PDF တို့၏ ခြိမ်းခြောက်ခြင်းခံနေရသော ပုဂံဒေသတွင် ဒေသခံများ စီးပွားရေးကျပ်နေ

 615

Pearl (NP News)-ဇူလိုင် ၇
PDF အဖွဲ့၏ ခြိမ်းခြောက်ခြင်းခံနေရသော ပုဂံတွင် ဒေသခံများ စီးပွားရေးကြပ်နေကြောင်း ဒေသခံများထံ NP News သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ တပ်မတော်နှင့် PDF အဖွဲ့များကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဒေသခံအများအပြား နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့်အပြင် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင်လည်း တိုက်ပွဲဖော်ဆောင်မည်ဖြစ်ကြောင်း ပုဂံပြည် ဘီလူးအဖွဲ့ (PDF) က ပြီးခဲ့သည့် ဇွန်လအတွင်းက ခြိမ်းခြောက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“ ညောင်ဦးမြို့နယ်ထဲက ဒေသခံတွေက ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့ပေါ်ဘက်တွေကို စစ်ရှောင်နေရတာတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာ နေကြတာပေါ့။ အဲဒီဘက်တွေက ရုတ်ရုတ်ဖြစ် လိုက် ပြန်ကပ်လိုက်နဲ့ အဲဒီလိုဖြစ်နေတာ။ သွားရ လာရမလွယ်တော့ဘူး။ လုံခြုံရေးစိတ်မချရဘူး။ ပုဂံ၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကြားကို လူသွား လူလာ သိပ်မရှိတော့ဘူး။ သာသနာ့နယ်မြေတော့ မထိ ခိုက်စေချင်ဘူး။ အဲဒီနေရာတွေ မထိခိုက်စေချင်သလို တခြားနေရာတွေလည်း ဘာမှမဖြစ်စေချင် ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် PDF အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် ပုဂံ၊ ညောင်ဦးဒေသသို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှုနည်းပါးသွားသည့်အတွက် ခရီးသွားများအပေါ် မှီခိုနေရသည့် ဒေသခံဈေး ဆိုင်လုပ်ငန်းများ အပါအဝင် ဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများသည်လည်း စီးပွားရေးကြပ်တည်း ကြောင်း သိရသည်။
“ခရီးသွားကလည်း နည်းနေတယ်။ ခရီးသွားတွေ လာတုန်းကဆို ပုဂံကိုသွားတဲ့ လမ်း၊ ကျောက် ပန်းတောင်းမှာတည်းက အာလူးကြော်ရောင်းရတယ်။ ပြီးရင် ထန်းရည်တွေဘာတွေ ရောင်းတဲ့ဆိုင်တွေ အရင်တုန်းကဆို တစ်ရက်ကို သိန်း (၂၀ဝ) ဖိုးလောက်ရောင်းရတယ်။ အခုတော့ လူမှ မရှိတော့တာ။ အလားတူ အဲဒီကဆက်သွားရင် ပုဂံထဲမှာ E- Bike Bike လေးတွေအစ အောက်ခြေကနေစပြီး ဟိုတယ် ပိုင်ရှင်အထိ ခရီးသွားတွေလာရင် အဆင်ပြေနေတဲ့လူတွေက အများကြီး။ အခုမလာတော့ အဆင်မပြေ ကြဘူးပေါ့။ ပုဂံမြို့ရှောင်လမ်း ညာဘက်ဆိုရင် အခြေအနေမကောင်းတော့ဘူး။ တန့်ကြည်တောင် ဘက်ဆို တော်တော်ကြာပြီ သွားလို့မရတာ” ဟု အထက်ပါဒေသခံက ဆက်လက်ပြောသည်။

Zawgyi Version:
PDF တို႔၏ ၿခိမ္းေျခာက္ျခင္းခံေနရေသာ ပုဂံေဒသတြင္ ေဒသခံမ်ား စီးပြားေရးက်ပ္ေန
Pearl (NP News)-ဇူလိုင္ ၇
PDF အဖြဲ႕၏ ၿခိမ္းေျခာက္ျခင္းခံေနရေသာ ပုဂံတြင္ ေဒသခံမ်ား စီးပြားေရးၾကပ္ေနေၾကာင္း ေဒသခံမ်ားထံ NP News ဂ်ာနယ္မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ PDF အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားလ်က္ရွိၿပီး ေဒသခံအမ်ားအျပား ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ေနရသည့္အျပင္ ကမာၻ႔ ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္ ပုဂံေဒသတြင္လည္း တိုက္ပြဲေဖာ္ေဆာင္မည္ျဖစ္ေၾကာင္း ပုဂံျပည္ ဘီလူးအဖြဲ႕ (PDF) က ၿပီးခဲ့သည့္ ဇြန္လအတြင္းက ၿခိမ္းေျခာက္ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
“ ေညာင္ဦးၿမိဳ႕နယ္ထဲက ေဒသခံေတြက ေက်ာက္ပန္းေတာင္းနဲ႔ ေညာင္ဦးၿမိဳ႕ေပၚဘက္ေတြကို စစ္ေရွာင္ေနရတာေတြရွိတယ္။ ဘုန္းႀကီးေက်ာင္းေတြမွာ ေနၾကတာေပါ့။ အဲဒီဘက္ေတြက ႐ုတ္႐ုတ္ျဖစ္ လိုက္ ျပန္ကပ္လိုက္နဲ႔ အဲဒီလိုျဖစ္ေနတာ။ သြားရ လာရမလြယ္ေတာ့ဘူး။ လုံၿခဳံေရးစိတ္မခ်ရဘူး။ ပုဂံ၊ ေညာင္ဦးနဲ႔ ေက်ာက္ပန္းေတာင္းၾကားကို လူသြား လူလာ သိပ္မရွိေတာ့ဘူး။ သာသနာ့နယ္ေျမေတာ့ မထိ ခိုက္ေစခ်င္ဘူး။ အဲဒီေနရာေတြ မထိခိုက္ေစခ်င္သလို တျခားေနရာေတြလည္း ဘာမွမျဖစ္ေစခ်င္ ပါဘူး” ဟု ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ PDF အဖြဲ႕၏ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ပုဂံ၊ ေညာင္ဦးေဒသသို႔ ခရီးသြား ဧည့္သည္ ဝင္ေရာက္မႈနည္းပါးသြားသည့္အတြက္ ခရီးသြားမ်ားအေပၚ မွီခိုေနရသည့္ ေဒသခံေဈး ဆိုင္လုပ္ငန္းမ်ား အပါအဝင္ ဟိုတယ္လုပ္ငန္းမ်ား၊ စားေသာက္ဆိုင္လုပ္ငန္းမ်ားသည္လည္း စီးပြားေရးၾကပ္တည္း ေၾကာင္း သိရသည္။
“ခရီးသြားကလည္း နည္းေနတယ္။ ခရီးသြားေတြ လာတုန္းကဆို ပုဂံကိုသြားတဲ့ လမ္း၊ ေက်ာက္ ပန္းေတာင္းမွာတည္းက အာလူးေၾကာ္ေရာင္းရတယ္။ ၿပီးရင္ ထန္းရည္ေတြဘာေတြ ေရာင္းတဲ့ဆိုင္ေတြ အရင္တုန္းကဆို တစ္ရက္ကို သိန္း (၂၀ဝ) ဖိုးေလာက္ေရာင္းရတယ္။ အခုေတာ့ လူမွ မရွိေတာ့တာ။ အလားတူ အဲဒီကဆက္သြားရင္ ပုဂံထဲမွာ E- Bike Bike ေလးေတြအစ ေအာက္ေျခကေနစၿပီး ဟိုတယ္ ပိုင္ရွင္အထိ ခရီးသြားေတြလာရင္ အဆင္ေျပေနတဲ့လူေတြက အမ်ားႀကီး။ အခုမလာေတာ့ အဆင္မေျပ ၾကဘူးေပါ့။ ပုဂံၿမိဳ႕ေရွာင္လမ္း ညာဘက္ဆိုရင္ အေျခအေနမေကာင္းေတာ့ဘူး။ တန႔္ၾကည္ေတာင္ ဘက္ဆို ေတာ္ေတာ္ၾကာၿပီ သြားလို႔မရတာ” ဟု အထက္ပါေဒသခံက ဆက္လက္ေျပာသည္။

Picture

Tha Lwin

07/07/2025 17:17

လုံခြုံမှုမပေးနိုင်တော့တာ ပေးနိုင်တဲ့အစွမ်းမရှိနော့တာလား

Related news

© 2021. All rights reserved.