ သ႐ုပ္ေဆာင္ ရွင္းဆယ္ဂေရာင္းကို အက္ဆစ္နဲ႔ ပက္မယ္ဆိုတဲ့ ၿခိမ္းေျခာက္မႈအျပင္ မင္းသမီးရဲ႕ ႐ုပ္ဆင္းသ႑ာန္၊ မိသားစုနဲ႔ ပတ္သက္ၿပီး လိင္ပိုင္းဆိုင္ ရာ ညစ္ညမ္းတဲ့မွတ္ခ်က္ေတြ ေရးသားခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္ မစၥကင္မ္က ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာေစဖို႔ အမွန္တကယ္ ရည္႐ြယ္ခ်က္မရွိေၾကာင္း ေျပာၾကား ခဲ့တာေၾကာင့္ မူလက ေထာင္ဒဏ္ ႏွစ္ႏွစ္ ခ်မွတ္ဖို႔ စီစဥ္ထားရာမွ ၈ လထိေလွ်ာ့ခ်လိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။