နှစ်(၁၀၀)ကျော်အတွင်း (၁၀) ပါးမြောက်အဖြစ် မစိုးရိမ်တိုက်သစ်၏ ပထမဦးဆုံး ဝဋံသကာဘွဲ့ရ ဆရာတော်တစ်ပါးပေါ်ထွန်း

1061

စော(NP News)- ဇူလိုင် ၇
နှစ်(၁၀၀)ကျော်အတွင်း မြန်မာနိုင်ငံတွင် (၁၀) ပါးမြောက်အဖြစ် မစိုးရိမ်တိုက်သစ်မှ ဆရာတော်တစ်ပါးဖြစ်သော အရှင်ဃောသိတာလင်္ကာရာဘိဝံသက အဆိုပါတိုက်၏ပထမဦးဆုံး ဝဋံသကာဘွဲ့ရ အရှင်တစ်ပါးဖြစ်ခဲ့ကြောင်း မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းမှ ယမန်နေ့ (ဇူလိုင် ၆ရက်)က ၁၃၈၇ခုနှစ်၊
(၁၁၉) ကြိမ်မြောက် နယုန်လစာလျှောက်မေးခန်း အမှတ်များရာအလိုက် စာမေးပွဲအောင်စာရင်းထုတ်ပြန်ချက်အရ သိရသည်။
အရှင်ဃောသိတာလင်္ကာရာဘိဝံသသည် (၃၉) နှစ်ကြာမှ ထပ်မံပေါ်ထွန်းလာသည့် သာသနာ့အာဇာနည်တစ်ပါးဖြစ်ကြောင်း ပရိယတ္တိသာသနဟိတအသင်းကဆိုသည်။
“သူကအသက်အပိုင်းအခြားအတွင်းမှာပဲဖြေရတာ။ အသက်အပိုင်းကျော်သွားရင် ဖြေလို့မရတော့ဘူး။ ရဟန်းတော်ဆိုရင် အသက် (၂၇)ခုနှစ်၊ (၇)ဝါအတွင်းကို ပထမစာသင်တန်းအရင်အောင်ရတာ။ မအောင်ဘူးဆိုရင်ဆက်ဖြေလို့မရတော့ဘူး။ စာသင်တန်းအောင်မှ စာချတန်းဆိုတာ ကျမ်းသုံးကျမ်းကို ဖြေရတာ။ ကျမ်းသုံးကျမ်းလုံးအောင်မှ ဘိဝံသ ဆိုတာပေးတာ။ အဲဒီတော့ အဲဒီစာသင်တန်းနဲ့စာချတန်းကို နှစ်နှစ်ထဲနဲ့ပြီးတဲ့ ဝဋံသကာဆိုတဲ့ သီးသန့်အထူးပေးတာပေါ့”ဟု ဆရာတော်တစ်ပါးက NP News ကိုမိန့်သည်။
အဆိုပါ ဝဋံသကာဘွဲ့သည် ဗုဒ္ဓဘာသာသာသနာတော်အတွင်းတွင် အထူးခြားဆုံးဘွဲ့တပ်ဆိပ်တစ်ခုဖြစ် ကာ (၁၂၆၇) ခုနှစ်မှ (၁၃၈၇) ခု ယနေ့အချိန်ထိ နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ အရှင်မြတ် (၁၀ ) ပါးသာ ပေါ်ထွန်းခဲ့ကြောင်း သိရသည်။
သာသနာ့သမိုင်းတွင် (၁၀) ပါးသာထွက်ပေါ်ဖူးသေးသော မန္တလေး ဝဋံသကာ ဘွဲ့ပိုင်ရှင်များမှာ တိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တဘိဝံသ မင်းကွန်း ဓမ္မနာဒတိုက် ( ၁၂၉၆ )၊ အရှင်ဥတ္တမာဘိဝံသ မိုးကောင်းတိုက် မန္တလေး ( ၁၂၉၉ )၊ အရှင်လက္ခဏာဘိဝံသမိုးကောင်းတိုက် မန္တလေး ( ၁၃၀၉ ) (လူပြန်တော်ဆရာကြီး ဦးကျော်ရှိန်)၊ အရှင်သုမနာဘိဝံသ ထီးလင်းတိုက် မန္တလေး ( ၁၃၁၄ )နှင့် အရှင်ကုမာရာဘိဝံသဗန်းမော်ဆရာတော်ကြီး ဘုရားကြီးတိုက် မန္တလေးယခုသံဃာ့မဟာနာယကဥက္ကဋ္ဌ( ၁၃၁၅ )တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အရှင်သုနန္ဒာဘိဝံသဘုရားကြီးတိုက် မန္တလေး ( ၁၃၁၅ ) (လူပြန်တော်ဆရာကြီး ဦးရွှေအောင်)၊ အရှင်နာရဒါဘိဝံသ မြင်းဝန်တိုက်မန္တလေး ၁၃၁၅ (ဓမ္မာစရိယ ဦးထွန်းလှိုင်)၊ အရှင်ကစ္စာယနလင်္ကာရာဘိဝံသဘုရားကြီးတိုက် ( ၁၃၁၇ ) ဗိုလ်ကြီးကျော်နိုင် ( ငြိမ်း) ၊ အရှင်ကေသရာလင်္ကာရာဘိဝံသ (သက်တော် ၂၅နှစ်အရွယ်တွင် ဝဋံသကာဘွဲ့ရရှိ)အောင်ချမ်းသာပရိယတ္တိစာသင်တိုက်မဟာဂန္ဓာရုံ ( ၁၃၄၈ ) နှင့် ယခုရရှိခဲ့သည့် အရှင်ဃောသိတာလင်္ကာရ (၁၃၈၇) (မစိုးရိမ်တိုက်သစ်၊ မန္တလေး) တို့ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ႏွစ္(၁၀၀)ေက်ာ္အတြင္း (၁၀) ပါးေျမာက္အျဖစ္ မစိုးရိမ္တိုက္သစ္၏ ပထမဦးဆုံး ဝဋံသကာဘြဲ႕ရ ဆရာေတာ္တစ္ပါးေပၚထြန္း
ေစာ(NP News)- ဇူလိုင္ ၇
ႏွစ္(၁၀၀)ေက်ာ္အတြင္း ျမန္မာႏိုင္ငံတြင္ (၁၀) ပါးေျမာက္အျဖစ္ မစိုးရိမ္တိုက္သစ္မွ ဆရာေတာ္တစ္ပါးျဖစ္ေသာ အရွင္ေဃာသိတာလကၤာရာဘိဝံသက အဆိုပါတိုက္၏ပထမဦးဆုံး ဝဋံသကာဘြဲ႕ရ အရွင္တစ္ပါးျဖစ္ခဲ့ေၾကာင္း မႏၲေလးၿမိဳ႕၊ ပရိယတၱိသာသနဟိတအသင္းမွ ယမန္ေန႔ (ဇူလိုင္ ၆ရက္)က ၁၃၈၇ခုႏွစ္၊
(၁၁၉) ႀကိမ္ေျမာက္ နယုန္လစာေလွ်ာက္ေမးခန္း အမွတ္မ်ားရာအလိုက္ စာေမးပြဲေအာင္စာရင္းထုတ္ျပန္ခ်က္အရ သိရသည္။
အရွင္ေဃာသိတာလကၤာရာဘိဝံသသည္ (၃၉) ႏွစ္ၾကာမွ ထပ္မံေပၚထြန္းလာသည့္ သာသနာ့အာဇာနည္တစ္ပါးျဖစ္ေၾကာင္း ပရိယတၱိသာသနဟိတအသင္းကဆိုသည္။
“သူကအသက္အပိုင္းအျခားအတြင္းမွာပဲေျဖရတာ။ အသက္အပိုင္းေက်ာ္သြားရင္ ေျဖလို႔မရေတာ့ဘူး။ ရဟန္းေတာ္ဆိုရင္ အသက္ (၂၇)ခုႏွစ္၊ (၇)ဝါအတြင္းကို ပထမစာသင္တန္းအရင္ေအာင္ရတာ။ မေအာင္ဘူးဆိုရင္ဆက္ေျဖလို႔မရေတာ့ဘူး။ စာသင္တန္းေအာင္မွ စာခ်တန္းဆိုတာ က်မ္းသုံးက်မ္းကို ေျဖရတာ။ က်မ္းသုံးက်မ္းလုံးေအာင္မွ ဘိဝံသ ဆိုတာေပးတာ။ အဲဒီေတာ့ အဲဒီစာသင္တန္းနဲ႔စာခ်တန္းကို ႏွစ္ႏွစ္ထဲနဲ႔ၿပီးတဲ့ ဝဋံသကာဆိုတဲ့ သီးသန႔္အထူးေပးတာေပါ့”ဟု ဆရာေတာ္တစ္ပါးက NP News ကိုမိန႔္သည္။
အဆိုပါ ဝဋံသကာဘြဲ႕သည္ ဗုဒၶဘာသာသာသနာေတာ္အတြင္းတြင္ အထူးျခားဆုံးဘြဲ႕တပ္ဆိပ္တစ္ခုျဖစ္ ကာ (၁၂၆၇) ခုႏွစ္မွ (၁၃၈၇) ခု ယေန႔အခ်ိန္ထိ ႏွစ္ေပါင္းတစ္ရာေက်ာ္အတြင္းမွာ အရွင္ျမတ္ (၁၀ ) ပါးသာ ေပၚထြန္းခဲ့ေၾကာင္း သိရသည္။
သာသနာ့သမိုင္းတြင္ (၁၀) ပါးသာထြက္ေပၚဖူးေသးေသာ မႏၲေလး ဝဋံသကာ ဘြဲ႕ပိုင္ရွင္မ်ားမွာ တိပိဋကဓရဆရာေတာ္ႀကီး ဦးဝိစိတၱဘိဝံသ မင္းကြန္း ဓမၼနာဒတိုက္ ( ၁၂၉၆ )၊ အရွင္ဥတၱမာဘိဝံသ မိုးေကာင္းတိုက္ မႏၲေလး ( ၁၂၉၉ )၊ အရွင္လကၡဏာဘိဝံသမိုးေကာင္းတိုက္ မႏၲေလး ( ၁၃၀၉ ) (လူျပန္ေတာ္ဆရာႀကီး ဦးေက်ာ္ရွိန္)၊ အရွင္သုမနာဘိဝံသ ထီးလင္းတိုက္ မႏၲေလး ( ၁၃၁၄ )ႏွင့္ အရွင္ကုမာရာဘိဝံသဗန္းေမာ္ဆရာေတာ္ႀကီး ဘုရားႀကီးတိုက္ မႏၲေလးယခုသံဃာ့မဟာနာယကဥကၠ႒( ၁၃၁၅ )တို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အရွင္သုနႏၵာဘိဝံသဘုရားႀကီးတိုက္ မႏၲေလး ( ၁၃၁၅ ) (လူျပန္ေတာ္ဆရာႀကီး ဦးေ႐ႊေအာင္)၊ အရွင္နာရဒါဘိဝံသ ျမင္းဝန္တိုက္မႏၲေလး ၁၃၁၅ (ဓမၼာစရိယ ဦးထြန္းလႈိင္)၊ အရွင္ကစၥာယနလကၤာရာဘိဝံသဘုရားႀကီးတိုက္ ( ၁၃၁၇ ) ဗိုလ္ႀကီးေက်ာ္ႏိုင္ ( ၿငိမ္း) ၊ အရွင္ေကသရာလကၤာရာဘိဝံသ (သက္ေတာ္ ၂၅ႏွစ္အ႐ြယ္တြင္ ဝဋံသကာဘြဲ႕ရရွိ)ေအာင္ခ်မ္းသာပရိယတၱိစာသင္တိုက္မဟာဂႏၶာ႐ုံ ( ၁၃၄၈ ) ႏွင့္ ယခုရရွိခဲ့သည့္ အရွင္ေဃာသိတာလကၤာရ (၁၃၈၇) (မစိုးရိမ္တိုက္သစ္၊ မႏၲေလး) တို႔ျဖစ္ေၾကာင္း သိရသည္။