ရွှေညဝါ ဆရာတော် နှင့် စာရေးဆရာ မောင်သာချို တို့ နာရီပိုင်းသာခြား၍ ဆုံးပါး (ပျံလွန်-ကွယ်လွန်)

1784
သုတကျော် (NP News) - ဇူလိုင် ၁၀
ရွှေညဝါဆရာတော် ဦးပညာသီဟ နှင့် စာရေးဆရာ မောင်သာချိုတို့သည် ယနေ့ (ဇူလိုင်လ ၁ဝ ရက်) နံနက်အစောပိုင်း နှင့် နံနက်ပိုင်းတို့တွင် တစ်ရက်တည်း ပျံလွန်၊ ကွယ်လွန်ခဲ့ကြကြောင်း သိရသည်။
အသည်းရောဂါဝေဒနာ ခံစားနေရသော ရွှေညဝါဆရာတော်သည် ဇူလိုင်လ ၁ဝ ရက်၊ နံနက်ပိုင်း ၂ နာရီ ၁၅ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရကာ ပျံလွန်တော်မူချိန်တွင် သက်တော်(၆ဝ)၊ ဝါတော်(၄ဝ) ရှိပြီဖြစ်သည်။
ဆရာတော်၏ ရုပ်ကလပ်တော်ကို မှော်ဘီမြို့ရှိ ရွှေညဝါကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကာ ဈာပနနှင့်ပတ်သက်၍ အသေးစိတ်အစီအစဉ်များကို သိရခြင်း မရှိသေးပေ။
စာရေးဆရာမောင်သာချိုသည်လည်း ယနေ့ (ဇူလိုင်လ ၁ဝ) ရက်၊ နံနက်ပိုင်း ၈ နာရီ အချိန်တွင် ရန်ကုန်မြို့ ရှိ ပင်လုံဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ် ကြောင်း သိရသည်။
စာရေးဆရာ မောင်သာချို ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ စာရေးဆရာ များ နှင့် ပရိတ်သတ်များက ဝမ်းနည်းကြောင်း စာများကို လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် ရေးသားဖော်ပြနေကြသည်။

Zawgyi Version:
ရွှေညဝါ ဆရာတော် နှင့် စာရေးဆရာ မောင်သာချို တို့ နာရီပိုင်းသာခြား၍ ဆုံးပါး (ပျံလွန်-ကွယ်လွန်)
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၀
ေ႐ႊညဝါဆရာေတာ္ ဦးပညာသီဟ ႏွင့္ စာေရးဆရာ ေမာင္သာခ်ိဳတို႔သည္ ယေန႔ (ဇူလိုင္လ ၁ဝ ရက္) နံနက္အေစာပိုင္း ႏွင့္ နံနက္ပိုင္းတို႔တြင္ တစ္ရက္တည္း ပ်ံလြန္၊ ကြယ္လြန္ခဲ့ၾကေၾကာင္း သိရသည္။
အသည္းေရာဂါေဝဒနာ ခံစားေနရေသာ ေ႐ႊညဝါဆရာေတာ္သည္ ဇူလိုင္လ ၁ဝ ရက္၊ နံနက္ပိုင္း ၂ နာရီ ၁၅ မိနစ္အခ်ိန္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ေၾကာင္း သိရကာ ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္(၆ဝ)၊ ဝါေတာ္(၄ဝ) ရွိၿပီျဖစ္သည္။
ဆရာေတာ္၏ ႐ုပ္ကလပ္ေတာ္ကို ေမွာ္ဘီၿမိဳ႕ရွိ ေ႐ႊညဝါေက်ာင္းတိုက္သို႔ ျပန္လည္ပို႔ေဆာင္ခဲ့ကာ ဈာပနႏွင့္ပတ္သက္၍ အေသးစိတ္အစီအစဥ္မ်ားကို သိရျခင္း မရွိေသးေပ။
စာေရးဆရာေမာင္သာခ်ိဳသည္လည္း ယေန႔ (ဇူလိုင္လ ၁ဝ) ရက္၊ နံနက္ပိုင္း ၈ နာရီ အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ ရွိ ပင္လုံေဆး႐ုံႀကီး၌ ကြယ္လြန္ခဲ့ကာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ ေၾကာင္း သိရသည္။
စာေရးဆရာ ေမာင္သာခ်ိဳ ကြယ္လြန္ျခင္းႏွင့္ပတ္သက္၍ စာေရးဆရာ မ်ား ႏွင့္ ပရိတ္သတ္မ်ားက ဝမ္းနည္းေၾကာင္း စာမ်ားကို လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားထက္တြင္ ေရးသားေဖာ္ျပေနၾကသည္။