တရုတ်က တရုတ်(တိုင်ပေ)နဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီ(၈)ခုကို တင်ပို့ခွင့် ပိတ်ပင်

379

Pika (NP News) - ဇူလိုင် ၁ဝ
တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)စစ်တပ်နဲ့ဆက်စပ်နေတဲ့ကုမ္ပဏီ(၈)ခုကို ပို့ကုန်ထိန်းချုပ်မှုတွေ ချမှတ်ခဲ့တယ် လို့ သိရပါတယ်။ တရုတ်(တိုင်ပေ)အစိုးရဟာ ၎င်းရဲ့နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွေကို စတင်လုပ်ဆောင်ချိန်မှာပဲ တရုတ်အစိုးရရဲ့ဒဏ်ခတ်အရေးယူမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ အမျိုးသားနဲ့ဒေသတွင်း လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေအပေါ် ကိုးကားပြီး အာကာသယာဉ်နဲ့ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီတွေ အပါအဝင် တရုတ်(တိုင်ပေ)အခြေစိုက် ကုမ္ပဏီ(၈)ခုကို ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲကို ထည့်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲမှာပါဝင်တဲ့ကုမ္ပဏီတွေထဲမှာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ Aerospace Industrial Development Corporation (AIDC)ကုမ္ပဏီ၊ ဒရုန်းထုတ်လုပ်တဲ့ Jingwei Aerospace Technology Co ကုမ္ပဏီနဲ့ တရုတ်(တိုင်ပေ)ရဲ့အကြီးဆုံး သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ CSBC Corporation တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရက ချမှတ်လိုက်တဲ့စည်းမျဉ်းအသစ်တွေဟာ ချက်ချင်းအသက်ဝင်မှာဖြစ်ပြီး အရပ်ဘက်နဲ့စစ်ဘက် ဆိုင်ရာရည်ရွယ်ချက် နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်တဲ့ပစ္စည်းတွေကို ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲမှာ ပါဝင်တဲ့ ကုမ္ပဏီတွေဆီ တင်ပို့မှုကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်(တိုင်ပေ)အစိုးရက စတင် လုပ်ဆောင်နေတဲ့နှစ်စဉ်စစ်ရေးလေ့ကျင့်မှုဟာ သမိုင်းတစ်လျှောက် အကြီးဆုံးနဲ့အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လုပ်ဆောင်ခဲ့တဲ့စစ်ရေးလေ့ကျင့်ခန်းတွေထက် နှစ်ဆခန့်ပိုကြာမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္က တ႐ုတ္(တိုင္ေပ)နဲ႔ဆက္စပ္ေနတဲ့ ကုမၸဏီ(၈)ခုကို တင္ပို႔ခြင့္ ပိတ္ပင္
Pika (NP News) - ဇူလိုင္ ၁ဝ
တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)စစ္တပ္နဲ႔ဆက္စပ္ေနတဲ့ကုမၸဏီ(၈)ခုကို ပို႔ကုန္ထိန္းခ်ဳပ္မႈေတြ ခ်မွတ္ခဲ့တယ္ လို႔ သိရပါတယ္။ တ႐ုတ္(တိုင္ေပ)အစိုးရဟာ ၎ရဲ႕ႏွစ္စဥ္စစ္ေရးေလ့က်င့္မႈေတြကို စတင္လုပ္ေဆာင္ခ်ိန္မွာပဲ တ႐ုတ္အစိုးရရဲ႕ဒဏ္ခတ္အေရးယူမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
တ႐ုတ္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနဟာ အမ်ိဳးသားနဲ႔ေဒသတြင္း လုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈေတြအေပၚ ကိုးကားၿပီး အာကာသယာဥ္နဲ႔ သေဘၤာတည္ေဆာက္ေရးကုမၸဏီေတြ အပါအဝင္ တ႐ုတ္(တိုင္ေပ)အေျခစိုက္ ကုမၸဏီ(၈)ခုကို ပို႔ကုန္ထိန္းခ်ဳပ္မႈစာရင္းထဲကို ထည့္သြင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ပို႔ကုန္ထိန္းခ်ဳပ္မႈစာရင္းထဲမွာပါဝင္တဲ့ကုမၸဏီေတြထဲမွာ ကာကြယ္ေရးပစၥည္းထုတ္လုပ္တဲ့ Aerospace Industrial Development Corporation (AIDC)ကုမၸဏီ၊ ဒ႐ုန္းထုတ္လုပ္တဲ့ Jingwei Aerospace Technology Co ကုမၸဏီနဲ႔ တ႐ုတ္(တိုင္ေပ)ရဲ႕အႀကီးဆုံး သေဘၤာတည္ေဆာက္ေရးကုမၸဏီ CSBC Corporation တို႔ ပါဝင္တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္အစိုးရက ခ်မွတ္လိုက္တဲ့စည္းမ်ဥ္းအသစ္ေတြဟာ ခ်က္ခ်င္းအသက္ဝင္မွာျဖစ္ၿပီး အရပ္ဘက္နဲ႔စစ္ဘက္ ဆိုင္ရာရည္႐ြယ္ခ်က္ ႏွစ္မ်ိဳးစလုံးအတြက္ အသုံးျပဳႏိုင္တဲ့ပစၥည္းေတြကို ပို႔ကုန္ထိန္းခ်ဳပ္မႈစာရင္းထဲမွာ ပါဝင္တဲ့ ကုမၸဏီေတြဆီ တင္ပို႔မႈကို တားျမစ္ထားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)အစိုးရက စတင္ လုပ္ေဆာင္ေနတဲ့ႏွစ္စဥ္စစ္ေရးေလ့က်င့္မႈဟာ သမိုင္းတစ္ေလွ်ာက္ အႀကီးဆုံးနဲ႔အရွည္ၾကာဆုံး စစ္ေရးေလ့က်င့္မႈ တစ္ခုျဖစ္လာမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က လုပ္ေဆာင္ခဲ့တဲ့စစ္ေရးေလ့က်င့္ခန္းေတြထက္ ႏွစ္ဆခန႔္ပိုၾကာမွာ ျဖစ္တယ္ လို႔လည္း သိရပါတယ္။