ဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးပွဲက ဓါးစာခံတွေ လွတ်မြောက်ရေးကို အာရုံစိုက်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

 314

Pika (NP News) - ဇူလိုင် ၁ဝ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့လုပ်ဆောင်ခဲ့တဲ့တွေ့ဆုံဆွေးနွေးမှုဟာ ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံ ထားရတဲ့ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုတွေကို အာရုံစိုက်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့စစ်ဘက်ဆိုင်ရာနဲ့ အစိုးရရဲ့စွမ်းဆောင်ရည်တွေကို ဖယ်ရှားပစ်လိုတဲ့ ၎င်းရဲ့ ဆန္ဒတွေကို နေတန်ရာဟုက အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ နေတန်ရာဟု တို့ဟာ အီရန်အပေါ်ရရှိခဲ့တဲ့ ကြီးမားတဲ့အောင်ပွဲရဲ့အကျိုးဆက်တွေနဲ့ဖြစ်နိုင်ခြေတွေကို ဆွေးနွေးမှုတွေ လုပ်ဆောင် ခဲ့ကြတယ်လို့လည်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိဖို့ နီးစပ်နေပြီလို့ အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နေတန်ရာဟုနဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့ရဲ့ကိုယ်စားလှယ်အဖွဲ့တို့ကြား လုပ်ဆောင်မယ့်ဆွေးနွေးပွဲတွေကို လက်ခံကျင်းပပေးမယ့် ကာတာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ကို နေတန်ရာဟု ရောက်မလာခင် အမေရိကန်အစိုးရ အရာရှိတွေနဲ့တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ချက်ချင်း မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္နဲ႔ေဆြးေႏြးပြဲက ဓါးစာခံေတြ လြတ္ေျမာက္ေရးကို အာ႐ုံစိုက္ခဲ့တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဇူလိုင္ ၁ဝ
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔လုပ္ေဆာင္ခဲ့တဲ့ေတြ႕ဆုံေဆြးေႏြးမႈဟာ ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးခံ ထားရတဲ့ဓါးစာခံေတြ လြတ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းမႈေတြကို အာ႐ုံစိုက္ခဲ့တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕စစ္ဘက္ဆိုင္ရာနဲ႔ အစိုးရရဲ႕စြမ္းေဆာင္ရည္ေတြကို ဖယ္ရွားပစ္လိုတဲ့ ၎ရဲ႕ ဆႏၵေတြကို ေနတန္ရာဟုက အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ေနတန္ရာဟု တို႔ဟာ အီရန္အေပၚရရွိခဲ့တဲ့ ႀကီးမားတဲ့ေအာင္ပြဲရဲ႕အက်ိဳးဆက္ေတြနဲ႔ျဖစ္ႏိုင္ေျခေတြကို ေဆြးေႏြးမႈေတြ လုပ္ေဆာင္ ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိဖို႔ နီးစပ္ေနၿပီလို႔ အေမရိကန္ရဲ႕အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အထူးသံတမန္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ေနတန္ရာဟုနဲ႔ ေဒၚနယ္ထရမ့္တို႔ရဲ႕ေတြ႕ဆုံမႈထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အစၥေရးကိုယ္စားလွယ္အဖြဲ႕နဲ႔ ဟားမက္ လက္နက္ကိုင္အဖြဲ႕ရဲ႕ကိုယ္စားလွယ္အဖြဲ႕တို႔ၾကား လုပ္ေဆာင္မယ့္ေဆြးေႏြးပြဲေတြကို လက္ခံက်င္းပေပးမယ့္ ကာတာကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ဟာ အေမရိကန္ကို ေနတန္ရာဟု ေရာက္မလာခင္ အေမရိကန္အစိုးရ အရာရွိေတြနဲ႔ေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရက ခ်က္ခ်င္း မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.