သက်ကြီးဟာသ လူရွှင်တော်ကြီးများပူဇော် ကန်တော့ပွဲတွင် ဟာသလူရွှင်တော် (၈)ဦးကို ဟာသတစ်သက် တာဆုများ ချီးမြှင့်
                        
                            
                             
 13306
 
                             
                            
                            
                         
                        
 
                        Pearl (NP News) - ဇူလိုင် ၇
သက်ကြီးဟာသ လူရွှင်တော်ကြီးများပူဇော် ကန်တော့ပွဲတွင် ဟာသလူရွှင်တော် (၈)ဦးကို ဟာသ တစ်သက် တာဆုများ ချီးမြှင့်ခဲ့သည်။ 
(၁၅) ကြိမ်မြောက်  အသက် (၆၅) နှစ်အထက်  သက်ကြီးဟာသ လူရွှင်တော်ကြီးများပူဇော် ကန်တော့ပွဲအခမ်းအနားကို ယနေ့ (ဇူလိုင်လ ၇ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဒဂုံမြို့နယ်၊ (၄၈) ရပ်ကွက်၊ မိဘကျေးဇူးဆပ်ဘုရားဝန်း အတွင်းရှိ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ရန်ကုန်တိုင်း) ၌ ကျင်းပခဲ့သည်။ 
အဆိုပါ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးရာဝန်ကြီး ဦးဌေးအောင် အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟာသလူရွှင်တော်များ နှင့် အနုပညာရှင် အချို့ တက်ရောက်ကြသည်။
 
အခမ်းအနား၌  ရေဒီယို ဦးမန်းကျော်၊ ဦးစံမိုး ၊ ဦးဖိုးစောင်း ၊ ဦးပေါ်လေး၊ ဦးသြဥ ၊ ဦးတိမ်ညွန့်၊ ဦးမိုးဒီ  နှင့် ဦးရွှေခဲ  စုစုပေါင်း (၈)ဦးကို ဟာသတစ်သက်တာဆုများ ချီးမြှင့်ခဲ့သည်။
 
ထို့ပြင်  ဟာသမျိုးဆက်သစ်ဆု ၊ ပရဟိတထူးချွန်ဆု ၊ ဟာသထူးချွန်ဆု ၊ ဟာသပညာ ထူးချွန်ဆု နှင့်  ဟာသဖန်တီးမှုဆုများကိုလည်း ချီးမြှင့်ခဲ့ပြီးနောက် သက်ကြီးဟာသ လူရွှင်တော်ကြီး (၁၀၈)ဦးရှိသည့်အနက် တက်ရောက်လာကြသည့်  သက်ကြီးဟာသ လူရွှင်တော်ကြီးများကို ဟာသလူရွှင်တော်များ နှင့် အနုပညာရှင် များက ကန်တော့ခဲ့ကြောင်း သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
သက္ႀကီးဟာသ လူ႐ႊင္ေတာ္ႀကီးမ်ားပူေဇာ္ ကန္ေတာ့ပြဲတြင္ ဟာသလူ႐ႊင္ေတာ္ (၈)ဦးကို ဟာသတစ္သက္ တာဆုမ်ား ခ်ီးျမႇင့္
Pearl (NP News) - ဇူလိုင္ ၇
သက္ႀကီးဟာသ လူ႐ႊင္ေတာ္ႀကီးမ်ားပူေဇာ္ ကန္ေတာ့ပြဲတြင္ ဟာသလူ႐ႊင္ေတာ္ (၈)ဦးကို ဟာသ တစ္သက္ တာဆုမ်ား ခ်ီးျမႇင့္ခဲ့သည္။ 
(၁၅) ႀကိမ္ေျမာက္  အသက္ (၆၅) ႏွစ္အထက္  သက္ႀကီးဟာသ လူ႐ႊင္ေတာ္ႀကီးမ်ားပူေဇာ္ ကန္ေတာ့ပြဲအခမ္းအနားကို ယေန႔ (ဇူလိုင္လ ၇ရက္)တြင္ ရန္ကုန္တိုင္းေဒသႀကီး ၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၄၈) ရပ္ကြက္၊ မိဘေက်းဇူးဆပ္ဘုရားဝန္း အတြင္းရွိ ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး (ရန္ကုန္တိုင္း) ၌ က်င္းပခဲ့သည္။ 
အဆိုပါ အခမ္းအနားကို ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရဲတင့္၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕  လူမႈေရးရာဝန္ႀကီး ဦးေဌးေအာင္ အပါအဝင္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ ဟာသလူ႐ႊင္ေတာ္မ်ား ႏွင့္ အႏုပညာရွင္ အခ်ိဳ႕ တက္ေရာက္ၾကသည္။
 
အခမ္းအနား၌  ေရဒီယို ဦးမန္းေက်ာ္၊ ဦးစံမိုး ၊ ဦးဖိုးေစာင္း ၊ ဦးေပၚေလး၊ ဦးၾသဥ ၊ ဦးတိမ္ၫြန႔္၊ ဦးမိုးဒီ  ႏွင့္ ဦးေ႐ႊခဲ  စုစုေပါင္း (၈)ဦးကို ဟာသတစ္သက္တာဆုမ်ား ခ်ီးျမႇင့္ခဲ့သည္။
 
ထို႔ျပင္  ဟာသမ်ိဳးဆက္သစ္ဆု ၊ ပရဟိတထူးခြၽန္ဆု ၊ ဟာသထူးခြၽန္ဆု ၊ ဟာသပညာ ထူးခြၽန္ဆု ႏွင့္  ဟာသဖန္တီးမႈဆုမ်ားကိုလည္း ခ်ီးျမႇင့္ခဲ့ၿပီးေနာက္ သက္ႀကီးဟာသ လူ႐ႊင္ေတာ္ႀကီး (၁၀၈)ဦးရွိသည့္အနက္ တက္ေရာက္လာၾကသည့္  သက္ႀကီးဟာသ လူ႐ႊင္ေတာ္ႀကီးမ်ားကို ဟာသလူ႐ႊင္ေတာ္မ်ား ႏွင့္ အႏုပညာရွင္ မ်ားက ကန္ေတာ့ခဲ့ေၾကာင္း သိရသည္။