ပုပ္ပားသို့ သစ်ပင်စိုက်သွားသော လက်ထောက်ညွှန်ကြားရေးမှုးအပါအဝင် (၄)ဦး PDFအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရ ဟုဆို
 2375
မေဥဩ (NP News)- ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပားတောင်သို့ သစ်ပင်စိုက်သွားသော လက်ထောက်ညွှန်ကြားရေးမှုးအပါ အဝင် ဝန်ထမ်း(၄)ဦး PDFအဖွဲ့၏ ဖမ်းဆီးခြင်းခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၅ရက်)၊ မွန်းလွဲ ၂နာရီကျော်ဝန်းကျင်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
““သူတို့က တောင်ပေါ်ကို သစ်ပင်စိုက်မယ်ဆိုပြီးတောင်းပေါ်ကို တက်ကြတာ။ မနေ့က မနက်ခင်းမှာတက်တာကို နေ့လည်ခင်းမှာအကုန် ဖမ်းသွားတာ။ ဖမ်းပြီးတော့ ကျန်တဲ့ ပရဟိတအဖွဲ့တွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ သစ်တောဝန်ထမ်းတွေကိုတော့ လွှတ်မပေးပဲ ဖမ်းထားတယ်ပေါ့နော်”ဟု ဒေသခံအရင်းအမြစ် တစ်ဦးက NP News ကိုပြောသည်။
PDFအဖွဲ့၏ ဖမ်းဆီးခံရသူများအတွင်း ပုပ္ပားတောင်ဥယာဉ်မှ အသက်(၅၀)နှစ်အရွယ် လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် (၄)ဦးနှင့် သစ်ပင်စိုက်မည့် ပရဟိတအဖွဲ့များပါဝင်ခဲ့ကြောင်း သိရသည်။
“အခုအချိန်ထိ PDFစခန်းမှာရှိသေးတယ်လို့သိရတယ်။ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးရယ်ဆိုရင် (၄)ဦးပေါ့နော်။ စဖမ်းတုန်းက အကုန်လုံးအဖမ်းခံရတာ။ သတင်းကလုံးဝသေချာတယ်။ လက်ရှိထိမလွှတ်ပေးသေးဘူး”ဟု ၎င်းကဆက်ပြောသည်။
Zawgyi Version:
မေဥဩ (NP News)- ဇွန် ၆
Picture
Win Lwin
06/07/2025 13:45
နိုင်ငံဝန်ထမ်းများကို ဝ အောင်လည်းမကျွေး၊ လုံခြုံအောင်လည်း မကာကွယ်၊ ဒုက္ခရောက်လည်း မကူညီ။ မိဘမဲ့ တိုင်းပြည်။
Picture
Tha Lwin
06/07/2025 16:08
ဒါတွေကလုံခြုံရေး တာဝန်မယူနိုင်တော့ကြတာလား
Picture
Tha Lwin
06/07/2025 16:09
ပြည်သူကောဝန်တမ်းတွေပါ မလုံခြုံကြတော့တာထင်သာမြင်သာပါပဲ
Related news
© 2021. All rights reserved.