ဖားကန့်မြို့နယ်၊ဆိုင်းတောင်တွင် ခြိမ်းခြောက်ငွေညှစ်မှုဖြစ်ပွား

 487

သက်ပိုင်(NP News) - ဇူလိုင် ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် (၃)တွင် ယနေ့ (ဇူလိုင်လ (၈) ရက်)က ခြိမ်းခြောက်ငွေညှစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက NP News သို့ပြောသည်။
ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် (၃)ရှိ ပိုင်(ကားအပိုပစ္စည်းရောင်းဝယ်ရေး) ဆိုင်တွင် ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်စာပို့ကာ ငွေကျပ်သိန်း(၁၀၀) တောင်းခံခြင်းဖြစ်ကြောင်း သိရသည်။
“မင်းတို့ဆိုင်မှာ ဘုံး(ဗုံး)ထောင်ထားသည်။ သိန်း(၁၀၀)တိတိ K Pay လွှဲပါ။ ညနေ (၅) နာရီအထိပဲ စောင့်မယ်။ဂမ်အောင် မိန်းကလေးတစ်ယောက်ကို တာဝန်မယူတဲ့ကိစ္စ လိုင်းပေါ်မတင်စေချင်ရင် (၅) နာရီမထိုးခင်လွှဲခဲ့ပါ။ငါတို့လူတွေ အနားမှာရှိတယ် စောင့်ကြည့်နေမယ်။ သတင်းစုံစမ်းရင် ဂမ်းအောင်အကြောင်း လိုင်းပေါ်တင်မယ်။ ID နံပတ်ကို ကားဝပ်ရှော့ တံခါးမှာလဲ အကြီးကြီးရေးပြီးကပ်ထားပါ။ (၅) နာရီမကျော်ချင်ဘူး ” ဟု အဆိုပါခြိမ်းခြောက်စာတွင် ပါရှိသည်။
ထို့အပြင် အိဖြူအောင်အမည်ရှိ (၀၉၇၈၃၀၉၀၀၃၅) K payနံပတ်နှင့် နှင့် ဦးကျော်သူအောင် အမည်ရှိ (၀၉၄၀၂၅၆၆၄၆၆) K Pay နံပတ်တို့အား ငွေကျပ် သိန်း(၅၀) စီခွဲလွှဲရန်ကိုလည်း အဆိုပါ ခြိမ်းခြောက် စာတွင်ပါဝင်သည်။
“အရင်တုန်းကလည်း အခုလို ခြိမ်းခြောက်တာမျိုးတွေရှိခဲ့တယ်။ ငွေသာလွှဲလိုက်ရတယ် ။ တရားခံလည်း မမိခဲ့ဘူး။ ဒီလိုခြိမ်းခြောက်ပြီး ငွေတောင်းတိုင်းသာ ပေးနေရမယ်ဆိုရင် ဒေသခံတွေအတွက် အဆင်မပြေဘူးပေါ့ဗျာ။ အခုဆိုရင် ဒီကိစ္စကို သူ့ခမြာ ဘယ်လိုရှင်းလို့ ရှင်းရမှန်းမသိဖြစ်နေရှာတယ် ” ဟု ဖားကန့်ဒေသခံတစ်ဦးကဆိုသည်။
ပြီးခဲ့သော မေလ ၆ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာတွင် ထိုသို့ ခြိမ်းခြောက်ငွေတောင်းခံမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း (၁၀၀) လွှဲပေးခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္ၿမိဳ႕နယ္၊ဆိုင္းေတာင္တြင္ ၿခိမ္းေျခာက္ေငြညႇစ္မႈျဖစ္ပြား
သက္ပိုင္(NP News) - ဇူလိုင္ ၈
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိုင္းေတာင္ေက်း႐ြာ၊ ရပ္ကြက္ (၃)တြင္ ယေန႔ (ဇူလိုင္လ (၈) ရက္)က ၿခိမ္းေျခာက္ေငြညႇစ္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ဆိုင္းေတာင္ေက်း႐ြာ၊ ရပ္ကြက္ (၃)ရွိ ပိုင္(ကားအပိုပစၥည္းေရာင္းဝယ္ေရး) ဆိုင္တြင္ ဗုံးေထာင္ထားသည္ဟု ၿခိမ္းေျခာက္စာပို႔ကာ ေငြက်ပ္သိန္း(၁၀၀) ေတာင္းခံျခင္းျဖစ္ေၾကာင္း သိရသည္။
“မင္းတို႔ဆိုင္မွာ ဘုံး(ဗုံး)ေထာင္ထားသည္။ သိန္း(၁၀၀)တိတိ K Pay လႊဲပါ။ ညေန (၅) နာရီအထိပဲ ေစာင့္မယ္။ဂမ္ေအာင္ မိန္းကေလးတစ္ေယာက္ကို တာဝန္မယူတဲ့ကိစၥ လိုင္းေပၚမတင္ေစခ်င္ရင္ (၅) နာရီမထိုးခင္လႊဲခဲ့ပါ။ငါတို႔လူေတြ အနားမွာရွိတယ္ ေစာင့္ၾကည့္ေနမယ္။ သတင္းစုံစမ္းရင္ ဂမ္းေအာင္အေၾကာင္း လိုင္းေပၚတင္မယ္။ ID နံပတ္ကို ကားဝပ္ေရွာ့ တံခါးမွာလဲ အႀကီးႀကီးေရးၿပီးကပ္ထားပါ။ (၅) နာရီမေက်ာ္ခ်င္ဘူး ” ဟု အဆိုပါၿခိမ္းေျခာက္စာတြင္ ပါရွိသည္။
ထို႔အျပင္ အိျဖဴေအာင္အမည္ရွိ (၀၉၇၈၃၀၉၀၀၃၅) K payနံပတ္ႏွင့္ ႏွင့္ ဦးေက်ာ္သူေအာင္ အမည္ရွိ (၀၉၄၀၂၅၆၆၄၆၆) K Pay နံပတ္တို႔အား ေငြက်ပ္ သိန္း(၅၀) စီခြဲလႊဲရန္ကိုလည္း အဆိုပါ ၿခိမ္းေျခာက္ စာတြင္ပါဝင္သည္။
“အရင္တုန္းကလည္း အခုလို ၿခိမ္းေျခာက္တာမ်ိဳးေတြရွိခဲ့တယ္။ ေငြသာလႊဲလိုက္ရတယ္ ။ တရားခံလည္း မမိခဲ့ဘူး။ ဒီလိုၿခိမ္းေျခာက္ၿပီး ေငြေတာင္းတိုင္းသာ ေပးေနရမယ္ဆိုရင္ ေဒသခံေတြအတြက္ အဆင္မေျပဘူးေပါ့ဗ်ာ။ အခုဆိုရင္ ဒီကိစၥကို သူ႔ချမာ ဘယ္လိုရွင္းလို႔ ရွင္းရမွန္းမသိျဖစ္ေနရွာတယ္ ” ဟု ဖားကန႔္ေဒသခံတစ္ဦးကဆိုသည္။
ၿပီးခဲ့ေသာ ေမလ ၆ ရက္ေန႔ကလည္း ဆိုင္းေတာင္ေက်း႐ြာတြင္ ထိုသို႔ ၿခိမ္းေျခာက္ေငြေတာင္းခံမႈတစ္ခု ျဖစ္ပြားခဲ့ၿပီး ေငြက်ပ္ သိန္း (၁၀၀) လႊဲေပးခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.