ဖိလစ်ပိုင်မှာ HIV ကူးစက်မှုများ တိုးများလာနေ

144
ရောင်နီ (NP News) - ဇူလိုင် ၇
အာရှ - ပစိဖိတ်ဒေသ၊ ဖိလစ်ပိုင်နိုင်ငံမှာ အသိပညာပေးမှုနည်းပါးခြင်းနဲ့ အခြားအကြောင်းရင်းတွေကြောင့် လူငယ် တွေမှာ HIV ကူးစက်မှုနှုန်း မြင့်တက်နေတယ်လို့ သိရပါတယ်။
ပူးတွဲကုလသမဂ္ဂအစီအစဉ် (Unaids) ရဲ့အဆိုအရ၊ ဖိလစ်ပိုင် လူငယ်တွေမှာ HIV ကူးစက်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်နေပါတယ်။၂၀၂၅ ခုနှစ် မတ်လမှာ ဖိလစ်ပိုင်နိုင်ငံသား ၁၃၉,၆၁၀ ကျော် HIV ကူးစက်ခံ ထားရပြီး ယခုနှစ်ကုန်မှာ ကူးစက်မှု ခန့်မှန်းခြေ ၂၅၂,၀၀၀ အထိ တိုးလာမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ လိင်ပိုင်းဆိုင်ရာ ပညာပေးညံ့ဖျင်းမှု၊ Dating အက်ပ်တွေမှတစ်ဆင့် တွေ့ဆုံပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတို့ ကြောင့် ကူးစက်မှုတွေဖြစ်လာတာဖြစ်ပြီး နိုင်ငံရဲ့ဘာသာရေးဖြစ်တဲ့ ခရစ်ယာန်ဘာသာယဉ်ကျေးမှုကြောင့်လည်း လိင်မှုကိစ္စနဲ့ HIV အကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ခက်ခဲကြတယ်လို့ သိရပါတယ်။
ယခုနှစ်ရဲ့အငယ်ဆုံး HIV ကူးစက်ခံရသူဟာ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူလို့ ယူဆရတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးဖြစ်ပြီး နိုင်ငံမှာ အရွယ်မရောက်သေးသူတွေကြား HIV ဖြစ်ပွားမှုနှုန်းဟာလည်း တိုးပွား လာနေတယ်လို့ သိရပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္မွာ HIV ကူးစက္မႈမ်ား တိုးမ်ားလာေန
ေရာင္နီ (NP News) - ဇူလိုင္ ၇
အာရွ - ပစိဖိတ္ေဒသ၊ ဖိလစ္ပိုင္ႏိုင္ငံမွာ အသိပညာေပးမႈနည္းပါးျခင္းနဲ႔ အျခားအေၾကာင္းရင္းေတြေၾကာင့္ လူငယ္ ေတြမွာ HIV ကူးစက္မႈႏႈန္း ျမင့္တက္ေနတယ္လို႔ သိရပါတယ္။
ပူးတြဲကုလသမဂၢအစီအစဥ္ (Unaids) ရဲ႕အဆိုအရ၊ ဖိလစ္ပိုင္ လူငယ္ေတြမွာ HIV ကူးစက္မႈေတြ အရွိန္အဟုန္နဲ႔ ျမင့္တက္ေနပါတယ္။၂၀၂၅ ခုႏွစ္ မတ္လမွာ ဖိလစ္ပိုင္ႏိုင္ငံသား ၁၃၉,၆၁၀ ေက်ာ္ HIV ကူးစက္ခံ ထားရၿပီး ယခုႏွစ္ကုန္မွာ ကူးစက္မႈ ခန႔္မွန္းေျခ ၂၅၂,၀၀၀ အထိ တိုးလာမယ္လို႔ အစိုးရက ခန႔္မွန္းထားပါတယ္။ လိင္ပိုင္းဆိုင္ရာ ပညာေပးညံ့ဖ်င္းမႈ၊ Dating အက္ပ္ေတြမွတစ္ဆင့္ ေတြ႕ဆုံၿပီး အကာအကြယ္မဲ့ လိင္ဆက္ဆံမႈတို႔ ေၾကာင့္ ကူးစက္မႈေတြျဖစ္လာတာျဖစ္ၿပီး ႏိုင္ငံရဲ႕ဘာသာေရးျဖစ္တဲ့ ခရစ္ယာန္ဘာသာယဥ္ေက်းမႈေၾကာင့္လည္း လိင္မႈကိစၥနဲ႔ HIV အေၾကာင္း ပြင့္ပြင့္လင္းလင္း ေဆြးေႏြးဖို႔ ခက္ခဲၾကတယ္လို႔ သိရပါတယ္။
ယခုႏွစ္ရဲ႕အငယ္ဆုံး HIV ကူးစက္ခံရသူဟာ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရသူလို႔ ယူဆရတဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္ ကေလးတစ္ဦးျဖစ္ၿပီး ႏိုင္ငံမွာ အ႐ြယ္မေရာက္ေသးသူေတြၾကား HIV ျဖစ္ပြားမႈႏႈန္းဟာလည္း တိုးပြား လာေနတယ္လို႔ သိရပါတယ္။